ဖြူဖွေးတောက်ပတဲ့ သွားတွေပိုင်ဆိုင်နိုင်ဖို့ဆိုတာ လူတိုင်းနီးပါးရဲ့ အိပ်မက်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လူတော်တော်များများဟာ ဝါနေတဲ့သွားတွေကြောင့် လူအများကြားထဲမှာ ပြုံးရယ်ပြဖို့ ယုံကြည်မှု မရှိတာမျိုးဖြစ်နေတက်ကြပါတယ်။ ဒီနေ့ kwee page က သွားတွေ ဖြူဖွေးနေအောင် ပြုလုပ်လို့ရမယ့် သဘာဝနည်းလမ်းလေးတွေကို ပြောပြပေးသွားမှာပါ။

သွားပုံမှန်တိုက်ပေးပါ

Source: Deer Valley Dental Care

တစ်နေ့ သွား (၂) ကြိမ်ပုံမှန် တိုက်ပေးပါ။ သွားတိုက်တယ်ဆိုရာမှာလည်း နည်းလမ်းမှန်ကန်နေဖို့လိုအပ်ပါသေးတယ်။ သွားတစ်ခါတိုက်ရင် အနည်းဆုံး (၂) မိနစ်ကြာပါစေ။ သွားပွတ်တံကို အပေါ် အောက် သေချာဆွဲတိုက်ပြီး အတွင်း၊ အပြင်ချောင်တွေပါမကျန် အကုန်နှံစပ်အောင် တိုက်ပေးပါ။

အစာစားပြီးတိုင်း ပလုတ်ကျင်းပေးပါ

Source: Daily Mail

အစာစားပြီးတိုင်း ပလုတ်ကျင်းပေးဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။ ဒီလို ပလုတ်ကျင်းပေးလိုက်တာကြောင့် သွားထဲမှာ ကျန်နေနိုင်တဲ့ စားကြွင်းစားကျန်တွေ အကုန်ထွက်သွားနိုင်မယ့်အပြင် သွားပေါ်မှာ ကပ်နေနိုင်တဲ့ အစွန်းအထင်းတွေလည်း ရေနဲ့အတူပါသွားမှာဖြစ်ပါတယ်။ ဒါဟာ သွားကျန်းမာရေးအတွက် ကောင်းတဲ့ အလေ့အကျင့်တခုဖြစ်ပါတယ်။

ပန်းသီးရှာလကာရည်

Source: Faviana

ပန်းသီး ရှာလကာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်းလောက်ကို ရေ ၆ အောင်စနဲ့ ရောစပ်ပြီး စက္ကန့် ၃၀ လောက် ပလုတ်ကျင်းပေးပါ။ ပြီးရင် ရေနဲ့ သေချာပြန် ပလုတ်ကျင်းပြီး ပုံမှန်အတိုင်း သွားပြန်တိုက်ပေးပါ။ အစွန်းအထင်းတွေကို အရောင်ချွတ်နိုင်စွမ်းရှိတဲ့ ပန်းသီး ရှာလကာရည်ကြောင့် သင့်သွားတွေဖြူဖွေးလာမှာ အသေအချာပါ။ တစ်ခုရှိတာက သွားရဲ့ ကြွေလွှာတွေ ပျက်စီးစေတတ်တာကြောင့် ပန်းသီးရှာလကာရည်ကို တစ်ပါတ်တစ်ခါလောက်ပဲ သုံးပေးသင့်ပါတယ်။

သွားကို အရောင်စွန်းစေတဲ့ အစားအသောက်တွေကို ရှောင်ပါ

Source: dental clinic in jamaica

ကော်ဖီတို့၊ ဝိုင်တို့ ဆေးလိပ်တို့ဆိုတာ သင့်သွားကို ဝါစေတဲ့ ထိပ်ဆုံးက အစားအစာတွေ ဖြစ်ပါတယ်။  အရောင်တင်မှုန့်တွေထည့်ပြီးချက်ထားတဲ့ ဟင်းတွေကြောင့်လည်း သင့်သွားတွေ အရောင်စွန်းတတ်ပါသေးတယ်။ ဒါကြောင့် သွားကို စွန်းထင်းစေနိုင်တဲ့ အရောင်ဆိုးထားတဲ့ အစားအသောက်တွေကို နေ့စဉ်မစားမိဖို့တော့ လိုပါတယ်။