ဆောင်းရာသီရောက်လာရင် အသားပတ်တာတွေ ၊ ခြောက်သွေ့အက်ကွဲတာတွေ ဖြစ်တတ်ပါတယ်။ တစ်ချို့တွေဆို နှုတ်ခမ်းတွေ ကွဲအက်တာ ၊ လက်အရေလဲပြီး အသားနုကြောင့် နာကျင်တာ ဖြစ်နိုင်ပါတယ်။ ဒီတော့ ဆောင်းတွင်းမှာ Skin Care ကောင်းကောင်း လုပ်ထားမှ အသားအရေကျန်းမာအောင် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

(၁) Balm သုံးပါ

Photo: ToolsofMan

အပေါ်မှာ ပြောခဲ့သလို ဆောင်းအဝင်မှာ ရာသီအပြောင်းအလဲကြောင့် လက်တွေ ၊ ခြေတွေ အက်ကွဲမယ်။ နှုတ်ခမ်းတွေ အဖတ်လန်ပြီး ခြောက်သွေ့အက်ကွဲလာပါလိမ့်မယ်။ Lip Balm လိုမျိုး အဆီလိမ်းဆေးလေးတွေ သုံးသင့်ပါတယ်။ လက်ဆိုရင်လည်း Hand Balm နဲ့ မုတ်ဆိတ်ရိတ်ပြီးရင်လည်း Post-Shave Balm ဆီတို့ သုံးရမှာ ဖြစ်ပါတယ်။

(၂) မျက်နှာချေးချွတ်ပါ

Photo: abestfashion

Scrubbing လုပ်ခြင်းဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး Moisturizer သုံးရာမှာ ပိုပြီး ထိရောက်မှု ရှိစေပါတယ်။ အစိုထိန်းနိုင်ဖို့ ကူပေးခြင်းအားဖြင့် အသားအရေ ခြောက်သွေ့ကြမ်းတမ်းတာမျိုး ဖြစ်မှာ မဟုတ်ပါဘူး။ တစ်ခုရှိတာက အလွန်အကျွံ Scrub လုပ်မယ်ဆိုရင်လည်း အရေးပါတဲ့ အရေပြားဆဲလ်တွေဆုံးရှုံးပြီး အသားအရေ ခြောက်ကပ်နိုင်ပါတယ်။

(၃) Moisturizer သုံးပါ

Photo: indianexpress

ဆောင်းတွင်းကာလ လေထဲမှာ စိုထိုင်းဆ ကျနေတာကြောင့် အသားအရေ အစိုဓါတ်ခမ်းခြောက်တတ်ပါတယ်။ ဒါကြောင့် အစိုဓါတ်ကို ထိန်းပေးဖို့ Moisturizer သုံးပါ။ အများကြီး သုံးစရာ မလိုပါဘူး။ နည်းနည်းချင်း ပုံမှန်သုံးပေးနေရင်ကို အသားအရေထိန်းသိမ်းပြီး ဖြစ်စေပါတယ်။

(၄) အိပ်ရာမဝင်ခင် Skin Care လုပ်ပါ

Photo: menswearstyle

သုတေသနတွေအရ အိပ်ရာဝင်ခါနီး Skin Care ထုတ်ကုန်တွေ သုံးခြင်းဟာ နောက်တစ်နေ့မှာ အသားအရေ ပိုနူးညံ့စေသလို စိုပြေဝင်းလက် ကျန်းမာစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင်မှာ Face Cream သုံးပါ။ အခုပြောခဲ့တဲ့ အချက်လေးတွေ ပုံမှန် လုပ်သွားမယ်ဆိုရင် အသားအရေပိုမို ကျန်းမာနုပျိုမှာ ဖြစ်ပါတယ်။