ကိုယ်နံ့ဆိုးတွေက လူတိုင်းနီးပါးမှာ ရှိကြပါတယ်။ အထူးသဖြင့် အမျိုးသားတွေမှာ ကိုယ်နံ့ဆိုးတွေ ရှိတက်ပါတယ်။ ကိုယ်နံ့ဆိုးတွေက ဘက်တီးရီးယားပိုးတွေ အရေပြားပေါ်မှာ၊ ချွေးပေါက်တွေထဲမှာ အောင်းပြီးပွားနေလို့ ကိုယ်နံ့ နံရတာတွေ ဖြစ်တက်သလို တကိုယ်ရေသန့်ရှင်းရေး အားနည်းတာကြောင့်လည်း ဖြစ်တက်ပါတယ်။ ဒီနေ့ kwee page ကနေ ကိုယ်နံ့ပြင်းရတဲ့ အကြောင်းအရင်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ကိုယ်နံ့ဆိုးတွေက မိမိအတွက် သာမာန်အနံ့လိုပဲ ထင်နိုင်ပေမယ့် တခြားသူတွေအတွက် စိတ်ကသိကအောက် ဖြစ်လောက်စရာ ပြင်းလွန်းတဲ့ အနံ့အသက်တစ်မျိုးဖြစ်ပါတယ်။ ချွေးနံ့တစ်ခုတည်းမှာ အနံ့မရှိပေမဲ့ အရေပြားပေါ်က ဘက်တီးရီးယားပိုးတွေ လျင်မြန်စွာ ပေါက်လာတာကြောင့် ချွေးက အနံ့ပြင်းရတာ ဖြစ်ပါတယ်။

Source: Medical News Today
ကိုယ်နံ့ဆိုးတွေဟာ ခြေထောက်၊ ပေါင်ခြံ၊ ချိုင်း၊ လိင်အင်္ဂါတစ်ဝိုက်၊ ဆီးခုံ နဲ့ တခြားသော အမွေးရှိရာနေရာ၊ ချက်၊ စအို၊ နားရွက်အနောက်အပြင် တစ်ကိုယ်လုံး နေရာအနှံ့ ကိုယ်နံ့ပိုပြင်းနိုင်ပါတယ်။
ကိုယ်နံ့ပြင်းရခြင်းဟာ အရေပြားပေါ်က ဘက်တီးရီးယားပိုးမွှားတွေဟာ ချွေးနဲ့ရောသွားတာကြောင့် ဖြစ်ပါတယ်။။ လူပျို၊ အပျိုဖြစ်ကာစမှာ ချွေးတွေ အရမ်းထွက်လာတာ၊ ဟော်မုန်းအပြောင်းအလဲဖြစ်လွန်းတာကြောင့် ကိုယ်တွင်းချွေးနံ့တွေ ပြင်းလာတတ်ပါတယ်။ အပြင်မှာ တစ်နေကုန် အလုပ်လုပ်နေရသူတွေ၊ ချွေးထွက်သန်တာ၊ အဝလွန်သူတွေ၊ အစပ်စားလွန်းတဲ့သူတွေ၊ တချို့သော ကျန်းမာရေပြဿနာတွေဟာလည်း ကိုယ်နံ့၊ ချွေးနံ့ပြင်းတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

Source: Men’s Health
ကိုယ်နံ့မပြင်းအောင် သဘာဝနည်းလမ်းတွေနဲ့ ကာကွယ်လို့ရပါတယ်။ တစ်နေ့ကို အနည်းဆုံး တစ်ကြိမ် ဆပ်ပြာနဲ့ သေချာရေချိုးသန့်စင်ပေးပါ။ ထူတဲ့ အဝတ်အစား ဖြစ်နိုင်ရင် မဝတ်ပါနဲ့ လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်မယ့် အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ပေးပါ။ ပြီးတော့ အမျိုးသားတွေအနေနဲ့ တင်းကျပ်လွန်းတဲ့ အတွင်းခံဘောင်းဘီတွေ မဝတ်ပါနဲ့။

Source: Dreamstime
ရေချိုးတဲ့အခါမှာ ချွေးထွက်များလွန်းတဲ့ နေရာတွေဖြစ်တဲ့ ချိုင်း၊ ပေါင်ခြံ၊ ခြေထောက်တွေကို ဂရုစိုက်ပြီး တိုက်ချွတ်ဆေးကြောပါ။ အဝတ်အစားတွေကို တစ်ကြိမ်ထက်ပိုပြီး မဝတ်ပါနဲ့။ အထူးသဖြင့် အမျိုးသားတွေအနေနဲ့ ဝတ်ပြီးသားအတွင်းခံတွေကို ထပ်ခါတလဲလဲ ပြန်ဝတ်ခြင်းကို ရှောင်ကျဉ်ပါ။
