ဒီနေ့ခေတ်မှာ လူတိုင်းဟာ စိတ်ဖိစီးမှုနဲ့ အတူ နေထိုင်နေကြတာပါ။ ဒါကြောင့် စိတ်ဖိစီးမှုဟာ သိပ်ပြီးအဆန်းမဟုတ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် Stress သိပ်များလာရင်တော့ အန္တရာယ်ရှိတာပါပဲ။ လူအတော်များများဟာ စိတ်ဖိစီးမှုများလာရင် အခုပြောတဲ့ အမှားတွေ လုပ်မိတတ်ပါတယ်။ ဒီလိုအမှားတွေကို စိတ်ဖိစီးနေချိန်မှာ မလုပ်ဘဲ ရှောင်ကြဉ်နိုင်ဖို့ ဖြစ်ပါတယ်။

(၁) အရက်သေစာ သောက်စားခြင်း

Photo: Freepik

စိတ်တွေ မွန်းကြပ်လို့ လွတ်မြောက်အောင်ဆိုပြီး အရက်သေစာနဲ့ မူးယစ်ဆေးဝါးသုံးတာမျိုး ဘယ်တော့မှ မလုပ်မိဖို့ လိုပါတယ်။ အရက်ဟာ ပင်ကိုယ်စိတ်ပြောင်းလဲစေပြီး အမှားတွေချည်း လုပ်မိအောင် တွန်းပို့နိုင်ပါတယ်။ စိတ်ဖိစီးနေချိန်မှာ ကိုယ့်ကိုယ်ကိုယ် စိတ်တည်ကြည်အောင် တည်ဆောက်ဖို့ ပိုပြီး အချိန်ပေးရမှာပါ။

(၂) ကိုယ့်ကိုယ်ကိုယ် ဖိအားပေးလွန်းခြင်း

Photo: Freepik

Stress များနေတဲ့သူတွေဟာ Self-Blaming လုပ်မိတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းဟာ စိတ်ဖိစီးမှုဝဲကနေ ခုန်ထွက်ဖို့ နည်းလမ်းမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် Pressure များစေမယ့် လုပ်ရပ်တွေ လျှော့ပါ။ တစ်ခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် မနှိုင်းယှဉ်ပါနဲ့။ စိတ်ပင်ပန်းစေမယ့် အတွေးတွေ ဖျောက်ပစ်ပါ။

(၃) အဆိုးမြင်သူတွေနဲ့ တွေ့ခြင်း

Photo: boundless

စိတ်ဖိစီးမှုများနေချိန်မှာ အကောင်းမြင်စိတ်နည်းသူတွေနဲ့ စကားပြောတာဟာ ပြဿနာကို ပိုဆိုးဝါးစေနိုင်ပါတယ်။ ကိုယ့်ရဲ့ ဆိုးဝါးတဲ့ အခြေအနေကနေ လွတ်မြောက်ဖို့ လမ်းမမြင်ရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ Stress များလေလေ စိတ်ကောင်းနှလုံးကောင်းနဲ့ ကိုယ့်ကို နှစ်သိမ့်ဆွေးနွေး အကြံပေးနိုင်မယ့် မိတ်ဆွေသူငယ်ချင်းတွေနဲ့ စကားပြောပါ။