ခရမ်းချဉ်သီးဟာ ကျန်းမာရေးအကျိုးကျေးဇူးများစွာနှင့် ဆက်နွယ်နေတဲ့ antioxidant ဓာတ်အရင်းအမြစ်တစ်ခုဖြစ်ပြီး ဗီတာမင် C ၊ ဗီတာမင် E ၊ ပိုတက်စီယမ်၊ ဖောလိတ်နှင့် ဗီတာမင် K ဓာတ်များ အမြောက်အများပါဝင်ပါတယ်။ ခရမ်းချဉ်သီးကိုအများစုကတော့ ဟင်းချက်၍လည်းကောင်း အစိမ်းတိုင်းသုပ်၍သော်လည်း ကောင်းစားကြပြီး အမေရိကန်လူမျိုးတွေဆိုရင် မနက်ခင်းဖျော်ရည်အဖြစ် သောက်သုံးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ လူကြိုက်များပြီး ကုန်ကျစရိတ်သက်သာစွာနဲ့ ဟင်းတစ်ခွက်ဖြစ်နိုင်တဲ့ ခရမ်းချဉ်သီးတွေရဲ့ကောင်းကျိုးများအကြောင်း တင်ဆက်ပေးချင်ပါတယ်။

(၁) ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးတယ်

Source : NKP

ခရမ်းချဉ်သီးမှာပါဝင်တဲ့ lycopene ဆိုတဲ့ antioxidant ဓာတ်က ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်တဲ့ မော်လီကျူးများကို တိုက်ထုတ်ပေးပြီး ကိုယ်ခံအားကောင်းစေဖို့ ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင် C ဓာတ်ကိုလည်း ခရမ်းချဉ်သီးမှရရှိစေတာကြောင့် သဘာဝအတိုင်း ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးကာ ဖျားနာခြင်းနှင့် ကူးစက်ရောဂါပိုးမွှားတွေကို တိုက်ထုတ်ကာကွယ်ပေးမှာဖြစ်ပါတယ်။

(၂) နှလုံးကိုကျန်းမာစေတယ်

Source : iStock

Lycopene ဟာ ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ ကိုလက်စထရောပမာဏနှင့် သွေးပေါင်ချိန်ကိုလျော့ကျစေဖို့ ကူညီပေးပါတယ်။ ခရမ်းချဉ်သီးမှာပါရှိတဲ့ တခြားသော ဗီတာမင် B ၊ ဗီတာမင် E နှင့် flavonoids လို့ခေါ်တဲ့ antioxidants ဓာတ်များကလည်း နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပြီး နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေကို လျှော့ချပေးပါတယ်။

(၃) အမြင်အာရုံကိုကောင်းမွန်စေတယ်

Source : Select Eyecare

ခရမ်းချဉ်သီးမှာပါဝင်တဲ့ lutein နှင့် zeaxanthin လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတွေဟာ စမတ်ဖုန်းနှင့် ကွန်ပျူတာကဲ့သို့ ဒစ်ဂျစ်တယ်ပစ္စည်းတွေမှထွက်ပေါ်လာတဲ့ blue light တွေရဲ့အန္တရာယ်ကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် မျက်စိအားနည်းခြင်း မျက်ရိုးကိုက်ခြင်းနှင့် အမြင်အာရုံမှုန်ဝါးခြင်းတွေကိုလည်း သက်သာစေနိုင်ပြီး မျက်စိနှင့်အမြင်အာရုံကျန်းမာရေးကိုကောင်းမွန်စေပါတယ်။

(၄) ခံတွင်းကျန်းမာရေးကိုအထောက်အကူဖြစ်စေတယ်

Source : The Healthy

ခရမ်းချဉ်သီးမှာပါဝင်တဲ့ lycopene က သွားနှင့်ခံတွင်းကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပြီး သွားဖုံးရောဂါများနှင့် ခံတွင်းကင်ဆာ ကဲ့သို့ရောဂါများကိုပါ တိုက်ထုတ်ကာကွယ်ပေးပါတယ်။ သို့သော်သတိထားရမှာတစ်ခုက ခရမ်းချဉ်သီးမှာ အက်စစ်ဓာတ်ပါဝင်တာကြောင့် အစိမ်းစားပြီးပြီးချင်း သွားတိုက်တာမျိုးလုပ်မယ်ဆိုရင် သွားကြွေလွှာကို ပျက်စီးစေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ခရမ်းချဉ်သီးစားထားတယ်ဆိုရင် အနည်းဆုံး နာရီဝက်လောက်အချိန်ခြားပြီးမှ သွားတိုက်ပါ။

(၅) အသားအရေကောင်းစေတယ်

Source : La Opinión

ခရမ်းချဉ်သီးကို အခြေခံပြီးထုတ်လုပ်ထားတဲ့ Skin Care ပစ္စည်းတွေကိုမြင်ဖူးကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ် ခရမ်းချဉ်သီးဟာ အသားအရေကျန်းမာရေးကို ကောင်းမွန်စေတဲ့ သဘာဝပစ္စည်းတစ်မျိုးဖြစ်ပြီး နေလောင်ဒဏ်နဲ့ အသားအရေရောင်ရမ်းခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ရေဓာတ်ပါဝင်မှုလည်းများတဲ့အတွက် အသားအရေကို စိုပြေဝင်းမွတ်စေဖို့ကူညီပေးနိုင်ပါတယ်။ ထို့အတူ ဦးရေပြားနှင့်ဆံသားကျန်းမာရေးကိုလည်းကောင်းမွန်စေတာကြောင့် ခရမ်းချဉ်သီးကိုအနည်းဆုံးကို တစ်ပတ် ၃ ကြိမ်ခန့်စားပေးသင့်ပါတယ်။