လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုချင်းစီဟာ သူ့နေရာနဲ့သူ အရေးပါပါတယ်။ ဒါပေမယ့် တချို့ အရေးပါတဲ့ ကိုယ်တွင်း အင်္ဂါတွေ မရှိတော့ရင်တောင် အသက်ရှင်နိုင်သေးတယ်ဆိုတာ သင်တို့ကြားရင် အံ့ဩနေပါလိမ့်မယ်။ ဟုတ်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အသက်ရှင်နိုင်ပါတယ်။
မျိုးပွားအင်္ဂါ

Source: the conversation
အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါ ဟာဝှေးစေ့ဖြစ်ပြီး အမျိုးသမီးများကတော့ သားဥအိမ်ပဲ ဖြစ်ပါတယ်။ အမျိုးသားတွေမှာ ဝှေးစေ့တစ်ဘက် (သို့) နှစ်ဘက်စလုံး ဖယ်ရှားနိုင်ပါတယ်။ အမျိုးသမီးတွေမှာလည်း သားအိမ်ကိုဖယ်ရှားနိုင်ပါတယ်။
အူအတက်

Source: Cleveland Clinic’s Health Essentials
အူအတက်ဟာ သေးငယ်တဲ့ အူသိမ်အူဖြစ်ပါတယ်။ အစာအကြွင်းအကျန်တွေဟာ အူမကြီး အူလမ်းကြောင်းထဲကို ဝင်သောအခါ ပြန်ထွက်ရန် ခက်ခဲပြီး အူကိုယောင်ယမ်းစေပါတယ်။ ပြင်းပြင်းထန်ထန် ဖြစ်လာပြီဆိုရင်တော့ နောက်ဆက်တွဲအဖြစ် ခွဲစိတ်ဖယ်ရှားဖို့ လိုအပ်ပါတယ်။ အူအတက် ဖယ်ရှားပြီးပါကလည်း ပုံမှန်လူတစ်ယောက်လိုပဲ နေနိုင်ပါတယ်။
ကျောက်ကပ်

Source: Sagal News
လူအများစုဟာကျောက်ကပ်နှစ်ခု (သို့) တစ်ခုတည်းနဲ့လည်း အသက်ရှင်နိုင်သလို တစ်ချို့ကတော့ တစ်ခုမှမရှိဘဲ အသက်ရှင်နေနိုင်တာလည်း ရှိပါတယ်။ ကျောက်ကပ်နှစ်ခုစလုံး (သို့ )တစ်ခုရှိနေသင့်ပေမယ့် အရက်၊ မူးယစ်ဆေးဝါးနဲ့ မတော်တဆဖြစ်စဉ်တွေကြောင့် ပျက်စီးခဲ့ရင်တော့ ကျောက်ကပ်အတွင်းက ရေနဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ပေးတဲ့ ကုသမှု (dialysis) ကိုပြုလုပ်ပေးရပါတယ်။
အူမကြီး

Source: Medical Xpress
အရှည် ခြောက်ပေလောက်ရှိတဲ့ အူမကြီးဟာ အစိတ်အပိုင်း (၄) ပိုင်း ပါဝင်ပါတဲ့ ပြွန်ဖြစ်ပါတယ်။ အခြေခံအကျဆုံး လုပ်ဆောင်ချက်တွေကတော့ ကျင်ငယ်နဲ့ မစင်ကို အတူတကွ စွန့်ထုတ် ပေးစေခြင်းပဲဖြစ်ပါတယ်။ ကင်ဆာသို့မဟုတ် အခြားရောဂါတွေရှိတဲ့အခါ အူအချို့ (သို့) အားလုံးကို ဖယ်ရှားပစ်ရတက်ပါတယ်။ ဒီလိုဖယ်ရှားပစ်ရတဲ့အချိန်မျိုးမှာ အစားအသောက်အနေအထိုင် ဆင်ခြင်ပါက သက်တမ်းစေ့အသက်ရှင်နေနိုင်ပါတယ်။
