လူရယ်လို့ဖြစ်လာပြီဆိုရင် တစ်ယောက်ထဲနေဖို့ရာ ခဲယဉ်းလှပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေရှိမှ ပျော်စရာကောင်းတာပါ။ မိတ်ဆွေအပေါင်းအသင်းတွေထဲမှာ ကိုယ့်အပေါ်ကောင်းတဲ့လူတွေရှိသလို အတုအယောင်တွေလည်းရှိပါတယ်။ ဒီနေ့ kwee page က မိတ်ဆွေအတုအယောင်တွေမှာ တွေ့ရလေ့ရှိတဲ့ အမူအကျင့်တွေအကြောင်းပြောပြပေးသွားမှာပါ။
လိုသုံးလုပ်တက်တယ်
Source: SheKnows
မိတ်ဆွေအတုအယောင်တွေက သင့်ကိုလိုတဲ့အချိန်မှသာ ဆက်သွယ်ပြီး အကူအညီတောင်းတက်ပါတယ်။ ကျန်တဲ့အချိန်တွေမှာဆိုရင် သင့်ကိုရှိတယ်လို့တောင် မထင်ပါဘူး။ သူတို့လိုအပ်တဲ့အချိန်တွေဆိုရင်တော့ နည်းအမျိုးမျိုးနဲ့ သင့်ဆီကအကူအညီ ရယူလေ့ရှိတယ်။ ဒီလိုလူမျိုးတွေနဲ့ ဝေးဝေးမှာနေတာ အကောင်းဆုံးပါ။
နောက်ကွယ်မှာ အတင်းစကားပြောတယ်
Source: Live Science
သင့်အပေါ်မကောင်းတဲ့ မိတ်ဆွေအတုတွေဟာ နောက်ကွယ်မှာ သင့်အကြောင်းကို အတင်းစကားပြောတက်ကြပါတယ်။ သင့်ရဲ့ ရှေ့မှာတစ်မျိုးပြောပြီးတော့ နောက်ကွယ်မှာတော့ သင့်ရဲ့မကောင်းကြောင်းတွေကို ပြောလေ့ရှိပါတယ်။
လိုအပ်တဲ့အချိန်မှာ အကူအညီပေးလေ့မရှိဘူး
Source: Society19
မိတ်ဆွေအစစ်နဲ့မိတ်ဆွေအတု ဖြစ်တယ်ဆိုတာ သင်ဒုက္ခရောက်နေတဲ့အချိန်မှာ ပိုပြီးထင်ထင်ရှားရှားသိနိုင်ပါတယ်။ သင် ဒုက္ခရောက်နေတဲ့အချိန်မှာ အနားမှာရှိပေးပြီး လိုအပ်တဲ့အကူအညီတွေကို တက်နိုင်သလောက် ကူညီပေးတဲ့လူတွေဟာ မိတ်ဆွေအစစ်ဖြစ်ပါတယ်။ မိတ်ဆွေအတုတွေကတော့ သင်ဒုက္ခရောက်နေပြီဆိုတာသိတာနဲ့ သင့်အနားကနေ ထွက်ခွာသွားပါလိမ့်မယ်။
ရိုးသားမှုမရှိဘူး
Source: Friends arguing
မိတ်ဆွေအတုအယောင်တွေက သင့်အပေါ်မှာ ရိုးသားမှုမရှိပါဘူး။ ဒီအချက်ကိုတော့ သူတို့နဲ့ ပေါင်းသင်းရတဲ့အချိန် ကြာလာတာနဲ့အမျှ သိလာပါလိမ့်မယ်။ သူတို့တွေဟာ သင့်အပေါ်လိမ်ညာပြောဆိုရုံသာမက သင်အောင်မြင်နေတာကိုလည်း မနာလိုဖြစ်နေတက်ပါတယ်။ ဒီလို မိတ်ဆွေအတုအယောင်တွေနားကနေ အမြန်ဆုံး ရှောင်ဖယ်သွားတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။