ချစ်သူစုံတွဲတွေကို အားကျမိသလို ရှိပေမယ့် ကိုယ့်စိတ်နဲ့ အံမဝင်တဲ့သူတွေပဲ တွေ့တွေ့နေတာကြောင့် တစ်ယောက်တည်း နေလာရင်းနဲ့ Single ဘဝမှာ အသားကျနေသူတွေ ရှိမှာပါ။ Singlehood နဲ့ ကျင့်သားရတာ ကြာလာရင် အဖော်ရှာချင်တဲ့စိတ်ကိုပါ အပြစ်မြင်လာပြီး ကိုယ့်ရဲ့ တစ်ယောက်တည်းနေထိုင်မှုပုံစံကို ကျေနပ်ကြတာ သဘာဝပါပဲ။
ကိုယ့်ကိုယ်တိုင် Single ဖြစ်နေသူတွေနဲ့ ကိုယ့်ဘော်ဒါတွေထဲက တစ်ပွေတည်း လှိမ့်နေတဲ့ ဘဲကြီးတွေကို ကြည့်မယ်ဆိုရင် အခုပြောမယ့် အချက်လေးတွေ ရှိတာကို တွေ့ရပါလိမ့်မယ်။
(၁) ကိုယ်နဲ့ အဆင်ပြေမယ့်သူ မတွေ့မိဘူး

Photo: Freepik
ကိုယ်ကြိုက်ခဲ့တဲ့ ကောင်မလေးတွေက ပေးခဲ့တဲ့ သင်ခန်းစာလည်း ဖြစ်နိုင်ပါတယ်။ တွဲခဲ့တဲ့ ကောင်မလေးတွေ ကြည့်လိုက်ရင် ပြဿနာရှာမယ် ၊ ရစ်မယ် ၊ လိုချင်တာပဲ ပူဆာတတ်ပြီး ကိုယ့်အတွက် ပြန်မစဉ်းစားပေးသူတွေနဲ့ပဲ တွေ့ခဲ့ရင် ကိုယ်က အေးအေးဆေးဆေး နားအေးပါးအေးသမား လုပ်ချင်ပေမယ့် ကောင်မလေးနဲ့ စရိုက်ချင်းကွာနေခဲ့ရင်လည်း အချစ်ကို စိတ်ကုန်ပြီး လက်ရှောင်ချင်သွားတတ်ပါတယ်။
(၂) စွဲစွဲလမ်းလမ်း ချစ်နေမိတဲ့ မိန်းကလေးက ရည်းစားရှိနေတယ်

Photo: Freepik
အချစ်စစ်ဆိုတာ တကယ်ရှိပါတယ်။ ဘယ်လိုလဲဆိုရင် ခင်ဗျားနဲ့ မဆုံနိုင်တဲ့ ရေစက်တစ်ခုမှာ ရှိနေပြီး အဲ့ဒီ ထိလို့မရတဲ့ အိပ်မက်နောက်ပဲ ဖမ်းဆုပ်ဖို့ လိုက်နေမိတာမျိုးပါ။ ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးလို့ ပြောနေပေမယ့် အဲ့ဒီ ဖြစ်မလာနိုင်ခြင်းဆိုတဲ့ ကွက်လပ်ထဲမှာ နေထိုင်ပြီး ဆက်ချစ်နေတဲ့ အဖြစ်မျိုးကြောင့်လည်း Single ဖြစ်သွားနိုင်ပါတယ်။
(၃) အလုပ်ကိစ္စကလွဲပြီး ဘာမှ စိတ်မဝင်စားဘူး

Photo: Freepik
တစ်ချို့လူတွေ Single ဖြစ်တယ်ဆိုတာက တစ်မျိုး။ သူတို့က အလုပ်ပြီးရင်းအလုပ် ဆိုတဲ့ အလုပ်စွဲသမား Workaholic တစ်ယောက်လည်း ဖြစ်ချင်ဖြစ်မယ်။ တစ်နေ့နေ့ အောင်မြင်ရမယ်ဆိုတဲ့ ပြင်းပြထက်သန်တဲ့ စိတ်ဆန္ဒနဲ့ ကြီးပွားအောင် ကြိုးစားနေတဲ့သူလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါကြောင့်ပဲ သူတို့ဟာ အချစ်ဆိုတာကို ခံစားမှုသက်သက်ထက်ပိုပြီး ဖက်တွယ်မထားရာကနေ Singlehood နဲ့ နေနေမိတတ်ပါတယ်။
(၄) ဘော်ဒါတွေနဲ့ပဲ ပျော်တယ်

Photo: Freepik
ရည်းစားထားပြီး ဘော်ဒါတွေနဲ့ အဆင်မပြေဖြစ်ရာကနေ စိတ်ရှုပ်တာကြောင့် Relationship တစ်ခုကို အဆုံးသတ်လိုက်ပြီး ဘော်ဒါတွေနဲ့ ပျော်ပျော်ကြီး နေနေတဲ့ သူတွေလည်း ရှိပါတယ်။ သူတို့ကတော့ သူငယ်ချင်းအချစ် Friendship ကို ရည်းစားချစ် Relationship ထက် ပိုပြီး နှစ်သက်တဲ့သူတွေလည်း ဖြစ်ပါတယ်။
(၅) ရည်းစားထားရမှာ ပျင်းတယ်

Photo: Freepik
ကောင်မလေးတစ်ယောက်ကို ကြိုက်ရတာလည်း လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ရည်းစားဖြစ်ခြင်းဟာ သိပ်ကို ကရိကထများပြီး စိတ်သဘောထားတွေနဲ့ ကိုယ့်ရဲ့ ပင်ကိုယ်နေထိုင်မှု ပုံစံတွေပါ ပြောင်းပေး ပြင်ပေးရတာ ဖြစ်ပါတယ်။ ဘဝမှာ အေးအေးဆေးဆေးပဲ နေချင်တဲ့သူတွေဟာ အဲ့လောက်စိတ်ရှုပ်မခံချင်တာနဲ့ပဲ Single ဘဝကို နေရသရွေ့ နေလိုက်ကြတာ ဖြစ်ပါတယ်။
