လူတိုင်းလူတိုင်းက ကျန်းမာတဲ့နေထိုင်မှုပုံစံရှိဖို့ သင့်လျော်တဲ့အစားအသောက်တွေ စားသုံးရပါတယ်။ အမျိုးသားတွေအနေနဲ့လည်း ကျန်းမာတဲ့လူမှုဘဝရရှိဖို့ နေ့စဥ်စားသင့်တဲ့ အစာအာဟာရဓာတ်တွေရှိပါတယ်။ ဒီဆောင်ပါးလေးမှာတော့ အမျိုးသားတစ်ယောက်အနေနဲ့ နေ့စဥ်ဘဝမှာ ဘယ်လိုအစားအစာတွေ အာဟာရဓာတ်တွေစားပေးသင့်လဲဆိုတာပြောပြပေးချင်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဆက်ဖတ်ကြည့်လိုက်ရအောင်။

(၁) Dark Chocolate

Source : The Spruce Eats

Dark Chocolate လို့လူသိများတဲ့ ချောကလက်အမည်းရောင်ကိုစားသုံးပေးတာက အမျိုးသားတွေအတွက် ကျန်းမာရေး ကောင်းကျိုးတွေရစေပါတယ်။ အမည်းရောင်ချောကလက်က သွေးပေါင်ချိန်ကိုလျော့ချပေးတယ်။ သွေးလည်ပတ်မှုကိုကောင်းစေပြီး ခန္ဓာကိုယ်တွင်းကမကောင်းတဲ့ကိုလက်စရောတွေကိုကျစေပါတယ်။ စိတ်ခံစားမှုကိုလည်းပိုမိုကောင်းမွန်စေတာကြောင့် စိတ်ဖိစီးမှုလျော့ကျသက်သာစေနိုင်ပြီး ပျော်ရွှင်မှုခံစားရစေပါတယ်။

(၂) အနီရောင်အသား

Source : Taste of Home

အမျိုးသားတွေဟာ ပျမ်းမျှအားဖြင့် အမျိုးသမီးတွေထက် ပရိုတင်းဓါတ်များများစားသုံးလေ့ရှိပါတယ်။ အနီရောင်ရှိတဲ့အသားက ပရိုတင်းဓာတ်ကြွယ်ဝတာကြောင့် ကြွက်သားတည်ဆောက်မှုကိုကူညီပေးပါတယ်။ တကယ်လို့ သင်ဟာ ဝိတ်တက်ဖို့ကြိုးစားနေသူတယောက်ဆိုရင် ပရိုတင်းဓါတ်စားသုံးပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါပေမယ့် တရက်ကို ၇၀ ဂရမ်ထက်တော့ ပိုပြီးမစားသင့်ပါဘူး။

(၃) ငှက်ပျောသီး

Source : The Indian Express

သင့်အစားအသောက်ထဲမှာ ပိုတက်စီယမ်ဓါတ်ပြည့်ဝအောင်စားသုံးတာက ရုတ်တရတ်အကြာတင်တာ အကြောဆွဲတာလို ကျန်းမာရေးပြဿနာတွေကိုတားဆီးပေးနိုင်ပါတယ်။ ငှက်ပျောသီးမှာ ပိုတက်စီယမ်ဓါတ် ပြည့်ဝတဲ့အတွက် သင့်အရိုးအတွက်လဲကောင်းမွန်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးစားတာက သွေးပေါင်ချိန် မြင့်တာ၊ သွေးပေါင်ချိန်တက်တာကိုလဲ လျှော့ချပေးပါတယ်။

(၄) ချင်း

Source : The Statesman

လေ့ကျင့်ခန်းလုပ်ပြီးနောက် သင်ကြွက်သားတွေနာနေပါသလား။ သင်အိပ်ယာနိုးတဲ့အခါ ကြွက်သားတွေပင်ပန်းတဲ့ ပြဿနာရှိရင် ချင်းကသင့်ကိုကူညီနိုင်ပါတယ်။ ချင်းက ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ဟောမုန်းတွေကိုလျော့စေတဲ့အပြင် နာကျင်ကိုက်ခဲမှုကိုလည်း သက်သာစေပါတယ်။ လေ့လာမှုတခုအရ ချင်းက ဒူးနဲ့ အဆစ်အမြစ်နာကျင်မှု နဲ့ပတ်သတ်တဲ့ဝေဒနာတွေကိုလည်း သက်သာစေတယ်လို့ဆိုပါတယ်။

(၅) ထောပတ်သီး

Source : Dr. Phil Maffetone

အမျိုးသားအများစုကို အဓိကခြိမ်းခြောက်နေတဲ့ ကျန်းမာရေး ပြဿနာတစ်ခုက နှလုံးရောဂါဖြစ်ပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချနိုင်ဖို့ရာ သင့်တင့်မျှတသော ကိုယ်အလေးချိန်ကိုထိန်းထားခြင်း ဟင်းသီးဟင်းရွှက်များများစားပေးခြင်းတို့အပြင် ထောပတ်သီးစားပေးခြင်းကလည်း နှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလျော့ချပေးပါတယ်။ ထောပတ်သီးမှာ ကျန်းမာသောအဆီဓာတ်များ အမျှင်ဓာတ် ဗီတာမင်ဓာတ်များကြွယ်ဝစွာပါဝင်ပါတယ်။