သင့်ရဲ့မွေးလက သင့်အကြောင်းတွေကို ပြောပြပေးနိုင်တယ်ဆိုတာ သင်သိပါသလား? ဟုတ်ပါတယ် မွေးလတွေက သင့်ရဲ့အကျင့်စရိုက်ကိုများစွာ အကျိုးသက်ရောက်မှုရှိပါတယ်။ Numerologist လို့ခေါ်တဲ့ ကိန်းဂဏန်းပညာရှင်တွေရဲ့ ပြောပြချက်အရ မွေးလတွေဟာ လူတယောက်ရဲ့ အလုပ်အကိုင်၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်များနဲ့ အပြုအမူတွေအားလုံးအပေါ်လွှမ်းမိုးမှုရှိနေတယ်လို့ဆိုပါတယ်။ ဒါဆို အောက်မှာမွေးလတွေကပြောတဲ့ အကြောင်းအရာတချို့ကို လေ့လာကြည့်ရအောင်ပါ။


Source : The Law Of Attraction

(၁) January

January မွေးတဲ့သူတွေဟာ ရဲရင့်တယ်၊ တက်ကြွနိုးကြားမှုရှိပြီး သူများရဲ့ထင်မြင်ချက်ကိုမလိုချင်ကြတဲ့ ခေါင်းမာသူလေးတွေပါတဲ့။

(၂) February

February မွေးတဲ့သူတွေကတော့ ကံကောင်းမှုတွေရတတ်ပြီး သစာရှိသူလေးတွေဖြစ်ကြပါတယ်။ ခရီးသွားခြင်းနဲ့စွန့်စားခန်းတွေကိုနှစ်သက်ပြီး အိမ်မှာနေရတာလဲကြိုက်ကြပါတယ်။

(၃) March

March မွေးသူတွေက ရွတ်နောက်နောက်နေတတ်တဲ့ ဉာဏ်လဲကောင်းသူလေးတွေပါတဲ့။ စိတ်ကူးစိတ်သန်းကောင်းကြပြီး တယောက်တည်းနေတာကို နှစ်သက်ကြပါတယ်။

(၄) April

April born လေးတွေကတော့ သူတပါးကိုဂရုစိုက်တတ်သူလေးတွေဖြစ်ပြီးတော့ ကြံ့ခိုင်ကြပါတယ်။ ပွင့်ပွင့်လင်းလင်းစကားပြောတတ်ပြီး သူတို့ကိုဘယ်မျိုးထင်မြင်ယူဆလဲဆိုတာ ဂရုမစိုက်တတ်သူလေးတွေပါ။

(၅) May

May မှာမွေးတဲ့သူလေးတွေက ချစ်ခြင်းမေတ္တာကို အလေးထားပြီး လက်တွေ့ဆန်ကြသူတွေလဲဖြစ်ပါတယ်။ လူမှုဆက်ဆံရေးကောင်းပြီး ဘယ်နေရာရောက်ရောက်မိတ်ဖွဲ့တတ်ကြပါသတဲ့။

Source : Pinterest

(၆) June

June လဖွားလေးတွေကတော့ စိတ်ကူးယဉ်ဆန်တတ်ကြပြီး စူးစမ်းတတ်ကြပါတယ်။ အနည်းငယ်အထိမခံဖြစ်တတ်ကြပေမယ့် ချစ်စရာကောင်းသူတွေဖြစ်ကြပါတယ်တဲ့နော်။

(၇) July

July လမွေးဖွားသူတွေကတော့ စွန့်စားရတာကြိုက်ကြပြီး ဖော်ရွေသူလေးတွေဖြစ်ပေမယ့် ချဉ်းကပ်ရတော့မလွယ်ပါဘူး။ စိတ်ထားနူးညံ့သူလေးတွေဖြစ်လို့ အလွယ်တကူနာကျင်တတ်ကြပါတယ်တဲ့။

(၈) August

August မွေးသူအများစုက တက်ကြွပြီး အလုပ်ကြိုးစားသူတွေပါ။ ကြင်နာတတ်သူတွေဖြစ်ပြီး တခြားအရာတွေထက် မိသားစုကိုတန်ဖိုးထားကြပါတယ်။ ငွေရွှင်သူလေးတွေဖြစ်ပြီး အလုပ်လဲကြိုးစားကြပါတယ်။

(၉) September

September မွေးသူလေးတွေကတော့ အကဲဆတ်ကြသူလေးတွေပါ။ ဉာဏ်ကောင်းပြီး တခါတလေမှိုင်းတွေတွေလေးနေတတ်ကြပါတယ်။ ဒီလမှာမွေးသူလေးတွေက သူတို့ကိုယ်ပိုင် နယ်ပယ်မှာလဲ ထူးချွန်တတ်ကြပါတယ်။

(၁၀) October

October မွေးသူတော်တော်များများက စတိုင်လ်ကျပြီး သူငယ်ချင်းလဲများများရှိကြပါတယ်တဲ့။ အချိန်တိုင်းကံကောင်းတတ်ကြပြီး စိတ်လဲကြီးတတ်ကြပါတယ်။

Source : Vita Insieme

(၁၁) November

November မွေးဖွားတဲ့သူတွေက သဘောမနောကောင်းပြီး ဖော်ရွေတတ်ကြပါတယ်။ ရက်ရောတာကသူတို့ရဲ့အားသာချက်ဖြစ်ပြီး ချီးမွမ်းခံရတာကိုတော့ သိပ်မကြိုက်တတ်ကြပါဘူးတဲ့။

(၁၂) December

နောက်ဆုံးလဖြစ်တဲ့ December born လေးတွေက confident အပြည့်ရှိပြီး လွတ်လွတ်လပ်လပ်နေချင်ကြသူ တွေဖြစ်ပါတယ်။ လက်တွဲဖော်ရ ကံကောင်းကြပြီး ကိုယ်နှစ်သက်တဲ့အလုပ်ကိုလုပ်ကိုင်ကြသူတွေပါတဲ့။