ကိုယ်လုပ်နေရတဲ့အလုပ်ကို မကြိုက်နှစ်သက်တဲ့သူတွေ ရုံးအလုပ်လုပ်ရတာကို ပျင်းရိနေတဲ့သူတွေ အများကြီး ရှိပါတယ်။ ပြီးတော့ ပရိသတ်တွေ ရှိတယ်လို့ လုံးဝမထင်ထားတဲ့ အလုပ်ကိုလုပ်ကိုင်နေတဲ့ လူတစ်ချို့လည်း ရှိနေပါသေးတယ်။
ဒီနေ့ kwee page က ထူးထူးဆန်းဆန်း အလုပ်အကိုင်တွေအကြောင်း ပြောပြပေးသွားမှာပါ။
ပရော်ဖက်ရှင်နယ် ပွေ့ဖက်နှစ်သိမ့်ပေးသူ

Source: Bright Side
ဟုတ်ပါတယ်။ ပွေ့ဖက်နှစ်သိမ့်ပေးမူ လိုအပ်နေသူတွေအတွက် ပရော်ဖက်ရှင်နယ် ပွေ့ဖက်နှစ်သိမ့်ပေးသူ တွေရှိပါတယ်။ တစ်ချို့ ကုမ္ပဏီတွေက လိုအပ်နေသူတွေအတွက် အလွန်သာယာဖွယ်ကောင်းတဲ့ ပွေ့ဖက်နှစ်သိမ့်ပေးမှုကို ပေးနေတယ်လို့ကြားရင် သင်အံ့ဩသွားပါလိမ့်မယ်။ ဒီအလုပ်လုပ်ကိုင်နေသူတွေဟာ တစ်နာရီကို ဒေါ်လာ (၆၀-၈၀) အထိရရှိနေကြပါတယ်။
ရေငုပ်ပြီး ဂေါက်သီးဆယ်တဲ့အလုပ်

Source: Bright Side
တကယ်လို့ သင်သာ ရေကူးရတာ နှစ်သက်တဲ့သူဆိုရင်တော့ သင့်အတွက် ပိုက်ဆံရတဲ့ အလုပ်အကိုင်တခု မိတ်ဆက်ပေးချင်ပါတယ်။ ဒီအလုပ်ကတော့ ရေငုပ်ပြီး ဂေါက်သီးဆယ်တဲ့အလုပ်ပါပဲ။ ရေကန်အောက်ခြေမှာ နှစ်မြုပ်နေတဲ့ ဂေါက်သီးတွေကို လိုက်ပြီး ဆယ်ယူရတာပါ။ ကြားရတာ ပျော်စရာကြီး လို့ထင်ပေမယ့် တစ်ချို့ ရေကန်တွေက ထိန်းသိမ်းမှု မရှိတာကြောင့် ညစ်ပတ်နေတက်ပြီး တခါတလေ မြွေတွေနဲ့ ကြုံရတက်ပါသေးတယ်။
ပရော်ဖက်ရှင်နယ် သတို့သမီးအရံ

Source: Wedding Ideas Magazine
ဟုတ်ပါတယ်။ သတို့သမီးအရံ လုပ်ပြီး ဝင်ငွေရှာတဲ့ အလုပ်အမှန်တကယ်ရှိနေပါတယ်။ မင်္ဂလာအခမ်းအနားကို စီစဉ်ထားတဲ့ အတိုင်းအတိအကျဖြစ်ဖို့ သတို့သမီးတွေကို အစစအရာရာကူညီပေးမယ့် သတို့သမီးအရံလုပ်ငန်းရှိပါတယ်။ မင်္ဂလာဆောင်ကိုသွားရတာ အလုပ်တစ်လုပ်လို ဖြစ်နေတဲ့ ခေတ်ကြီး မှာ သတို့သမီးအရံ အလုပ်လုပ်ပြီး ငွေရှာလို့လည်းရပါသေးတယ်။
အိမ်မွေး တိရိစ္ဆာန်အစာ မြည်းစမ်းတဲ့အလုပ်

Source: Bright Side
အိမ်မွေး တိရိစ္ဆာန်တွေက လူတွေရဲ့ အကောင်းဆုံးတော့ မိတ်ဆွေသူငယ်ချင်းတွေပါ။ သူတို့ကို အရသာရှိပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေ ကျွေးမွေးဖို့ လိုအပ်ပါတယ်။ မပူပါနဲ့ အိမ်မွေး တိရိစ္ဆာန်အစာ မြည်းစမ်းတဲ့သူကိုသာ ခေါ်လိုက်ပါ။ ဒီအလုပ်က တကယ်ရှိပါတယ်။ သူတို့တွေက အိမ်မွေး တိရိစ္ဆာန်တွေစားမယ့် အစားအစာတွေ ရဲ့အရသာနဲ့ အရည်အသွေးပြည့်မှီခြင်း ရှိမရှိ စစ်ဆေးပေးကြရပါတယ်။
မြွေဆိပ်ထုတ်သူ

Source: Somag News
မြွေဆိပ်ဆိုတာကို ကျွန်တော်တို့က ကြောက်လို့ ရှောင်ရှားကြပေမယ့် မြွေဆိပ်ဖြေဆေး ထုတ်ဖို့ ဆေးဝါးသုတေသနပြုတဲ့နေရာမှာ ဒီမြွေဆိပ်ကအရေးပါပါတယ်။ မြွေဆိပ်ထုတ်ပေးတဲ့သူတွေက အဆိပ်ပြင်းမြွေတွေရဲ့ ခံတွင်းထဲက မြွေဆိပ်ကို ခဲရာခဲဆစ်ထုတ်ပြီး ပိုက်ဆံရှာကြရပါတယ်။
တန်းစီတဲ့အလုပ်

Source: MoneyMagpie
တန်းစီရတာကို မနှစ်သက်တဲ့သူတွေအတွက် အဖြေတခုရှိနေပါတယ်။ ဒါကတော့ တန်းစီတဲ့အလုပ်လုပ်ကိုင်တဲ့လူတွေပါပဲ။ သူတို့တွေဟာ အခကြေးငွေယူပြီး သင့်အစား တန်းစီပေးပါလိမ့်မယ်။ ဒီလူတွေက ကုန်ပစ္စည်းမိတ်ဆက်ပွဲတို့လို ဂီတပွဲလက်မှတ် တို့လို အချိန်အကြာကြီး စောင့်ဆိုင်းရတဲ့ အလုပ်တွေအတွက် တန်းစီစောင့်ပေးသူတွေပါ။
