ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နောက်ဆုံးပါဝင်ကစားပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း en24.news က ဖော်ပြခဲ့ပါတယ်။

Photo: TV6 News
ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ လက်ရှိမှာတော့ အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အနားယူတော့မယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး ပေါ်တူဂီအသင်းပရိသတ်တွေအတွက်တော့ မကြားချင်ဆုံးသတင်းကို ကြားခဲ့ရတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ လက်ရွေးစင်ပွဲစဉ်တွေ ပြန်လည်စတင်တဲ့ စက်တင်ဘာလမှာ အထင်ကြီးဖွယ် လက်ရွေးစင်သွင်းဂိုး ၁၀၀ ပြည့်မြောက်အောင် ဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် ယခုလမှာတော့ ၂ ပွဲကစားပြီးချိန်အထိ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။
ပြင်သစ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ရော်နယ်ဒိုက သတင်းထောက်တွေကို လက်ရွေးစင်ကစားသမားဘဝကနေ ဘယ်အချိန်မှာ အနားယူမလဲဆိုတာကို ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

Photo : WOWK
“ကာတာမှာ ကစားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲက ကျွန်တော် နိုင်ငံအသင်းဝတ်စုံကို ဝတ်ဆင်တဲ့ နောက်ဆုံးပြိုင်ပွဲဖြစ်ပါလိမ့်မယ်”လို့ Sportbible ကို ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမယ့်အချိန်မှာ အသက် ၃၇ နှစ်အရွယ်ရှိနေမှာဖြစ်ပြီး အဲဒီအချိန်ကျရင် လက်ရွေးစင်အသင်းနဲ့ အပြီးအပိုင် နှုတ်ဆက်တော့မှာဖြစ်ပါတယ်။
