မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်က ပီအက်စ်ဂျီအသင်းကို ၂-၁ နဲ့ အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ တိုးတက်ဖို့အတွက် လုပ်ရမယ့်နေရာတွေအများကြီးရှိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ၈၇ မိနစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရရှိစေမယ့် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ အဓိကအင်အားကြီးပြိုင်ဘက်အသင်းကို အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo: Metro

မန်ချက်စတာယူနိုက်တက်ရဲ့ နိုင်ပွဲဟာ ထိုက်တန်ခဲ့ပေမယ့် ရမှတ် ၃ မှတ်စလုံးကို ရယူနိုင်ဖို့အတွက် ပွဲချိန်အစောပိုင်းမှာ အခွင့်အရေးတွေ များစွာ ရရှိခဲ့ပေမယ့်လည်း ရက်ရှ်ဖို့ဒ်၊ ဖာနန်ဒက်စ်နဲ့ မာရှယ်တို့အားလုံးက အခွင့်အရေးကောင်းတွေကို အသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ အသင်းကို အနိုင် ၃ မှတ်ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်နေမယ်လို့ နားလည်ခဲ့ရပေမယ့်လည်း အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးက ၎င်းအသင်းအနေနဲ့ ပြိုင်ပွဲနောက်ဆုံးအဆင့်တွေအထိ တက်ရောက်ချင်တယ်ဆိုရင် ဂိုးရှေ့မှာ ပိုပြီး သေချာဖို့ လိုတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဒီအဆင့်အတွက် ဒီနေ့မှာ ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ တွေးခဲ့မိပါတယ်။ ပထမပိုင်းက ဆုံးဖြတ်ချက်ချမှတ်မှုအချို့နဲ့ ဒုတိယပိုင်းမှာတောင် ရှေ့တန်းမှာ ဆိုးရွားခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ ဆက်လုပ်ပြီး တိုးတက်အောင်လုပ်နိုင်ရမယ့် အရာတစ်ခုပါ”

Photo : Metro

“နည်းပြက ဒီနေ့မှာ လူမှန်နေရာမှန် အကွက်ချနိုင်ခဲ့တယ်။ စနစ်က ကျွန်တော်တို့ကိုယ်တိုင် တိုက်စစ်ကို ကစားပြီး ထုတ်ဖော်ပြသဖို့ ခွင့်ပြုပေးနိုင်ခဲ့ပေမယ့် ခံစစ်ကိုလည်း လျော့တိလျော့ရဲမဖြစ်အောင် ထိန်းသိမ်းစေနိုင်ခဲ့ပါတယ်။ အဲဒါက ကြီးမားတဲ့နိုင်ပွဲဆိုပေမယ့် ကျွန်တော်တို့ အများကြီး တိုးတက်ဖို့လည်း လိုအပ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။