Forbes မဂ္ဂဇင်းရဲ့ အချက်အလက်တွေအရ ဒီနေ့အချိန် ကမ္ဘာပေါ်မှာ ဘီလျံနာဦးရေ ၂၁၅၃ ဦးအထိ ရှိတယ်လို့ ဆိုပါတယ်။ ဘီလျံနာတွေဟာ သူတို့ရဲ့ ဧရာမဓနဥစ္စာတွေကို တန်ဖိုးကြီးဇိမ်ခံအိမ်ကြီးတွေ ၊ Private Jet လေယာဉ်တွေ ဝယ်စုလေ့ရှိသလို တစ်ချို့တွေကလည်း အားကစားအသင်းဝယ် ထောင်ကြပါတယ်။ NBA လို ဘက်စကတ်ဘောကနေ အင်္ဂလန်ပရီမီးယားလိဂ်အထိ ဝါသနာအလျောက် ဝယ်ထားတဲ့ ဘီလျံနာတွေ အများကြီး ရှိပါတယ်။ ဒီလို ဘီလျံနာတွေထဲကမှ ကမ္ဘာပေါ်က အချမ်းသာဆုံး အားကစားအသင်းပိုင်ရှင် ၅ ဦးအကြောင်း ပြောပြချင်ပါတယ်။

(၁) မူကတ်ချ်အမ်ဘာနီ

Photo: insidesport

အိန္ဒိယရဲ့ အချမ်းသာဆုံးသူဌေးကြီး မူကတ်ချ်အမ်ဘာနီဟာ ဆေးဝါး ၊ လောင်စာဆီနဲ့ တယ်လီကွန်းလုပ်ငန်းစုကြီးတွေ ပိုင်ဆိုင်ပါတယ်။ သူဟာ Mumbai Indians ခရစ်ကတ်အသင်းကို ပိုင်ဆိုင်ပါတယ်။ အာရှမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး စက်တင်ဘာလအထိ သူ့ရဲ့ချမ်းသာမှုဟာ ဒေါ်လာ ၈၈.၈ ဘီလျံရှိပါတယ်။ ကမ္ဘာပေါ်က ပဉ္စမမြောက်အချမ်းသာဆုံး ဘီလျံနာလည်း ဖြစ်ပါတယ်။

(၂) စတိဗ်ဘောမား

Photo: sportscasting

စတိဗ်ဘောမားဟာ ကမ္ဘာ့အကြီးဆုံး ဆော့ဖ်ဝဲလ်ကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Microsoft ကို ဘီလ်ဂိတ်စ်နဲ့အတူ တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ Microsoft ရဲ့ ဒုတိယအကြီးဆုံး ရှယ်ယာရှင်လည်း ဖြစ် ၊ ဒေါ်လာ ၅၂.၇ ဘီလျံ ချမ်းသာတဲ့ သူဟာ အမေရိကန်ပရော်ဖက်ရှင်နယ် ဘက်စကတ်ဘောအသင်းဖြစ်တဲ့ Los Angeles Clippers အသင်းကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

(၃) ဖရန်ကိုစ္စပီးနော့တ်

Photo: alux

ပြင်သစ်ဘီလျံနာတစ်ဦးဖြစ်တဲ့ ဖရန်ကိုစ္စပီးနော့တ်ဟာ တန်ဖိုးကြီးဇိမ်ခံပစ္စည်းတွေ ထုတ်လုပ်တဲ့ Kering Group နဲ့ ရင်းနှီးမြှပ်နှံမှုကုမ္ပဏီ Artemis တို့ကို တည်ထောင်ထားသူပါ။ လက်ရှိအချိန် သူ့ရဲ့ အသားတင်ကြွယ်ဝမှုဟာ ဒေါ်လာ ၄၄.၃ ဘီလျံရှိပါတယ်။ ဒီဘီလျံနာဟာ ပြင်သစ်ဘောလုံးအသင်း Stade Rennais FC ကို ပိုင်ဆိုင်ထားပါတယ်။

(၄) ဒိုင်းထရစ်မိတ်စ်ရှဟစ်ဇ်

Photo: fazemag

ဩစတြေးလျဘီလျံနာတစ်ဦးဖြစ်တဲ့ ဒိုင်းထရစ်ဟာ Red Bull အချိုရည်ကုမ္ပဏီရဲ့ ရှယ်ယာ ၄၉% ပိုင်ဆိုင်တဲ့ ပူးတွဲတည်ထောင်သူ ဖြစ်ပါတယ်။ ဒေါ်လာ ၂၇.၅ ဘီလျံ ကြွယ်ဝတဲ့သူဟာ New York Red Bulls အမေရိကန်ဘောလုံးအသင်း ၊ ဖော်မြူလာဝမ်းပြိုင်ကားအသင်းဖြစ်တဲ့ Red Bull Racing နဲ့ အီတလီဖော်မူလာဝမ်းပြိုင်ကားအသင်း Scuderia Alpha Tauri တို့ကို ပိုင်ဆိုင်ထားပါတယ်။

(၅) ဟတ်ဆို ပလတ်နာ

Photo: Chat Sports

ဂျာမန်ဆော့ဖ်ဝဲလ်ကုမ္ပဏီ SAP SE ကို ပူးတွဲတည်ထောင်ခဲ့တဲ့ ဘီလျံနာ ဟတ်ဆို ပလတ်နာဟာ ဒေါ်လာ ၁၇ ဘီလျံခန့် ကြွယ်ဝပါတယ်။ သူပိုင်တဲ့ အားကစားအသင်းကတော့ San Jose Sharks ဆိုတဲ့ ရေခဲပြင်ဟော်ကီအသင်းပဲ ဖြစ်ပါတယ်။