လူတိုင်းလူတိုင်း ချစ်သူနဲ့ လမ်းခွဲပြတ်စဲပြီးတဲ့အချိန်မှာ အနည်းနဲ့အများတော့ ခံစားကြရတာသဘာဝပါပဲ။ အများစုကတော့ အသည်းကွဲခြင်းအတွက် ကုစာနိုင်တဲ့ဆေးက အချိန်လို့ပြောကြပေမယ့် အချိန်ကာလတစ်ခုကိုမရောက်ခင်မှာ အမှားတွေလုပ်မိပြီး ဘဝရဲ့အဆိုးဆုံးအခြေနေတွေ အထိကိုရောက်သွားတက်ပါတယ်။ ဒါ့ကြောင့် ဒီတခေါက်မှာတော့ မကြာသေးမီအချိန်အတွင်း relationshp တစ်ခုကိုအဆုံးသတ်ထား သူတစ်ယောက်အနေနဲ့ ရှောင်ကျဉ်သင့်တဲ့အမှားတွေကို ပြောပြပေးချင်ပါတယ်။
(၁) အတွေးမလွန်ပါနဲ့

Source : Freepik
လက်တလော လမ်းခွဲထားချိန်မှာ သာမာန်အချိန်တွေလောက် စိတ်ခံစားမှုက ကောင်းမွန်နေမှာမဟုတ်ပါဘူး။ ဒီလိုအချိန်မှာလိုတာထက်ပိုပြီး အလွန်အကျွံတွေးမိနေခြင်းက သင့်ရဲ့စိတ်ခံစားမှုကို အဆိုးဘက်ပိုရောက်သွားစေနိုင်ပါတယ်။ ပြီးဆုံးသွားတဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီး အမှားအမှန်တွေကို ပြန်တွေးပြီး မေးခွန်မထုတ်ပါနဲ့။ လမ်းခွဲပြီးပြီဆိုတာကို အရှိအတိုင်းလက်ခံလိုက်ပါ။ အဆိုပါ relationshp နဲ့ပတ်သတ်တဲ့ သင့်အတွေးတွေကို အတက်နိုင်ဆုံး ရပ်တန့်ထားဖို့ အကြံပြုချင်ပါတယ်။
(၂) ကျန်းမာရေးထိခိုက်အောင်မနေပါနဲ့

Source : Freepik
Relationshp တစ်ခုရဲ့ အဆုံးသတ်က သင့်ဘဝရဲ့ အဆုံးသတ်မဟုတ်ပါဘူး။ သင်လျောက်လှမ်းချင်တဲ့အနာဂတ်ရည်မှန်းချက်ပန်းတိုင်တွေဆီကိုရောက်ဖို့ သင်ဟာကျန်းမာကြံ့ခိုင်တဲ့ သူတစ်ယောက်အဖြစ်ဆက်ရှိနေဖို့လိုအုန်းမှာပါ။ ဒါ့ကြောင့် ခံစားရတယ်ဆိုရင်တောင် အစားမစားတာ ညဘက်တွေမအိပ်တာ ဆေးလိပ်တွေအများကြီးသောက်တာ စသည်ဖြင့်ကိုယ့်ကိုယ့်ကို ထိခိုက်နာကျင်စေမယ့်အရာမျိုးတွေ မလုပ်သင့်ပါဘူး။ အချိန်မှန်စား အချိန်မှန်အိပ် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပြီး ကိုယ်ကိုယ်ကို ကျန်းမာကြံ့ခိုင်အောင် စောင့်ရှောက်ရမှာဖြစ်ပါတယ်။
(၃) အရက်အလွန်အကျွံမသောက်ပါနဲ့

Source : Freepik
ယောကျာ်းလေးတွေအများစု စိတ်ညစ်တဲ့အခါ အသည်းကွဲတဲ့အခါ ထွက်ပေါက်ရှာကြတဲ့နည်းလမ်းက အရက်သောက်ခြင်းပါ။ မူးရင်အရာအားလုံးကိုမေ့သွားနိုင်တယ်ဆိုတာ ဘယ်ပညာရှင်ကမှထောက်ခံထားတဲ့အချက် တစ်ခုမဟုတ်ပါဘူး။ မူးအောင်များများသောက်လေ သင့်ရဲ့ကျန်းမာရေးက ထိခိုက်လာလေဖြစ်နေမှာပါ။ ဒါ့ကြောင့် အသည်းကွဲခြင်းကို အရက်နဲ့ မဖြေဖျောက်ဖို့ အကြံပြုပါရစေ။
(၄) ပြန်ဆက်သွယ်ဖို့မကြိုးစားပါနဲ့

Source : Freepik
အဆင်မပြေလို့လမ်းခွဲလိုက်ပြီဖြစ်တဲ့ ဆက်ဆံရေးတစ်ခုကို လက်တလောခံစားချက်တွေကြောင့် ပြန်ဆက်သွယ်ဖို့ ကြိုးစားတာက မိုက်မဲရာရောက်ပါတယ်။ သင့်အနေနဲ့ လမ်းခွဲပြီးချိန်မှာ ဆိုရှယ်မီဒီယာတွေပေါ်ကနေ သူမကိုလိုက်ရှာနေတာမျိုး သူမရဲ့ဖုန်းနံပါတ်ကိုခေါ်ဖို့ ခြေတုန်ချတုန်ဖြစ်နေရမယ့် အချိန်မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုအရင်ကထက်ပိုဂရုစိုက်ပြီး ကိုယ့်ကိုယ်ကိုပိုပြီးချစ်ရမှာဖြစ်မှာပါ။
