မန်ချက်စတာစီးတီးအသင်းဟာ ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူးကို ပြိုင်ဘက်တွေ မလှုပ်ရှားနိုင်ခင် အငိုက်ဖမ်းပြီး ဇန်နဝါရီလမှာ ခေါ်ယူဖို့ စဉ်းစားသွားလိမ့်မယ်လို့ Daily Star က ဖော်ပြခဲ့ပါတယ်။

Source : Sprout Wired
မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်ကို လေးစားဖို့ ဆုံးဖြတ်ခဲ့ပြီး ယခုရာသီကို အသင်းနဲ့အတူ ဆက်ရှိနေပေးခဲ့ပေမယ့် လာမယ့် နွေရာသီမှာတော့ နူးကမ့်ကို စွန့်ခွာလိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။
မက်ဆီသာ ဘာစီလိုနာအသင်းကို စွန့်ခွာခဲ့မယ်ဆိုရင် မန်ချက်စတာစီးတီးအသင်းက ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်လာမှာဖြစ်ပြီး ငွေလိုချင်နေတဲ့ ဘာစီလိုနာအသင်းကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်သွားမယ်လို့ သိရပါတယ်။

Photo: fussboll
ဘာစီလိုနာအသင်းဟာ ယခုလာမယ့်နွေရာသီမှာ မက်ဆီကို အလွတ်နဲ့ ထွက်ခွာခွင့်ပြုရမှာဖြစ်ပြီး မက်ဆီအတွက် တပြားမှမရဘဲ လက်လွှတ်လိုက်ရမယ့်အစား ပြောင်းရွှေ့ကြေးနည်းနည်းပါးပါးရမှာကို ပိုမိုလိုလားမှာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးရဲ့ ဘောလုံးစီမံခန့်ခွဲရေးမန်နေဂျာ အိုမာဘရာဒါက လာမယ့်နှစ်မှာ မက်ဆီကို ခေါ်ယူဖို့အတွက် ဘဏ္ဍာရေးဆိုင်ရာအရင်းအမြစ်တွေရှိနေတယ်လို့ ပြောကြားခဲ့ပြီးဖြစ်ပြီး မက်ဆီရဲ့ ဆရာဟောင်းဖြစ်တဲ့ ဂွါဒီယိုလာနည်းပြနေတဲ့ မန်စီးတီးက အာဂျင်တီးနားကြယ်ပွင့် ပြောင်းရွှေ့ချင်တဲ့နေရာဖြစ်လာလိမ့်မယ်လို့ ယုံကြည်ရပါတယ်။
