COVID-19 ရောဂါပြန့်ပွားလျက်ရှိတဲ့ အခုလိုကာလအတွင်းမှာ ချစ်သူစုံတွဲတွေအနေနဲ့ တစ်ယောက်နဲ့ တစ်ယောက်တွေ့ဆုံဖို့ဆို မလွယ်ကူလှပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အနေဝေးနေပေမယ့် သံသရတွေမများပဲ ယုံယုံကြည်ကြည်ဆက်ချစ်နေဖို့က အဓိကကျပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အခုလိုအနေဝေးနေကြတဲ့ကာလအတွင်းမှာ ချစ်သူနှစ်ဦးရဲ့ နှစ်ပတ်လည် Anniversary နေ့ရက်လေးတွေကို ပျော်ရွင်စရာကောင်းအောင် ဘယ်လိုဖြတ်သန်းရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေ မျှဝေပေးချင်ပါတယ်။
(၁) အစီအစဥ်ဆွဲပါ

Source : Her World
Anniversary နေ့မတိုင်ခင် တစ်ရက်အလိုမှာကတည်းက နှစ်ပတ်လည်နေ့အတွက် အသေးစိတ်ကြိုတင်စီစဉ်ထားပါ။ ညနေခင်းအချိန်တွေက ကြည်နူးစရာကောင်းပြီး ချစ်သူနှစ်ဦးအတွက်ပိုပြီး ရိုမန်တစ်ဖြစ်စေပါတယ်။ ဒါကြောင့်ညနေခင်းအချိန်တွေမှာ အွန်လိုင်းပေါ်ကနေ Video Call ပြောပါ။ စားစရာလေးတွေ သောက်စရာလေးတွေကြိုတင်ပြင်ဆင်ထားပါ။ မီးလုံးလေးတွေအလှဆင်တာမျိုးပြုလုပ်ကြည့်ပါ။ Anniversary နေ့ရက်လေးဆိုတော့ သာမာန်နေ့တွေနဲ့ မတူတဲ့ ပြင်ဆင်မှုလေးတွေလုပ်ဆောင်သင့်ပါတယ်။
(၂) ဂစ်တာတီးပြီး သီချင်းဆိုပြပါ

Source : Freepik
ချစ်သူနှစ်ဦးရဲ့ Anniversary နေ့မှာ ကြည်နူးစရာကောင်းတဲ့ အမှတ်တရလေးတွေဖန်တီးချင်တယ်ဆိုရင်တော့ ဂစ်တာလေးတီးပြီးသာ သီချင်းဆိုပြလိုက်ပါ။ အချစ်သီချင်းချိုချိုလေးတွေကို ကိုယ်တိုင်တီးခတ်သီဆိုပြီး ကိုယ့်ချစ်သူကောင်မလေးရဲ့ နှလုံးသားကို သိမ်းပိုက်လိုက်ပါ။ အကယ်၍ ကိုယ်တိုင်ဂစ်တာမတီးတက်သေးဘူးဆိုရင်လည်း messenger မှာအသစ်ထည့်ပေးလာတဲ့ watch together ဆိုတဲ့ feature အသစ်လေးကနေ အချစ်သီချင်းကောင်းလေးတွေကို ချစ်သူနှစ်ဦး အတူတူနားဆင်လို့ရပါတယ်။
(၃) အမှတ်တရ ဗီဒီယိုလေးဖန်တီးပါ

Source : Free To Live
ချစ်သူနှစ်ဦးဖြတ်သန်းခဲ့တဲ့ အမှတ်တရနေ့ရက်လေးတွေကို ဗီဒီယိုလေးတစ်ခုအဖြစ်ဖန်တီးပြီး ချစ်သူကောင်မလေးဆီပို့ပေးလိုက်ပါ။ ချစ်သူနှစ်ဦးအတူတူဖြတ်သန်းခဲ့တဲ့ အချိန်တွေမှာရိုက်ကူးထားတဲ့ စုံတွဲပုံလေးတွေကို ဗီဒီယိုအတိုလေး ပြန်လည်ဖန်တီးပြီး Anniversary နေ့ကိုမှတ်တမ်းတင်လိုက်ပါ။ လက်ရှိမှာ တစ်ယောက်နဲ့တစ်ယောက်ဝေးနေပေမယ့် ကြည်နူးစရာအမှတ်တရများစွာနဲ့ အရင်အချိန်တွေကို ပြန်လည်အမှတ်တရပြီး ချစ်သူနှစ်ဦးကြား အချစ်တွေပိုတိုးလာစေနိုင်ပါတယ်။
(၄) Stay Home ကာလအပြီး လုပ်ချင်တဲ့အရာလေးတွေကိုတိုင်ပင်ပါ

Source : AppGrooves
Stay Home ကာလကြီးအပြီး ရောဂါပြန့်ပွားမှုအခြေအနေတွေလည်း ထိန်းချုပ်လာနိုင်ပြီ အရင်လိုလွတ်လွတ်လပ်လပ် အပြင်ပြန်သွားနိုင်တဲ့အချိန်ရောက်ရင် ချစ်သူနှစ်ဦး ဘယ်တွေသွားကြမယ် ဘာတွေလုပ်ကြမလဲ ဘယ်လိုဒိတ်ကြမယ်ဆိုတဲ့အကြောင်းအရာလေးတွေကို အခုတည်းက ကြိုတင်တိုင်ပင်ထားပါ။ ချစ်သူနှစ်ဦး အတူတူပြုလုပ်ချင်တဲ့အကြောင်းအရာလေးတွေ စားချင်တဲ့အစားအစာလေးတွေ လည်ပတ်ချင်တဲ့နေရာလေးတွေကို ကြိုတင်တိုင်ပင်ပြီး Plan ဆွဲထားတာက Anniversary နေ့မှာ အမှတ်တရလည်းဖြစ်စေမှာဖြစ်သလို ပျော်စရာလည်းကောင်းစေမှာအသေအချာပါပဲ။
