တက္ကသိုလ်ဘွဲ့ရပြီးတဲ့နောက် လုပ်ငန်းခွင်ထဲ ဝင်ဖို့ ပြင်နေတဲ့ လူငယ်တွေ ရှိမှာပါ။ တချို့လည်း ကျောင်းတစ်ဖက်နဲ့ အလုပ်ဝင်နေသူတွေ ရှိကြပါတယ်။ အလုပ်အတွေ့အကြုံမရှိသေးတဲ့ Fresher တွေအနေနဲ့ အလုပ်အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြချင်လို့ပါ။
(၁) အလုပ်အကိုင် ရွေးချယ်ပါ

Photo: Freepik
အလုပ်ရပြီးရောဆိုပြီး တွေ့ကရာအလုပ် မလုပ်ဖို့ အရင်ဆုံး အကြံပေးချင်ပါတယ်။ နောင် ၅ နှစ် ၆ နှစ်လောက်မှာ ကိုယ်ဖြစ်ချင်တဲ့အနေအထားကို အရင်စဉ်းစားပြီး အဲ့ဒီအနေအထားကို ရောက်နိုင်မယ့် လမ်းကြောင်းကို သွားတာ အကောင်းဆုံးပါပဲ။ ဒီအတွင်း ဖြတ်သန်းခဲ့ရတဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ သင်ယူမှုတွေက ကိုယ့်ရဲ့ နောက် ၆ နှစ် ပန်းတိုင်နဲ့ တစ်ထပ်တည်း ဖြစ်အောင် Support ပေးနေဖို့ လိုပါတယ်။ ဒါကြောင့် အရင်ဆုံး Career ကို သေချာရွေးသင့်ပါတယ်။
(၂) အတွေ့အကြုံယူပါ

Photo: Freepik
လုပ်ငန်းအတွေ့အကြုံကို ဘယ်လိုယူမလဲလို့ မေးရင်တော့ အရင်ဆုံး Internship ဆင်းပြီး ယူဖို့ပဲ ပြောရပါလိမ့်မယ်။ အလုပ်သင်ခေါ်တဲ့ ကုမ္ပဏီတွေ အများကြီး ရှိပါတယ်။ တချို့ဆို Paid Intern ခေါ်တာတွေလည်း ရှိပါတယ်။ ကျောင်းက ဆရာ/ဆရာမတွေ အကူအညီနဲ့ ဖြစ်ဖြစ် ၊ Job portal ဝက်ဘ်ဆိုက်တွေကနေ ဖြစ်ဖြစ် လုပ်ငန်းအတွေ့အကြုံယူလို့ရမယ့် အခွင့်အလမ်း ရှာဖွေပါ။
(၃) ဆက်တိုက် လေ့လာနေပါ

Photo: Freepik
ကိုယ်က Web Developer ဖြစ်ချင်တယ်ဆိုပါစို့။ အဲ့ဒါဆိုရင် Web Development အတွက် လိုအပ်တဲ့ Programming Skills နဲ့ ပရောဂျက်အတွေ့အကြုံတွေကို အွန်လိုင်းမှာရော အပြင်က အသိမိတ်ဆွေ ဆရာသမားတွေနဲ့ပါ ချိတ်ဆက်ပြီး လေ့လာရယူသင့်ပါတယ်။ လုပ်ငန်းခွင်မှာ အောင်မြင်မှုရချင်တယ်ဆိုရင် ကိုယ့်ရဲ့ Skills ကို အမြင့်ဆုံးရောက်အောင် မြှင့်ထားဖို့ လိုပါတယ်။
(၄) EQ မြှင့်တင်ပါ

Photo: Freepik
အလုပ်ခွင်မှာ နောက်ထပ် လိုအပ်တဲ့ စွမ်းရည်တစ်ခုက Soft Skills လို့ခေါ်တဲ့ ခေါင်းဆောင်မှု ၊ စီမံခန့်ခွဲခြင်းနဲ့ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်တွေ ဖြစ်ပါတယ်။ ဒီအရည်အချင်းတွေဟာ လုပ်ငန်းခွင်မှာ အဆင့်ဆင့် မြင့်တက်အောင် ကူညီစောင်မပေးနိုင်စွမ်း ရှိလို့ ဖြစ်ပါတယ်။
