ကိုဗစ်ကာလမှာ အလုပ်အများစုဟာ ကိုယ့်အိမ်ကနေ လုပ်လာရပြီ ဖြစ်ပါတယ်။ New Normal လူမှုပုံစံသစ်မှာ အိမ်မှာနေရင်း အလုပ်လုပ်ရတဲ့ Work From Home စနစ် ပြောင်းသွားပြီးနောက် ဝန်ထမ်းတွေဟာလည်း ပုံစံသစ်မှာ လိုအပ်တဲ့ Skills သစ်တွေ ဖြည့်ရတော့မှာပါ။ ဘယ်လိုမျိုး Skills တွေလဲဆိုရင်တော့ –
(၁) အလုပ်ချိန်စီမံမှု

Photo: Freepik
အိမ်ကနေ အလုပ်လုပ်ရတာဟာ ရုံးတက်ရုံးဆင်းလို မရိုးရှင်းတော့ပါဘူး။ အိမ်က မိသားစုနဲ့ အလုပ်ကို ဟန်ချက်မျှအောင် ထိန်းပြီး အလုပ်လုပ်ရတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ကိုယ့်ရဲ့ Workload ကို ကောင်းကောင်း Manage လုပ်ထားဖို့က မရှိမဖြစ် အရေးကြီးတဲ့ Skills တစ်ခုပါပဲ။
(၂) နည်းပညာဗဟုသုတ

Photo: Freepik
Work From Home မှာ အလုပ်တွေဟာ Remote Workplace ဖြစ်လာပြီး အင်တာနက်ပေါ်ကနေပဲ အလုပ်လုပ်ရတာပါ။ ဒါ့ကြောင့် နည်းပညာပိုင်းဆိုင်ရာ အထွေထွေဗဟုသုတတွေ မရှိရင် အိမ်ကနေ အလုပ်လုပ်ရတာ ခက်ခဲလာပါလိမ့်မယ်။ ရုံးက လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်အတူ လုပ်နိုင်မယ့် Slack လို ပလက်ဖောင်းတွေ နဲ့ Google Drive တို့လို Document Sharing နည်းလမ်းတွေ သိထားဖို့ လိုပါတယ်။
(၃) ဆက်သွယ်ရေး

Photo: Freepik
အပေါ်မှာ ပြောခဲ့သလိုပါပဲ။ WFH ကာလမှာ အချင်းချင်းဆက်သွယ်ဖို့ အင်တာနက်ကို အားကိုးရပါတယ်။ အင်တာနက်ပေါ်က ရုပ်သံခေါ်ဆိုမှုတွေ လုပ်ရပါတယ်။ အီးမေးလ်တွေ Telegram မက်ဆေ့ပို့စနစ်တွေ သုံးရပါတယ်။ ဆက်သွယ်ရေးဟာ အိမ်ကနေ အလုပ်လုပ်နေရတဲ့ လုပ်ငန်းခွင်တစ်ခုကို ထိရောက်မှုရှိစေဖို့ အရေးကြီးဆုံးအချက်ထဲမှာ ပါပါတယ်။
(၄) လိုက်လျောညီထွေရှိခြင်း

Photo: Freepik
အလုပ်နဲ့ဘဝ ဟန်ချက်မျှဖို့ဆိုတာ သိပ်ကို အရေးကြီးပါတယ်။ Work-Life Balance မရှိရင် အဓိပ္ပါယ်ပြည့်ဝပြီး ပျော်ရွှင်ကြည်လင်တဲ့သူ ဖြစ်လာမှာမဟုတ်ပါဘူး။ အခုလို ရောဂါဘေးတွေကြောင့် စိုးရိမ်သောကများနေရချိန်မှာ အိမ်ကနေ အလုပ်လုပ်ရင်း မိသားစုကိုလည်း ဂရုစိုက်ဖို့ လိုသလို ကိုယ်ကိုယ်တိုင်လည်း ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းဖို့ပါ အချိန်ပေးရမှာပါ။
အလုပ်လုပ်ရင်း တိုးတက်အောင်မြင်ဖို့အတွက် Skills တွေ အများကြီး လိုပါတယ်။ အခုပြောခဲ့တဲ့ အချက်တွေကတော့ Work From Home အလုပ်လုပ်သူတွေ အဆင်ပြေပျော်ရွှင်တဲ့ လုပ်ငန်းခွင်နေ့ရက်လေးတွေ ပိုင်ဆိုင်ဖို့ အရေးတကြီးလိုအပ်တဲ့ အခြေခံအချက်တွေပဲ ဖြစ်ပါတယ်။
