တစ်ချို့လူတွေ ကားစီးရင် မူးတက်ပါတယ်။ တစ်ချို့တွေဆိုရင် စီးရမယ့်ကားမြင်တာနဲ့ကို အန်ချင်သလိုလိုတွေ ဖြစ်လာတက်ပါတယ်။ တစ်ချို့တွေ ကားမူးတက်လွန်းလို့ ခရီးသွားဖို့ကို အချိန်အကြာကြီး စဉ်းစားယူရတက်ကြတယ်။ မပူပါနဲ့ ကားစီးရင် မမူးအောင် လေ့ကျင့်ယူလို့ရပါတယ်။

Kwee page က ဒီနေ့ ကားမူးတက်သူတွေအတွက် နည်းလမ်းကောင်းလေးတွေကို ပြောပြပေးသွားမှာပါ။

အိပ်ရေးဝအောင်အိပ်ပါ

Source: CDC

ခရီးမသွားခင်မှာ အိပ်ရေးဝအောင်အိပ်တာကလည်း ကားမူးတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခရီးမသွားခင်မှာ အိပ်ရေးလေးဝဝအိပ်ပေးပါ။

အစာစားထားပါ

Source: Well+Good

ကားမစီးခင် အစားကို သင့်ရုံသားစားပါ။ ဗိုက်ဟောင်းလောင်းက ကားပိုမူးစေသလို အရမ်းကြီး ဗိုက်တင်းနေရင်လည်း ကားမူးတတ်ပါတယ်။ နောက်တစ်ခုက အနံ့ပြင်းပြီး အဆီများတဲ့ အစားအသောက်တွေကို ရှောင်ဖို့လိုပါတယ်။

ရေသောက်ပါ

Source: Roberts Toyota

တစ်ချို့လူတွေကခရီးသွားတဲ့အခါ ဆီးသွားချင်မှာကို စိုးပြီး ရေမသောက်ဘဲ နေတာမျိုးတွေရှိပါတယ်။ ရေမသောက်ပဲ မနေပါနဲ့။ ရေကို လိုအပ်သလောက်တော့ သောက်ပါ။ ခရီးသွားရင်လည်း အလွယ်တကူရေသောက်ဖို့ ရေဗူးလေးအဆင်သင့်ယူသွားပါ။ ကားမူးလာပြီဆိုရင် ရေနည်းနည်းသောက်လိုက်ပါ။ သက်သာသွားပါလိမ့်မယ်။

ပီကေဝါးပါ

Source: Medical News Today

ခရီးသွားရင် ကားမူးမှာကြောက်တတ်သူတွေအတွက် အကောင်းဆုံး စားစရာတခုကတော့ ပီကေပါ။ ကားစီးနေချိန်မှာ ပီကေဝါးပေးတာက ကားမူးတာကို မဖြစ်အောင်ကာကွယ်ပေးသလို ကားမူးနေရင်လည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကားမူးတတ်ရင် ပီကေဝါးပါ။

ဆေးသောက်ပါ

Source: Wall Street Journal

ကားမူးတက်သူတွေ ခရီးဝေးသွားရမယ်ဆိုရင်တော့ ကားမူးပျောက်ဆေးသောက်သွားတာ အကောင်းဆုံးပါ။ အရင်တုန်းက ကားမူးပျောက်ဆေးဆိုတာ မသိခဲ့ပေမယ့် ကားစီးပါများတဲ့အခါ အခြားသူပြောတာတွေကြားပြီး ကားမူးပျောက်ဆေးရှိတယ်ဆိုတာ သိလာပါလိမ့်မယ်။ ဆေးသောက်တဲ့အခါမှာ ဆေးကဒ် ရပ်လွန်မလွန် သေချာစစ်ဆေးကြည့်ဖို့ အကြံပေးချင်ပါတယ်။