တစ်ချို့လူတွေက စည်းဆိုတာကို သိပ်ပြီးရင်းနှီးကျွမ်းဝင်မှုမရှိကြပါဘူး။ အလုပ်မှာလည်း စောင့်ထိန်းရမယ့် စည်းတွေရှိသလို၊ အိမ်မှာလည်း စောင့်ထိန်းရမယ့် စည်းစသဖြင့် နေရာတိုင်းလိုလိုမှာ သူ့စည်းနဲ့ သူရှိပါတယ်။ အလုပ်ခွင်မှာရှိတဲ့သူတိုင်းကို မိမိရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ သွားပြောဖို့ မသင့်သလို တဖက်သားရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေကို သွားပြီးမေးမြန်းဖို့ မသင့်တော်ပါဘူး။

ဒီနေ့ kwee page က အလုပ်ခွင်ထဲမှာ ထုတ်ဖော်မပြောသင့်တဲ့ အကြောင်းအရာတွေအကြောင်း ပြောပြပေးသွားမှာပါ။

မိမိလုပ်နေတဲ့ အချိန်ပိုင်းအလုပ် အကြောင်း

Source: Blog Tree – Postach.io

တစ်ချို့ အချို့ကုမ္ပဏီတွေမှာ အလုပ်လုပ်ရတာ လွတ်လပ်ပေါ့ပါးတယ်။ စာချုပ်နဲ့ လုပ်ရတာမဟုတ်သလို စည်းကမ်းသက်မှတ်ချက်တွေလည်းများများစားစား မရှိကြဘူး။ ဒါပေမယ့် အချို့ကုမ္ပဏီတွေမှာအလုပ်လုပ်တော့မယ်ဆိုရင် စာချုပ်ချုပ်ဆိုရသလို လိုက်နာရတဲ့ စည်းမျဉ်းစည်းကမ်းတွေလည်း အများကြီးရှိပါတယ်။ ဒါ့ကြောင့် အချိန်ပိုင်းအလုပ်လုပ်ခြင်းဟာ ကုမ္ပဏီရဲ့ပေါ်လစီကို ချိုးဖောက်ရာရောက်ကောင်းရောက်နေနိုင်ပါတယ်။ ဒီအရာတွေနဲ့ ပတ်သက်ပြီး မကြာခဏ လုပ်ငန်းခွင်ထဲမှာပြောနေမယ်ဆိုရင် အလုပ်ရှင်က ပြန်ကြားပါက သင့်အတွက်ကောင်းတဲ့ ရလဒ်တစ်ခုမဖြစ်လာနိုင်ပါဘူး။

ဘာသာရေး

Source: The Business Journals

လုပ်ငန်းခွင်ထဲမှာ ဘာသာရေး၊ နိုင်ငံရေးအကြောင်းပြောခြင်းဟာ လုပ်ဖော်ကိုင်ဖက်အချင်းချင်းကြားမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်စေပါတယ်။ ဒါ့ကြောင့် မိမိဘယ်ဘာသာ ကိုးကွယ်နေတယ်၊ ဘယ်ဘာသာရေးက ဘယ်လိုတွေဖြစ်တယ်ဆိုတာကို လုပ်ငန်းခွင်မှာ မပြောတာအကောင်းဆုံးပါ။ လိုအပ်မှသာ လုပ်ငန်းခွင် မိတ်ဆွေတစ်ချို့ကို အသိပေးတဲ့အနေနဲ့ ပြောပြလိုက်ပါ။

ကိုယ့်ရဲ့မကောင်းတဲ့ သမိုင်းကြောင်း

Source: Showbiz-Cheast-Sheet

ကုမ္ပဏီရဲ့ပေါ်လစီမှာ ပြီးခဲ့တဲ့အလုပ်က မိမိလုပ်ခဲ့မိတဲ့ အကျိုးဖျက်စီးမှုတွေအကြောင်း ပြောဖို့မတားမြစ်ထားဘူးဆိုရင်တော့ သင့်အနေနဲ့ အဆင်ပြေလောက်တဲ့ ပမာဏအထိ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ပါတယ်။

ဆိုရှယ်မီဒီယာ

Source: Elevation Ten Thousand

ဆိုရှယ်မီဒီယာပေါ်မှာ အကြောင်းအရာတွေကို သတိထားပြီး ပရိုကျကျရှယ်နေသ၍တော့ သင့်ရဲ့ဘော့စ်အပါအဝင် အလုပ်ထဲကသူတွေနဲ့ပါ ဘာပြဿနာမှမရှိနိုင်ပါဘူး။ အလုပ်ထဲကသူတွေ သင့်ရဲ့အကောင့်မှာရှိနေတဲ့အတွက် စိတ်ကျဉ်းကျပ်တယ်လို့ ခံစားရရင်တော့ အင်စတာဂရမ် (Instagram)၊ တွစ်တာ (Twitter)၊ လိုင်း (Line) နဲ့ စနက်ချက်တ် (Snapchat) အစရှိတဲ့ အကောင့်တွေကို တစ်လှည့်စီပြောင်းအသုံးပြုပေးနိုင်ပါတယ်။

ဆရာဝန်ရက်ချိန်းနှင့် ကျန်းမာရေးပြဿနာများ

Source: BizLibrary

သင့်ရဲ့ကျန်းမာရေးပြဿနာအသေးစိတ်ကို သင်နဲ့အလုပ်အတူတွဲလုပ်တဲ့သူတိုင်း သိစရာမလိုပါဘူး။ ကြီးမားတဲ့ ကျန်းမာရေးပြဿနာအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်ဆိုရင်တော့ သင့်ကိုထောက်ခံပေးပြီး Cover ပေးနိုင်မယ့် အလုပ်ထဲက တာဝန်ရှိသူတွေကိုသာ နားလည်အောင်ရှင်းပြထားပါ။ သင်နဲ့အလုပ်တွဲလုပ်နေတဲ့သူတိုင်းကို ပြောပြနေစရာမလိုပါဘူး။