ရုပ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းဖို့ နဲ့ မလိုအပ်တဲ့ အဆီပိုလျှံတွေ လျှော့ချဖို့ Diet စားဖို့ ညွှန်းကြပါတယ်။ ဒီတစ်ခါ ပြောမှာက စိတ်ကို အာဟာရကျွေးတဲ့ Mental Diet ပေးခြင်းပဲ ဖြစ်ပါတယ်။ Mental Diet ဆိုတာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲမှာ ဖြတ်သန်းတွေ့ကြုံနေရတဲ့ အတွေးတွေ ၊ အာရုံနဲ့ သတင်းအချက်aအလက်တွေကို ကိုယ့်စိတ်သန်စွမ်းကြံ့ခိုင်ကျန်းမာအောင် ပြုပြင်စီမံပြီးမှ စနစ်တကျ စားသုံးလိုက်တာကို ဆိုလိုပါတယ်။ လူတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာ ပိုပြီး အဆင့်မြင့်လာအောင် အကောင်းစား Mental Diet ကျွေးနေဖို့ လိုပါတယ်။ ဒါကြောင့်ပဲ ဒီဆောင်းပါးမှာ ကိုယ့်ကို ပိုပြီးကောင်းမွန်တဲ့ လူတစ်ယောက်အဖြစ်ကို ရောက်စေမယ့် Mental Diet တစ်ခု ဖန်တီးတဲ့နည်းလေး မျှဝေလိုက်ရပါတယ်။
(၁) အကောင်းမြင်ဖို့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ပါ

Photo: Freepik
ကိုယ့်ရဲ့ တစ်နေ့တာ လှုပ်ရှားခံစားမှုအားလုံးကို အကောင်းဘက်က ကြည့်တဲ့နည်းနဲ့ ဖြတ်သန်းမယ်ဆိုတဲ့ Challenge လေး လုပ်ပါ။ ဒီနေ့ ကောင်းတဲ့ဘက်က ရှာကြံတွေးမယ်။ အတွေးဆိုးတွေကို မောင်းထုတ်မယ်လို့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ကြည့်ပါ။ တကယ်လုပ်ဖြစ်အောင်လည်း လုပ်ပါ။ ကိုယ့်စိတ်သဘောထားကို ကောင်းအောင်ပြောင်းမယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ ဒီ Challenge ကို ဘယ်နှစ်ရက် လုပ်မှာလဲ။ တစ်ပတ်လား ။ နှစ်ပတ်လား ။ ၃ လလား ။ ကိုယ့်ဘာသာ ကတိပြုပါ။ ကဲ.. အခြေအနေတိုင်းမှာ ကောင်းတာရှာဖို့ ကြိုးစားမယ်လို့ ဆုံးဖြတ်ကြည့်ပါ။
(၂) မျှော်လင့်ချက် ရှိပါ

Photo: Freepik
ငွေရောင်အနားသတ်တွေကို ကြည့်တတ်ခြင်းဟာ ဘဝကို နိုးကြားပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ အထောက်အကူဖြစ်ပါတယ်။ ဘယ်လို အနေအထားမှာမဆို အဆိုးရှိသလို အကောင်းလည်း ရှိနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ခေါင်းထဲကို ထည့်သွင်းလိုက်တဲ့အချက်အလက်ပေါ် မူတည်ပြီး အဖြေတွေ အမျိုးမျိုး ထွက်တာ ဖြစ်ပါတယ်။ ကောင်းတဲ့ Data တွေ ထည့်ဖို့ ကြိုးစားပါ။
(၃) လူမှုကွန်ရက်သုံးတာ လျှော့ပါ

Photo: Freepik
Social Media တွေဟာ ကျွန်တော်တို့ရဲ့ Mental Diet မှာ ကျန်းမာရေးနဲ့ မညီတဲ့ Junk Foods တွေ ဖြစ်ပါတယ်။ အကောင်းဆုံးက Social Media ကို အမှောင်ချထားပြီး လူမှုကွန်ရက်သတင်းအချက်အလက်တွေနဲ့ ခဏအဆက်ဖြတ်ထားဖို့ပါပဲ။ တကယ်တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေ ရွေးယူဖို့ လူမှုကွန်ရက်မဟုတ်တဲ့ နေရာတွေ အများကြီး ရှိပါတယ်။ News Feed ပေါ်က သတင်းတွေကို ကြည့်လိုက်မယ်ဆိုရင် ခြောက်ခြားထိတ်လန့်စရာ ၊ စိုးရိမ်ပူလောင်စရာနဲ့ မကောင်းတဲ့ အချက်အလက်တွေချည်းလို ဖြစ်နေတာပါပဲ။ သတင်းတွေဟာ ပျော်ရွှင်ကြည်လင်ပြီး ဟန်ချက်မျှတစွာ နေထိုင်သူအတွက် ဒီဇိုင်းထုတ်ထားတာ မဟုတ်ပါဘူး။
(၄) Monk Mode နဲ့နေပါ

Photo: Freepik
သောကတွေ ဖယ်ခွာပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တဲ့ အလုပ်လုပ်တာကို Monk Mode လို့ ဆိုချင်ပါတယ်။ ဗာရီဟတွေနဲ့ ရှုပ်ထွေးရောတင် ဖြစ်နေတဲ့ အနေအထားကနေ အားလုံးကို ချန်ထားနိုင်ပြီး စိတ်ကို ပြန်စောင့်ကြည့်ပြီး အေးအေးလူလူ နေဖို့ အချိန်ပေးပါ။ ဒါဟာ ကိုယ့်စိတ်ကို ဗားရှင်းမြှင့်တဲ့ Mental Diet ကျွေးနေတာပဲ ဖြစ်ပါတယ်။
