မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းမှာရလဒ်တွေ ဆိုးရွားနေတဲ့ ဆိုးလ်ရှားနေရာမှာ အစားထိုးဖို့အတွက် စပါးနည်းပြဟောင်း ပိုချက်တီနိုကို ဆက်သွယ်မှုတွေ ပြုလုပ်နေကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။

Source: TeamTalk
အခုသတင်းကတော့ အိမ်ကွင်း အို့ထရက်ဖိုဒ်တွင် စပါးအသင်းကို (၁-၆) ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ မန်ယူအသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲကစားရာတွင် ဘရိုက်တန်အသင်းကိုသာ အဝေးကွင်း၌ အနိုင်ရထားပြီး ပဲလေ့စ်အသင်းကို အိမ်ကွင်း၌ (၁-၃) ဂိုး၊ စပါးအသင်းကို အိမ်ကွင်း၌ (၁-၆) ဂိုးဖြင့် ရှုံးနိမ့်ထားပါတယ်။

Source: TalkSport
Daily Star ရဲ့ဖော်ပြချက်အရ မန်ယူအသင်း တန်းတာဝန်ရှိသူတွေဟာ ပိုချက်တီနို၏ကိုယ်စားလှယ်ကို ဆက်သွယ်ပြီးတော့ နည်းပြရာထူးကို စိတ်ဝင်စားခြင်းရှိမရှိ မေးမြန်းနေကြောင်း သိရပါတယ်။ နာမည်ကြီး လောင်းကစားဒိုင်တွေရဲ့ အလေးပေးမှုအရ မန်ယူအသင်း နည်းပြသစ်ဖြစ်လာရန် ပိုချက်တီနိုက ၉:၅ ဖြင့် ရေပန်းအစားဆုံးဖြစ်နေပြီး ဂျူဗင်တပ်စ်အသင်းနည်းပြဟောင်း အယ်လီဂရီက ၇:၁ ဖြင့် ဒုတိယနေရာ ရပ်တည်နေပါတယ်။

Source: Daily Star
မန်ယူအသင်းဟာ ကစားသမား အားဖြည့်ခေါ်ယူမှုမှာ ထင်သလောက် မဖြစ်မြောက်တာကြောင့် အသင်းပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံနေရတာပါ။ မန်ယူအသင်းရဲ့ ကစားသမားခေါ်ယူမှုမှာ တာဝန်အရှိဆုံးဖြစ်တဲ့ Ed Woodward ဟာလည်း ပရိသတ်တစ်ချို့ရဲ့ စာပေးခြိမ်းခြောက်မှုတွေကို ခံနေရတာကြောင့် လုံခြုံရေးတိုးမြှင့်ခံထားရတယ်လို့ သိရပါတယ်။

Source: The Week UK
မန်ယူအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်တွင် ကာဗာနီအပါအဝင် ကစားသမားသစ်လေးဦးအထိ ခေါ်ယူခဲ့သည်။ ပြောင်းရွှေ့ကြေး အလွတ်ခေါ်ယူခွင့်ရခဲ့တဲ့ ကာဗာနီ (၃၃ နှစ်) ကို တစ်နှစ်သက်တမ်းအပြင် တစ်နှစ် ထပ်မံတိုးမြှင့်နိုင်သည့်စာချုပ် ချုပ်ဆိုထားပါတယ်။
