ဉာဏ်ရည်ဉာဏ်သွေးဟာ လူမှုဆက်ဆံရေးမှာသာမက၊ လုပ်ငန်းခွင်အတွင်း ပြီးတော့ ဘဝအစိတ်အပိုင်းတွေမှာ အရေးပါတယ်ဆိုတာကို လူတွေလက်ခံထားကြပါတယ်။ ဒါဆိုရင် လူတစ်ယောက် ပုံမှန်ထက် ဉာဏ်ရည်မြင့်မားနေတာကို ဘယ်လိုသိနိုင်သလဲ။ ဒီနေ့ kwee page က ဉာဏ်ရည်မြင့်မားသူတွေမှာ တွေ့ရလေ့ရှိတဲ့ အမူအကျင့်တွေအကြောင်း ပြောပြပေးသွားမှာပါ။
စူးစမ်းလေ့လာလိုစိတ်ရှိတယ်

Source: HelpGuide.org
သူတို့တွေဟာ အခြားလူတွေထက်ပိုပြီး စူးစမ်းလေ့လာလိုစိတ်ပိုရှိတယ်။ တစ်ခုခုဆိုတာနဲ့ သူတို့နဲ့တိုက်ရိုက်ပတ်သတ်သည်ဖြစ်စေ သွယ်ဝိုက်ပြီး ပတ်သတ်သည်ဖြစ်စေ အသေးစိတ်သိလိုစိတ်ရှိကြတယ်။ သိအောင်လည်း လေ့လာလေ့ရှိကြတယ်။ ဒါ့ကြောင့် သူတို့က ပုံမှန်လူတွေထက် ကွဲပြားနေတာပါ။
ပျော်ပျော်နေတတ်ကြတယ်

Source: Born Realist
သူတို့တွေက ဟာသဉာဏ်ရှိကြတယ်။ တပါးသူတွေကို ရယ်မောပျော်ရွှင်အောင် ပြုလုပ်ပေးနိုင်စွမ်းရှိသလို သူတို့ကိုယ်တိုင်ကလည်း ပျော်ပျော်နေတတ်ကြပါတယ်။ သူတို့ဟာ ပုံမှန်လူတွေထက် ဟာသဉာဏ်နဲ့ ဖန်တီးနိုင်စွမ်း ပိုသာတာကြောင့် သူတို့နဲ့ စကားပြောလို့ ပျင်းသွားရတယ်ဆိုတာမျိုး မရှိပါဘူး။
စာနာသနားစိတ်ရှိတယ်

Source: Diocesan
သူတို့တွေဟာ တပါးသူတွေအပေါ် စာနာစိတ်အပြည့်ရှိတဲ့ သူတွေပါ။ ဒါပေမယ့် တစ်ချို့ ဉာဏ်ရည်မြင့်မားတဲ့လူတွေကတော့ တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးကြတယ်။ အများစုကတော့ တပါးသူတွေရဲ့ စိတ်ကိုစာနာနားလည်ပေးတတ်ကြပါတယ်။
အကောင်းမြင်စိတ်ရှိတယ်

Source: Cydcor
ဉာဏ်ရည်မြင့်မားတဲ့လူတွေဟာ ပြဿနာတခုခုဖြစ်တာနဲ့ သူတို့ရဲ့ အားအင်တွေကို အချိန်တွေကို အဲ့ဒီပြဿနာအပေါ် ပေးလေ့မရှိပါဘူး။ အဲ့ဒီအစား သူတို့တွေဟာ ပြဿနာကို ဖြေရှင်းနိုင်မယ့် အဖြေကိုရှာဖွေလေ့ရှိပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို အာရုံစိုက်လေ့ရှိကြပါတယ်။
