ဥစ္စာပေါရုပ်ချောတဲ့သူတွေက မိန်းကလေးတွေ လက်တွဲဖော်အဖြစ်ရွေးချယ်ချင်ကြတဲ့သူတွေလို့ ထင်မှတ်နေရင်တော့ သင်မှားသွားပါလိမ့်မယ်။ ငွေးကြေးချမ်းသာမှု ရုပ်ရည်ချောမောမှုကိုနှစ်သက်တဲ့ မိန်းကလေးတွေမရှိဘူးလို့ မဆိုနိုင်ပါဘူး။ သို့သော်လည်း ဒါဟာလူအနည်းစုပါ။ မိန်းကလေးအများစုကတော့ သူတို့ဘဝရဲ့ လက်တွဲဖော်ရွေးချယ်ရာမှာ အောက်ပါအချက်တွေကို ဦးစားပေးစဉ်းစားလေ့ရှိပါတယ်။

(၁) ဦးဆောင်လိုစိတ်ရှိသူ

Source : College Fashion

မိန်းကလေးတွေ ဘဝလက်တွဲဖော်ရွေးချယ်ကြတဲ့အခါ ရေရှည်ကိုကြည့်လေရှိကြပါတယ်။ ချစ်သူရည်းစား ဘဝမှာသာမက အိမ်ထောင်တစ်ခုထူထောင်ကြသည်အထိ အရာရာတိုင်းကိုရှေ့ကနေ ဦးစီးဦးဆောင်နိုင်စွမ်းရှိသူ နောက်ကွယ်ကနေ ညွန်ကြားနေသူထက် ရှေ့ထွက်ပြီး ဦးဆောင်ချင်စိတ်ရှိသူတွေကိုသာ ပိုပြီးဦးစားပေးရွေးချယ်လေ့ရှိကြပါတယ်။

(၂) ကာကွယ်ပေးနိုင်သူ

Source : Glamour

မိန်းကလေးတွေအနေနဲ့ ဘဝလက်တွဲဖော်ရွေးတဲ့အခါမှာ ချစ်ခင်စုံမက်ရုံသာမက အားကိုးအားထားပြုထားနိုင်ခြင်း လုံခြုံစိတ်ချမှုပေးနိုင်ခြင်းတွေကိုလည်း အဓိကထား ထည့်သွင်းစဉ်းစားလေ့ရှိကြပါတယ်။ ဖြတ်သန်းရမယ့်ဘဝတစ်လျောက်လုံးမှာ ဘယ်လိုအခက်အခဲတွေကြုံလာပါစေ အတားအဆီးတွေ အတိုက်အခိုက်တွေမှန်သမျှကို အတူတူရင်ဆိုင်ပြီး သူမရဲ့ရှေ့က မားမားမတ်မတ်ရပ်တည်ကာကွယ်ပေးနိုင်သူဟာ လက်တွဲဖော်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းတစ်ခုလို့သတ်မှတ်ထားတက်ကြပါတယ်။

(၃) နားထောင်ပေးတက်သူ

Source : USA Today

များသောအားဖြင့် မိန်းကလေးတွေဟာ ယောကျာ်လေးတွေထက်ပိုပြီး စိတ်ခံစားမှုကို ဦးစားပေးလေ့ရှိကြပါတယ်။ စိတ်အားငယ် စိတ်ဓာတ်ကျခြင်း ဝမ်းနည်းခြင်းတွေလည်း ပိုဖြစ်တက်ပါတယ်။ ဒီလိုမျိုး သူမရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ရင်တွင်းစကားသံတွေနဲ့ ပတ်သတ်ပြီး အသေးအမွှားလေးကအစ ဂရုတစိုက်နားထားပေးတက်သူ ခံစားချက်တွေကိုနားလည်ပေးနိုင်သူ ဆွေးနွေးနှစ်သိမ့်မှုကောင်းကောင်းပေးနိုင်သူတွေကို သူမရဲ့ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ရာမှာ မဖြစ်မနေထည့်သွင်းစဉ်းစားလေ့ရှိပါတယ်။

(၄) နွေးထွေးကြင်နာမှုပေးသူ

Source : Efficacy

ငွေကြေးချမ်းသာပေမယ့် အထီးကျန်နေတဲ့ ခံစားချက်မျိုးကို မိန်းကလေးတိုင်း မလိုလားကြပါဘူး။ အိမ်ထောင်ဦးစီးကောင်း လက်တွဲဖော်ကောင်းတစ်ယောက်ဆိုတာ ငွေရှာပေးရုံ လူတန်းစေ့ထားနိုင်ရုံနဲ့ တာဝန်ကျေတယ်ဆိုတဲ့လူမျိုးထက် အချိန်တွေဘယ်လောက်ပဲပြောင်းလဲသွားပါစေ နွေးထွေးကြင်နာမှုတွေ လျော့မသွားတဲ့သူမျိုးကို ပိုပြီးလိုချင်ကြတာဖြစ်ပါတယ်။ နွေးထွေးမှုကြင်နာမှုဆိုတာ ချစ်သူစုံတွဲတွေ လက်တွဲဖော်တွေကြားမှာမရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပဲမဟုတ်လား။