အမိုက်စား Hairstyle ထားချင်တယ်ဆိုရင် အရင်ဆုံး စိတ်ကြိုက်ပုံသွင်းလို့ရမယ့် ဆံပင်အရှည်တော့ ထားဖို့ လိုပါတယ်။ ဆံပင်အရှည်ထားတာဟာ အချိန်ပေးရပါတယ်။လူတစ်ယောက်ရဲ့ ဆံပင်ဟာ ပျမ်းမျှအားဖြင့် တစ်လမှ လက်မဝက်ပဲ ရှည်လာတာပါ။ တကယ်တော့ သဘာဝထက် ဆံပင်ကို အရှည်မြန်အောင် လုပ်ဖို့ မလွယ်ပါဘူး။ တစ်ခုပါပဲ။ ဆံပင်ရဲ့ သန်စွမ်းကျန်းမာမှုကို ပံ့ပိုးပေးပြီး ဆံပင်အရှည်မြန်လာစေဖို့ပါ။ ကဲ ဘယ်လိုနည်းတွေလည်း ကြည့်လိုက်ရအောင်။
(၁) ဒါတွေ စားပါ
Photo: Freepik
ဦးရေပြားကျန်းမာသန်စွမ်းရင် ဆံပင်အားဖြည့်ပေးနိုင်ပါတယ်။ ဦးရေပြားမခြောက်အောင် ရေ အနည်းဆုံး ၂ လီတာ ပုံမှန်သောက်ပေးပါ။ ပရိုတိန်းဓါတ် ဖြည့်တင်းပါ။ အသားရှောင်တဲ့သူတွေဆိုရင် အစေ့အဆံ ၊ ပဲတောင့်နဲ့ တိုဖူးလို အပင်ထွက် ပရိုတိန်းပါတာတွေ စားပေးဖို့ လိုပါတယ်။ နောက်တစ်ခုက Biotin ကြွယ်ဝတဲ့ ဆယ်လ်မွန် ၊ ကမာ ၊ ထောပတ်သီးတွေစားပေးသင့်သလို ဆံပင်နဲ့ ဦးရေပြား ကျန်းမာဖို့ လိုအပ်တဲ့ ဗိုက်တာမင်စီပါတဲ့ အစားအသောက်တွေ စားပေးပါ။ အာဟာရပြည့်ဝတဲ့မနက်စာကို စားပေးဖို့လည်း မမေ့သင့်ပါဘူး။
(၂) ရေချိုးတဲ့ပုံစံ ပြင်ပါ
Photo: Freepik
သိပ်အေးတဲ့ ရေနဲ့ ချိုးတာဟာ ဆံပင်ဆဲလ်တွေဆီ သွားတဲ့ အာဟာရဓါတ်တွေ မရောက်အောင် ပိတ်ဆို့ရာ ရောက်သလို အရေပြား မျက်နှာပြင်ပေါ်ကနေ အညစ်အကြေးစွန့်ပစ်ဖို့ပါ ခက်သွားစေနိုင်ပါတယ်။ ပုံမှန်ရေခပ်နွေးနွေးပဲ ကောင်းပါတယ်။
ခေါင်းလျှော်ချိန်မှာလည်း Shampoo သုံးစွဲမှု လျှော့ပါ။ Conditioner ပိုသုံးပါ။ ရေချိုးပြီးလို့ ခေါင်းရေသုတ်ချိန်မှာ မျက်နှာသုတ် Towel အနုစားနဲ့ ခြောက်အောင် သုတ်ပါ။ ခေါင်းရေစိုနေချိန် ဘီးတို့ ဘရက်ရှ်တို့နဲ့ မဖြီးဖိူ့ လိုပါတယ်။
(၃) လေ့ကျင့်ခန်းတွေ လုပ်ပါ
Photo: Freepik
ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းဟာ သွေးလည်ပတ်မှုကောင်းပြီး အောက်ဆီဂျင်စီးဆင်းမှု မြင့်မားစေပါတယ်။အောက်ဆီဂျင်ပို့ဆောင်မှု များခြင်းဟာ ဦးရေပြားနဲ့ ဆံသားဆဲလ်တွေ ကျန်းမာဖွံ့ဖြိုးအောင် ပံ့ပိုးပေးနိုင်ပါတယ်။ တစ်ပတ်ကို ၃ ရက် ၊ တစ်ရက်ကို အနည်းဆုံး နာရီဝက်လောက် Cardio ကစားပေးသင့်ပါတယ်။
(၄) နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါ
Photo: Freepik
အိပ်ရေးဝဝ အိပ်ခြင်းဟာ အစားကောင်းကောင်း စားတာလိုပါပဲ ဇီဝကမ္မဖြစ်စဉ်အတွက် လောင်စာထည့်ပေးလိုက်တာ ဖြစ်ပါတယ်။ တစ်ည ၇ နာရီ ၈ နာရီ နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်တာဟာ ခန္ဓာကိုယ်ကို ဝပ်ရှော့ပို့ပြီး ပြုပြင်ပေးလိုက်သလိုပါပဲ။ အိပ်ရေးဝအောင် အိပ်လေလေ ဆဲလ်သစ်တွေ မွေးထုတ်မှု အရှိန်မြင့်လာစေနိုင်ပါတယ်။