ပင်မှည့်သီးဖျော်ရည်ကို လူတော်တော်များများနှစ်ခြိုက်ကြပါတယ်။ အရသာလည်းရှိသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေရှိနေပါသေးတယ်။ ဒီနေ့ kwee page က ပင်မှည့်သီးတွေဆီကနေရနိုင်တဲ့ အကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးသွားမှာပါ။
အာဟာရဓာတ်ကြွယ်ဝတယ်

Source: Jennifer
ချဉ်ချိုချို အသီးလေဖြစ်တာကြောင့် ဗီတာမင် (C) ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါ့အပြင် နှလုံးကြွက်သားတွေနဲ့ သွေးကြောတို့အတွက် လိုအပ်တဲ့ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ နောက်ပြီး အမျှင်ဓာတ်၊ သံဓာတ်နဲ့ ကယ်လ်ဆီယမ် စတဲ့ အဟာရဓာတ်တွေကြွယ်ဝတဲ့ အသီးလည်းဖြစ်ပါတယ်။
ခုခံအားကို မြှင့်တက်စေပါတယ်

Source: Treehugger
ခုခံအားအတွက် အရေးကြီးတဲ့ ဗီတာမင် (C) ကြွယ်ဝစွာပါဝင်တဲ့ အသီးဖြစ်တာကြောင့် ကိုယ်တွင်းကို ဝင်လာမယ့် ရောဂါပိုးတွေကို သူက ကူပြီး တိုက်ထုတ်ပေးပါတယ်။
အစာခြေစနစ်ကို အထောက်အကူပြုပေးတယ်

Source: Treehugger
ပင်မှည့်သီးက အစာကြေ စေတဲ့အပြင် အစာခြေစနစ်ကို ကူညီပေးတဲ့အတွက် အစာအိမ်သမားတွေ စားသုံးပေးသင့်တဲ့ အသီးလည်းဖြစ်ပါတယ်။
အမြင်အာရုံအတွက် ကောင်းတယ်

Source: Healthifyme
ပင်မှည့်သီးရဲ့ ကြွယ်ဝလှတဲ့ (flavonoids) တွေက သင့်မျက်လုံး အပေါ် သက်ရောက်တဲ့ ဓာတုပစ္စည်းမှန်သမျှကို ဖယ်ရှားပေးမှာ ဖြစ်လို့ မျက်လုံးကျန်းမာရေးအတွက် ဆေးတစ်ခွက်ဆိုလည်း မမှားပါဘူး။
လူကို လန်းဆန်းစေပါတယ်

Source: Vaya.in
ပင်မှည့်သီးဖျော်ရည်ရဲ့ ချဉ်ချိုချိုအရသာကြောင့် သောက်လိုက်တဲ့ လူတိုင်းကို လန်းဆန်းစေမှာ အသေအချာပါ။ ရေဓာတ်ကြွယ်ဝတဲ့အတွက် အခြား ဖျော်ရည်တွေလိုမျိုး သောက်ပြီးတာနဲ့ ရေဆာခြင်းကို မဖြစ်စေသလို ခံတွင်းကိုလည်းရှင်းစေပါတယ်။
