အလေ့အကျင့်ဟောင်းတွေက ဖျောက်ဖျက်ပစ်ဖို့ခက်ခဲပါတယ်။ ဒါ့ကြောင့် တစ်ခါတစ်လေ ကျွန်တော်တို့တွေဟာ ကျန်းမာရေးကိုထိခိုက်စေတဲ့ အလေ့အကျင့်မျိုးတွေကို လုပ်နေမှန်းမသိလိုက်ဘဲ လုပ်မိနေတက်ပါတယ်။ အထူးသဖြင့် မနက်ခင်းလို အချိန်အခါမျိုးတွေမှာပေါ့။ မနက်စာအတွက် ကော်ဖီသောက်တာ၊ နွားနို့သောက်တာတွေက ကောင်းတဲ့ အလေ့အကျင့် မဟုတ်ပါဘူး။
ဒီနေ့ kwee page က မနက်ခင်းမှာ မလုပ်သင့်တဲ့အလေ့အကျင့်ဆိုးများနဲ့ လုပ်သင့်တဲ့အလေ့အကျင့်ကောင်းလေးတွေအကြောင်း ပြောပြပေးသွားမှာပါ။
မနက်ခင်းရေ မချိုးခြင်း

လူတော်တော်များများဟာ အထူးသဖြင့် အအေးပိုင်းမှာနေတဲ့လူတွေဟာ မနက်ခင်းထတာနဲ့ ရေချိုးလေ့မရှိဘဲ မျက်နှာပဲသန့်ရှင်းရေးလုပ်ပြီး တစ်နေ့တာကို ဖြတ်သန်းလေ့ရှိကြပါတယ်။ ဟာဗက်က ကျွမ်းကျင်ပညာရှင်တွေရဲ့ လေ့လာစမ်းသပ်ချက်တွေအရတော့ မျက်နှာသစ်မနေတော့ဘဲ အိပ်ရာထတာနဲ့တစ်ခါထဲ ရေချိုးခြင်းက ဦးနှောက်ကို ပေါ့ပါးသွက်လက်စေပြီး တစ်နေ့တာလုံး စိတ်ကြည်လင်စေနိုင်ပါတယ်တဲ့။ မနက်စောစောရေချိုးတာက စိတ်ကူးဉာဏ်အသစ်များကိုလည်း ဖြစ်ပေါ်စေနိင်တယ်လို့ ဆိုထားပါတယ်။
ရေနွေးဖြင့်ရေချိုးခြင်း

ရေနွေးဖြင့်ရေချိုးခြင်းဟာ အကြောအချဉ်တွေ ပြေလျှော့စေတာကြောင့် မနက်ခင်းတွေလိုအချိန်မျိုးမှာ ရေနွေးနဲ့ ရေးချိုးပြီတာနဲ့ အိပ်ယာထဲပြန်ဝင်ချင်စိတ် ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒါ့ကြောင့် မနက်ခင်းပိုင်းမှာ ရေနွေးဖြင့် ရေမချိုးသင့်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ သာမန်ရိုးရိုးရေနဲ့ နေ့စဉ်ပုံမှန်ချိုးပေးမယ်ဆိုရင် အသားအရေခြောက်သွေ့ခြင်း ကင်းဝေးပြီး တစ်နေ့တာလုံး လှုပ်ရှားရုန်းကန်ဖို့အတွက် လုံလောက်တဲ့ စိတ်ဓာတ်တက်ကြွမှုကို ရရှိမှာဖြစ်ပြီး သင့်ကို လန်းဆန်းနေစေမှာပါ။ ပြီးတော့ ရေအေးနဲ့ရေချိုးမယ်ဆိုရင် တစ်နှစ်မှာ (၉) ပေါင်ခန့် ကျသွားနိုင်တယ်လို့ လေ့လာမှုတစ်ခုက ထောက်ပြထားပါတယ်။
ဖုန်းကိုအချိန်အကြာကြီးကြည့်ခြင်း

ဆိုရှယ်မီဒီယာတွေက လူတွေကို ဖုန်းအကြာကြီးကြည့်မိအောင် ဆွဲဆောင်နေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ တကယ်လို့ အချိန်ကြာမြင့်အောင် အသုံးပြုလိုက်မယ်ဆိုရင် မနက်စာစားချိန်နောက်ကျခြင်း၊ လုပ်ငန်းခွင်ကို ဝင်ရောက်ဖို့နောက်ကျခြင်း စတာတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် စိတ်ညစ်စရာအကြောင်းအရာများ၊ စိတ်အနှာက်အယှက်ဖြစ်စရာ ရုပ်ပုံများ တွေ့မြင် ဖတ်ရှုမိလိုက်မယ်ဆိုရင် တစ်နေ့တာလုံး စိတ်အနှောက်အယှက်တွေ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် မနက်ခင်း ထတဲ့အချိန်မှာ ဖုန်းကို မကြည့်မိပါစေနဲ့။ လုပ်စရာရှိတာတွေကို အရင်ဆုံး ပြီးစီးအောင်လုပ်ပြီးမှ ဖုန်းကို ကြည့်ဖို့ အကြံပေးပါရစေ။
Black Coffee (ကော်ဖီခါးခါး) သောက်ခြင်း

မနက်ခင်းအိပ်ယာထတာနဲ့ black coffee သောက်ခြင်းဟာ ရင်တုန်ပန်းတုန်ဖြစ်စေပြီး စိုရိမ်ပူပန်မှုတွေကို မြင့်တက်စေပါတယ်။ အစာအိမ်ထဲမှာ အစာမရှိဘဲ ကော်ဖီပြင်းပြင်းတစ်ခွက် သောက်မိမယ်ဆိုရင် နှလုံးတုန် ရင်တုန်ပြီးတော့ လန်းဆန်းတက်ကြွမှုတွေ ပျောက်ဆုံးစေနိုင်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်အရတော့ ကော်ဖီသောက်ဖို့ အကောင်းဆုံးအချိန်ဟာ အိပ်ယာနိုးပြီး (၃ – ၄) နာရီအကြာမှာ ဖြစ်ပါတယ်။
Source: Bright Side
