အောင်မြင်ဖို့အတွက် စတေးရတာတွေ ရှိပါတယ်။ လူ့အသိုင်းအဝိုင်းမှာ အောင်မြင်မှုတွေ အလီလီ ရနေပါတယ်ဆိုတဲ့သူတွေဟာ မရခင် အရင်စွန့်လွှတ်ခဲ့ရတာမှ အများကြီးပါပဲ။ အခုပြောမယ့် အရာတွေက အောင်မြင်ဖို့အတွက် ဆက်မလုပ်ရမယ့်အရာတွေ ။ တစ်နည်းအားဖြင့် အပြီး နှုတ်ဆက်ချန်ခဲ့ရမယ့် အချက်တွေအကြောင်း ဖြစ်ပါတယ်။
(၁) အမြဲခေါင်းမငြိမ့်နဲ့

Photo: Freepik
သဘောကောင်းတာမှာ အပြစ်ပြောစရာမရှိပါဘူး။ ဒါပေမယ့် လူတိုင်းပြောသမျှ Yes လုပ်ပြီး ခေါင်းငြိမ့်လိုက်လို့ ဘယ်ဖြစ်မလဲ။ သဘောထား မှန်ကန်ပြီး ရှေ့ရေး နောက်ရေး အမြော်အမြင်ရှိသူတွေဟာ Yes နဲ့ No ကို ဘယ်လိုသုံးရမလဲ ကောင်းကောင်း သိသူတွေ ဖြစ်ပါတယ်။
(၂) အချိန်မဆွဲနဲ့

Photo: Freepik
အောင်မြင်ချင်ရင် နိုးကြားထကြွမှုအပြည့် ရှိဖို့ လိုပါတယ်။ လုံ့လကြီးပြီး ဝီရိယအားကောင်းသူဟာ အထိုက်အလျောက် နေရာရမှာ အမှန်ပါပဲ။ အချိန်ဆွဲတာဟာ ကိုယ့်ရဲ့ တိုးတက်နိုင်မယ့် အလားအလာတွေကို နောက်ကနေ ဆွဲထားခြင်း တစ်မျိုးလည်း ဖြစ်ပါတယ်။
(၃) မဆင်မခြင် မလုပ်နဲ့

Photo: Freepik
စဉ်းစားချိန်ဆမှု မရှိဘဲ စွန့်စားခြင်းဟာ မိုက်မဲခြင်းလို့ ခေါ်နိုင်ပါတယ်။ စီးပွားရေးပဲ လုပ်လုပ် ၊ လူတွေနဲ့ပဲ ဆက်ဆံဆက်ဆံ သေချာချင့်ချိန်မှုအပြည့် ရှေ့ထားမှ ဆုံးရှုံးနိုင်ခြေနည်းပြီး အောင်မြင်ဖို့ အခွင့်အလမ်းများမှာပါ။
(၄) ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ဖို့ မမေ့နဲ့

Photo: Freepik
တစ်နေ့ထက် တစ်နေ့ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲကတိပေးပါ။ ကိုယ့်ကို တွေဝေစေတဲ့ အရာတွေ စွန့်လွှတ်ပါ။ ယုံကြည်မှုတွေ တည်ဆောက်ပါ။ ကိုယ့်အရည်အချင်းကို မြှင့်နိုင်မယ့် လူတွေနဲ့ ပေါင်းသင်းပါ။ အချိန်ရသရွေ့ ကိုယ့်ကိုယ်ကိုယ် တိုးတက်မယ့် လမ်းရှာနေသူဟာ တိုးတက်မယ့်လမ်းပေါ် တစ်နေ့ ရောက်မှာ အမှန်ပါပဲ။
