လူတွေတော်တော်များများဟာ ကိုယ့်ကိုဝေဖန်ပြောဆိုခံရမှာ ကြောက်တတ်ကြသလောက် တခါတရံမှာ တခြားသူတွေကို ဝေဖန်အကဲဖြတ်မိတတ်ကြပါတယ်။ ဒါဟာ တကိုယ်ကောင်းဆန်ရာကျသလို ဒီအပြု အမူကနေ တဖက်လူရဲ့စိတ်ခံစားချက်ကိုနာကျင်စေတဲ့အထိဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့်အခုပြောပြပေးမှာက သင့်အနေနဲ့ဝေဖန်ခံရမှာကြောက်သလို တခြားသူတွေကိုလည်း ဘာလို့ဝေဖန်ကဲ့ရဲ့မှုတွေမလုပ်သင့်တာလဲ ဝေဖန်အကဲဖြတ်နေမိတဲ့အကျင့်ကို ဘယ်လိုရပ်တန့်ရမလဲ ဆိုတဲ့အချက်တွေကို ပြောပြပေးမှာပါ။

(၁) မပြောမိအောင် ထိန်းပါ

Source : Valley Recovery Center

တကယ်တော့ အကဲဖြတ်တယ်ဆိုတာ လူတွေရဲ့ပင်ကိုယ်သဘာဝဆိုပေမယ့် သင့်အနေနဲ့တဖက်လူကို မဝေဖန်မိခင်ကိုယ့်ကိုယ်ကိုအချိန်မီထိန်းသင့်ပါတယ်။ စကားကျွံရင်ပြန်နှုတ်လို့မရပါဘူး။ တကယ်လို့ သင်ပြောချင်လာရင်တောင် သင့်အတွေးကိုအကောင်းဘက်ပြန်ပြောင်းပါ ဒါမှမဟုတ် မကောင်းတဲ့ အဓိပ္ပါယ်မျိုးမပါအောင်ပြောတာ ကောင်းပါတယ်။

(၂) အကျင့်တခုလုပ်ပါ

Source : National Bank

လူ့ရဲ့စိတ်က မကောင်းတာကိုရှာဖွေတာအလေ့အကျင့်လိုဖြစ်နေပါတယ်။ ဒါပေမယ့် သတိထားလေ့ကျင့် တဲ့အခါ ဘယ်အခြေအနေမှာမဆို ကောင်းတဲ့အရာတခုကိုအမြဲတမ်းရှာတွေ့နိုင်ပါတယ်။ဘယ်အရာမဆို အကောင်းနဲ့အဆိုးဒွန်တွဲနေတတ်တယ်ဆိုတာကို နားလည်ရပါမယ်။

(၃) မတူတဲ့အမြင်နဲ့မြင်ကြည့်ပါ

Source : Beyond Theory

တယောက်ယောက်က သင်မကြိုက်တဲ့အရာတခုကိုလုပ်တဲ့အခါ ပြသနာကိုသင်မြင်တဲ့ပုံစံထက် တခြားရှု့ထောင့်ကကြည့်ကြည့်ပါ။ ဘာလို့လဲဆိုတော့ သူတို့မှာသင်နဲ့မတူတဲ့အတွေးအမြင် တွေရှိနိုင်ပါတယ်။ ဒါက သင့်ကိုပွင့်လင်းမြင်သာမှုရှိစေပြီး တခြားသူတွေရဲ့မတူတဲ့ အပြုအမူတွေကို လက်ခံတတ်ဖို့ ကူညီပေးပါတယ်။

(၄) သင်ကိုယ်တိုင်သင်ယူပါ

Source : JobDiagnosis

တခါတရံ တချို့လူတွေသင့်ကို စိတ်အနှောက်ယှက်ဖြစ်စေတာက သူတို့ကိုယ်တိုင်မှာဖုံးကွယ်ထားတဲ့ စိတ်ခွန်အားနည်းစေတဲ့အကြောင်းအရာတွေရှိနေလို့ပါ။ ဥပမာအားဖြင့် ပေါင်းသင်းဆက်ဆံရေးအား နည်းသူတချို့မှာ စိတ်အားငယ်တာ၊ ကိုယ့်ကိုယ်ကိုကာကွယ်ချင်စိတ်များလွန်းတာ၊ အမှားဝန်ခံရမှာကြောက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကိုသင့်ဘက်ကမြင်နိုင်လာတဲ့အခါ သင့်ကိုသင်ရော တဖက်လူကိုပါ အပြစ်မတင်ဘဲဖြေရှင်းတာမျိုးလုပ်နိုင်ပါလိမ့်မယ်။