မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြင်ပြင်ဆင်ဆင်နေရမလဲဆိုတာ ဗီဇစိတ်နဲ့ သိတယ်လို့ကို ဆိုနိုင်ပါတယ်။ ယောင်္ကျားလေးအတော်များများကတော့ ပြုပြုပြင်ပြင် အနေနည်းတာ ထုံးစံလို ဖြစ်နေပါပြီ။ တကယ်တော့ ထိန်းထိန်းသိမ်းသိမ်း နေတတ်မယ်ဆိုရင် အမျိုးသမီးတွေထက် အမျိုးသားတွေက ရေရှည်မှာ ရုပ်ရည်ပိုနုပျိုနိုင်ပါတယ်။ အဲ့ဒီလို Self-Care လုပ်တယ်ဆိုရာမှာလည်း သိပ်များများစားစား ရှုပ်ရှုပ်ထွေးထွေးတော့လည်း မဟုတ်ပါဘူး။ အခုပြောမယ့် အချက်လေး ၄ ချက်ကို ပုံမှန် လုပ်ပေးရုံနဲ့တင် အသက်ကြီးတဲ့အထိ အရွယ်တင်နုပျိုနိုင်မှာ ဖြစ်ပါတယ်။
(၁) အသားအရေ ထိန်းသိမ်းပါ

Photo: Freepik
အသားအရေထိန်းသိမ်းပါဆိုလို့ Beauty Salon သွားခိုင်းတာ မဟုတ်ပါဘူး။ နေ့စဉ် တစ်ကိုယ်ရည်သန့်ရှင်းမှုမှာကိုပဲ လွယ်လွယ်လေးနဲ့ အသားအရေထိန်းသိမ်းလို့ ရနိုင်ပါတယ်။ အိပ်ရာမဝင်ခင် မျက်နှာသစ်ပေးတာ ၊ မျက်နှာကို Moisturizing လုပ်တာနဲ့ Quality ကောင်းတဲ့ Men Care ထုတ်ကုန်လေးတွေ သုံးတာမျိုးနဲ့တင် လုံလောက်ပါတယ်။
(၂) ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနေပါ

Photo: Freepik
စိတ်ချမ်းသာသူဟာ ရုပ်ကြည်ပါတယ်။ ဒါကြောင့် နုပျိုချင်ရင် ပြုံးပြုံးရွှင်ရွှင်နေပါ။ ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါးပါး နေထိုင်ပါ။ စိတ်ဖိစီးမှု သိပ်မထားပါနဲ့။ စိတ်ကို အေးနိုင်သမျှ အေးချမ်းအောင် ဂရုစိုက်ပါ။
(၃) အားကစားလုပ်ပါ

Photo: Freepik
ကိုယ်လက်လှုပ်ရှားမှု ရှိခြင်းဟာ အသားအရေကို တင်းရင်းနုပျိုစေသလို ရုပ်ရည်ကိုပါ ကြည့်ကောင်းအောင် ကူညီပေးနိုင်ပါတယ်။ အနည်းဆုံးတော့ အားကစားလုပ်ထားလို့ ကျစ်လျစ်ကြံ့ခိုင်တဲ့ ကိုယ်လုံးကိုယ်ပေါက်ကြောင့် တစ်နည်းတစ်ဖုံနဲ့ ရုပ်ရည်ပါ ပြောင်းလာနိုင်ပါတယ်။ ဒါကြောင့် Gym ကစားပါ။ ဒါမှမဟုတ် တစ်နေ့ကို နာရီဝက်လောက် အားကစားလုပ်ပေးပါ။
(၄) ဆံပင်ကို ဂရုစိုက်ပါ

Photo: Pexels
အမျိုးသားအများစုအတွက် နဖူးပြောင်တာ ၊ ဆံပင်ကျွတ်တာဟာ ပြဿနာပါပဲ။ ဆံပင်ပုံစံနဲ့ ကျန်းမာရေးဟာ ရုပ်ရည်ပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။ ဆံပင်ကျွတ်တာဟာ စိုးရိမ်စရာ ဖြစ်လာပြီဆိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တွေ့ဆုံပြီး စောစောစီးစီး ကုသမှု ခံယူသင့်ပါတယ်။
