ဒီနေ့ kwee page ကပရိသတ်တွေအတွက် ဗဟုသုတ ဖြစ်ဖွယ်ရာ အကြောင်းအရာလေးတွေကို ဖော်ပြပေးသွားမှာပါ။ ဒါကတော့ စတင်ပြီး ဖန်တီးပြုလုပ်တုန်းက ယာယီအတွက်သာ ရည်ရွယ်ခဲ့ပေမယ့် ယနေ့အထိတိုင် တည်မြဲနေတဲ့ ဖြစ်ရပ်တွေအကြောင်းပါပဲ။
ဝင်ငွေခွန်

Source: Offshore Citizen
ဝင်ငွေခွန်ကို (၁၇၉၉) ခုနှစ်မှာ ဝီလီယံပစ်ထ် (William Pitt) ကစတင်ပြီး ပြဌာန်းခဲ့တာပါ။ စတင်ပြဌာန်းတုန်းက ယာယီအတွက်တာ ရည်ရွယ်ခဲ့ခြင်းဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့ နပိုလီယံ စစ်ပွဲအတွက် ကုန်ကျစရိတ်ရှာဖွေဖို့အတွက်ပဲဖြစ်ပါတယ်။ တစ်နှစ်ကို ဝင်ငွေ ပေါင် (၆၀) ထက်ပိုတဲ့ လူတိုင်း (၀.၈) ရာခိုင်နှုန်းအခွန်အဖြစ် ပေးဆောင်ရပါတယ်။ အခွန်အဖြစ်ဆောင်ရပါတယ်။ ဒါပေမယ့် (၁၈၀၂) ခုနှစ်ကနေ (၁၈၁၆) အထိ ဖျက်သိမ်းခဲ့ပြီးအခွန်စနစ်ကိုဖျတ်သိမ်းခဲ့ပါတယ်။ ဝါတာလူးစစ်ပွဲအပြီး နောက်တစ်နှစ်မှာ ဆာရောဘတ်ပီး (Sir Robert peel) က ပြန်လည်မိတ်ဆက်ခဲ့ပြီး အဲဒီနောက် နှစ်စဉ် လွှတ်တော်မှာ အသစ်အသစ်သော အခွန်ပုံစံတွေကို ဆက်လက်ပြဌာန်းနေတုန်းပါပဲ။
အီဖယ် တာဝါ

Source: Pinterest
ပြင်သစ်နိုင်ငံ ပါရီမြိုက နာမည်ကျော် အီဖယ် တာဝါကိုတော့ ပရိသတ်တွေ သိကြမှာပါ။ အဲ့ဒီတာဝါကြီးကို (၁၈၈၉) ခုနှစ်က စတင်တည်ဆောင်ခဲ့တာပါ။ နှစ် (၂၀) အတွက်တာ ရည်ရွယ်ပြီး တည်ဆောက်ခဲ့ပေမယ့် ယနေ့အထိ အခိုင်အမာရှိနေဆဲပါပဲ။
ဆောက်ဂိတ် (Gareth Southgate)

Source: Evening Standard
အင်္ဂလန်အသင်းနည်းပြ Gareth Southgate ကို (၂၀၁၆) စက်တင်ဘာမှာ ယာယီနည်းပြအဖြစ်သာခန့်အပ်ခဲ့တာပါ။ နောက်ပိုင်းမှာ နိုင်ငံရေးသမား John Eveleigh ရဲ့ ထောက်ခံအားပေးမှုနဲ့အတူ နိုဝင်ဘာလမှာ လေးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဆောက်ဂိတ် ဟာယနေ့အထိ အင်္ဂလန်နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေဆဲပါ။
ကန့်သတ်အမြန်နှုန်း (Speed limit of 70 mph )

Source: 6abc Philadephia
(၁၉၆၅) ခုနှစ်မှာ ဗြိတိန်ရဲ့ အမြန်လမ်း ကို တစ်နာရီ (၇၀) မိုင်နုန်းအဖြစ် ယာယီသတ်မှတ်ခဲ့ပြီး မြို့တွင်းလမ်းတွေကတော့ တစ်နာရီ (၃၀) မိုင်နှုန်းဖြစ်သတ်မှတ်ခဲ့ပါတယ်။။ (၁၉၆၇) ခုနှစ်အရောက်မှာတော့ ဒါကိုအမြဲတမ်းအတွက် အတည်ပြုခဲ့ပါတယ်။
London Eye

Source: Evening Standard
(၁၉၉၈) ခုနှစ်မှာ စတင်တည်ဆောင်ခဲ့ပြီး (၅) နှစ်သက်တမ်းအတွက်သာ ရည်ရွယ်ခဲ့တာပါ။ အဆိုပါ ချားရဟတ်ကြီးဟာ ဖြုတ်သိမ်းလို့လည်းရသလို နေရာအသစ်တွေမှာလည်း ရွှေ့ပြောင်းတပ်ဆင်နိုင်ပါတယ်။ London Eye ကို (၂၀၀၀) ပြည့်နှစ်မှာ အများပြည်သူတွေအတွက် ဖွင့်လှစ်ခဲ့ပါတယ်။
