ကမ္ဘာပေါ်မှာ စိတ်ကျရောဂါကြောင့် မိမိကိုယ်ကို သတ်သေနေတဲ့လူတွေ အများကြီးရှိကြပါတယ်။ ဒါကြောင့် လူတွေက စိတ်ကျရောဂါကို အသံတိတ် လူသတ်သမားလို့ တင်စားခေါ်ဝေါ်နေကြတာပါ။ စိတ်ကျရောဂါဆိုတာ စနစ်တကျ ကုသမှုခံယူမယ်ဆိုရင် နလံပြန်ထူလာနိုင်ပါတယ်။ ဒါပေမယ့် မကုသဘူးဆိုရင်တော့ ဆိုးရွားတဲ့ အကျိုးဆက်ကို ခံရနိုင်ပါတယ်။ဒီနေ့ kwee page က စိတ်ကျရောဂါရဲ့ ဆိုးကျိုးတွေအကြောင်း ဆွေးနွေးတင်ပြပေးသွားမှာပါ။
ဦးနှောက်ထိခိုက်ခြင်း

Source: Healthline
နာတာရှည်စိတ်ကျရောဂါရှိနေခြင်းဟာ ဦးနှောက်စွမ်းဆောင်ရည်ကို ထိခိုက်စေပါတယ်။ စိတ်ကျရောဂါကို ငယ်စဉ်မှာ မကုသခဲ့ဖူးဆိုရင်တော့ အသက်ကြီးလာတဲ့အခါ အယ်ဇိုင်းမားရောဂါဖြစ်နိုင်ချေ ရာခိုင်နှုန်းများပါတယ်။
ဆီးချိုရောဂါ

Source: Apollo Sugar
စိတ်ကျခြင်းကြောင့် အဆင့် (၂) ဆီးချိုရောဂါ ဖြစ်နှုန်းကို မြှင့်တက်စေနိုင်ပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်သူ၊ ဝဖြိုးသူတွေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်ခြင်းမရှိတဲ့သူတွေမှာ ပိုပြီးမြှင့်မားပါတယ်။ ကျွမ်းကျင်သူတွေက ဆီးချိုရောဂါရှိသူတွေရဲ့ (၂၀) ရာနှုန်းလောက်ဟာ စိတ်ကျရောဂါရှိနေကြောင်း ဖော်ပြထားပါတယ်။
မိမိကိုယ်ကိုသတ်သေခြင်း

Source: Bridges to Recovery
ကမ္ဘာတစ်ဝှမ်း မိမိကိုယ်ကိုသတ်သေခြင်းရဲ့ အဓိကအကြောင်းအရင်းမှာ စိတ်ကျရောဂါ ပါဝင်နေပါတယ်။ သင့်အနေနဲ့ ကိုယ့်ကိုယ်ကိုသတ်သေလိုစိတ်များ ပြင်းပြနေပါက စိတ်ရောဂါအထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ဖို့ အကြံပေးပါရစေ။ မိမိကိုယ်ကို သတ်သေချင်သူတွေမှာရှိတဲ့ ရှေ့ပြေးလက္ခဏာတွေကတော့ ယခင်နှစ်ခြိုက်သောအရာများကို မကြိုက်တော့ခြင်း၊ ရုတ်တရက် ရွင်မြူးနေခြင်းနဲ့ သေခြင်းက အရာရာကိုလွတ်မြောက်စေကြောင်းပြောဆိုနေခြင်းတို့ဖြစ်ပါတယ်။
နှလုံးရောဂါ

Source: Medical News Today
လေ့လာချက်များစွာအရ စိတ်ကျခြင်းဟာ နှလုံးရောဂါဖြစ်ခြင်းကို ဦးတည်ခြင်း၊ ရှိပြီးသားနှလုံးရောဂါကို ပိုဆိုးလာစေခြင်းနဲ့ နှလုံးရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိူးတွေကနေ ပြန်လည်သက်သာစေဖို့ ခက်ခဲခြင်းတို့နဲ့ ဆက်စပ်လျက်ရှိနေပါတယ်။ စိတ်ကျရောဂါရှိခြင်းအပြင် ကျန်းမာရေးနှင့်ညီညွတ်အောင် မစားသောက်ခြင်း၊ ဆေးလိပ်နဲ့ အရက်သောက်ခြင်းတို့ရှိနေပါက နှလုံးရောဂါဖြစ်ဖို့အလားအလာ ပိုများစေပါလိမ့်မယ်။
