Instagram နာမည်ကျော် Fitness Influencer တစ်ဦးဖြစ်တဲ့ ဒီမီထရီစတက်ဇ်ဟူ့ခ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို အလိမ်အညာဟာသတစ်ခုလို့ ထင်ခဲ့သူ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ရှိတဲ့ ဒီမီထရီစတက်ဟုခ်ဟာ ကိုယ်တိုင်ကလည်း ကျန်းမာတောင့်တင်းပြီး ဗလကောင်းတဲ့သူ ဖြစ်သလို Instagr‌am မှာလည်း Follower ၁ သန်းရှိတဲ့ Fitness Influencer တစ်ယောက် ဖြစ်ပါတယ်။ ကလေးသုံးယောက်ရဲ့ ဖခင်ဖြစ်တဲ့ စတက်ဇ်ဟုခ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ပေါ့သေးသေး ထည့်တွက်မိခဲ့သူ ဖြစ်ပြီး သူမသေခင် ဒီတစ်ပတ်ထဲမှာပဲ ကပ်ရောဂါဘေးကို အလေးအနက်ထားကြဖို့ သူ့ရဲ့ follower တွေကို တိုက်တွန်းခဲ့ပါတယ်။

Photo: Extra.ie

“COVID-19 ဆိုတာ ပေါ့သေးသေး ရောဂါတစ်ခုမဟုတ်ပါဘူး။ အရေးကြီးပါတယ်။” လို့ စတက်ဇ်ဟုခ်က ရေးခဲ့ပါတယ်။ “ကျွန်တော် ဘယ်လို နေထိုင်မကောင်းဖြစ်ခဲ့သလဲဆိုတာနဲ့ လူတွေကို အလေးအနက်သတိပေးချင်ပါတယ်။ ကျွန်တော်ဟာ COVID-19 ဆိုတာ မရှိဘူးလို့ ထင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ နေထိုင်မကောင်း မဖြစ်ခင်အထိပေါ့” စတက်ဇ်ဟုခ်ဟာ တူရကီကို သွားတဲ့ ခရီးစဉ်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာ ဖြစ်ပြီး သူ့မိခင်နိုင်ငံ ဖြစ်တဲ့ ယူကရိန်းကို အပြန်မှာ Positive ဖြစ်လို့ ဆေးရုံတက်ခဲ့ရပါတယ်။ ၈ ရက်ကြာပြီးနောက် ဆေးရုံက ဆင်းခဲ့ပေမယ့် ရောဂါ အသည်းအသန်ဖြစ်လို့ ဆေးရုံကို အပြေးအလွှားပြန်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

Photo: Mirror

သူ့ဇနီး‌ဟောင်း ဆိုဖီယာ (အသက် ၂၅နှစ်) ကတော့ ဗိုင်းရပ်စ်ကြောင့် စတက်ဇ်ဟုခ်ဟာ နှလုံးဖောက်သွားခဲ့ပြီး သတိလစ်နေခဲ့သလို သူ့အခြေအနေကလည်း အလွန်အမင်း အသည်းအသန် ဖြစ်လာခဲ့တယ်လို့ ပြောခဲ့ပါတယ်။ “ဒီမာ (ဒီမီထရီ) က အရင်ကတည်းက နှလုံးစနစ်မှာ ပြဿနာ ရှိထားတာပါ။” လို့ ပြောပါတယ်။ ဒီမီထရီဟာ ဆိုဖီယာနဲ့ ကလေးသုံးယောက်ရခဲ့တာ ဖြစ်ပြီး ကွဲနေတာ ၆ လလောက် ရှိပြီလို့ ဆိုပါတယ်။