လူတိုင်းလိုလို ခေါင်းကိုက်တဲ့ ဝေဒနာကိုခံစားဖူးကြမှာပါ။ ခေါင်းကိုက်ခြင်းဟာ အသက်အရွယ်မရွေး ကြုံရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ တစ်ခါတလေ မှားယွင်းတဲ့နေထိုင်မှုပုံစံတွေကြောင့် ခေါင်းကိုက်တက်သလို တချို့သောအစားအစာတွေကလည်း ခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ဒီနေ့မှာတော့ လူအများစုခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်တဲ့ ထိပ်တန်းအကြောင်းအရင်းတွေထဲက တချို့ကို မျှဝေပေးလိုက်ပါတယ်။

(၁) စိတ်ဖိစီးမှုများခြင်း

Source : Freepik

စိတ်ဖိစီးမှုများခြင်းဟာ ခေါင်းကိုက်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုများနေတဲ့အချိန်မှာ ပခုံးနှင့်လည်ပင်းတဝိုက်က ကြွက်သားများ တင်းမာမှုကိုဖြစ်စေပြီး အဆိုပါနာကျင်မှုကို ဦးနှောက်မှခံစားရစေတာကြောင့် ခေါင်းကိုက်ခြင်းဝေဒနာဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုလည်း ခံစားရစေနိုင်ပါတယ်။

(၂) အရက်အလွန်အကျွံသောက်ခြင်း

Source : BuzzFeed

အရက်အလွန်အကျွံသောက်ခြင်းဟာလည်း ခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ တချို့သော အရက်နဲ့ဓာတ်မတည့်တဲ့သူတွေဆိုရင် ဝိုင်အနည်းငယ်သောက်ရုံနဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားရနိုင်ပါတယ်။ များသော အားဖြင့် ကိုယ့်သတ်မှတ်ထားတဲ့ Limits ထက်ကျော်လွန်ပြီး ပိုသောက်မိတယ်ဆိုရင် နောက်တနေ့မှာ အရက်နာကျခြင်းလို့ခေါ်တဲ့ ကိုယ်လက်မအီမသာဖြစ်ခြင်း ခေါင်းကိုက်ခြင်းတွေ ဖြစ်လာနိုင်တာဖြစ်ပါတယ်။

(၃) ရာသီဥတုအပြောင်းအလဲဖြစ်ခြင်း

Business News Daily

လေ့လာမှုများအရ‌ နွေဦးရာသီအစပိုင်းကာလများမှာ ရာသီဥတုအပြောင်းအလဲကြောင့် လူအများစုခေါင်းကိုက်ခြင်း အားအင်ကုန်ခမ်းခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ပူပြင်းတဲ့ရာသီဥတုမှာ ချွေးထွက်များခြင်းကြောင့် ခန္ဓာကိုယ်မှာရေဓာတ်ဆုံးရှုံးမှုဖြစ်လာပြီး ခေါင်းကိုက်ဝေဒနာကိုခံစားလာရတာဖြစ်ပါတယ်။ ဒါကြောင့် နွေရာသီလို ပူပြင်းတဲ့ကာလတွေမှာ ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝနေဖို့ အထူးဂရုစိုက်သင့်တာဖြစ်ပါတယ်။

(၄) အိပ်ရေးပျက်များခြင်း

Source : Wix.com

ခန္ဓာကိုယ်ကိုကောင်းစွာအိပ်စက်အနားယူပေးခြင်းမရှိဘူးဆိုရင် အားအင်ကုန်ခမ်းခြင်း မောပန်းလွယ်ခြင်းတို့ဖြစ်စေပြီး ဆိုးဆိုးရွားရွားခေါင်းကိုက်ခြင်း ခေါင်းတခြမ်းကိုက်ခြင်းဝေဒနာတွေလည်း ခံစားလာရနိုင်ပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်အတွက် တရက်မှာအနည်းဆုံး ၇ နာရီကနေ ၉ နာရီကြား လုံလုံလောက်လောက်အိပ်စက်အနားယူပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။