နွားနို့ဟာ ရှေးကတည်းကလူတွေရဲ့အဓိကအစားအသောက်တွေထဲမှာ ပါဝင်ပါတယ်။ နွားနို့မှာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်များစွာပါဝင်တဲ့အတွက် အကျိုးကျေးဇူးများစွာရစေပါတယ်။ တနေ့တာကို နွားနို့တခွက်နဲ့စတင်တာက ကောင်းသလို ညအိပ်ယာမဝင်ခင်နွားနို့ပူပူတခွက်သောက်ပေးတာကလဲ များစွာအထောက်အကူပြုစေတယ်လို့ အာဟာရကျွမ်းကျင်သူတွေကပြောပါတယ်။

(၁) ကောင်းစွာအိပ်ပျော်စေတယ်

Source : Men’s Journal

ညအိပ်ယာမဝင် နို့တခွက်သောက်ပေးတာကသင့်ရဲ့ အိပ်စက်မှုအရည်အသွေးကို တိုးတက်စေပါတယ်။ နွားနို့မှာပါဝင်တဲ့ tryptophan နဲ့ bioactive peptides ဓါတ်တွေက အိပ်စက်ခြင်းကိုပိုမိုကောင်းမွန်စေပြီး စိတ်ဖိစီးမှုများသောကြောင့် အိပ်ပျော်ရန်ခက်ခဲမှုကိုလည်း ကူညီပေးပါတယ်။

(၂) ဝိတ်ကျစေတယ်

Source : New York Post

မနက်ပိုင်းထက် ညဘက်မှာနွားနို့တခွက်သောက်ပေးတာက ကိုယ်အလေးကို ကျစေနိုင်ပါတယ်။ ညအချိန်သောက်တဲ့အခါ သင့်ကိုအားအင်ပြည့်ဝစေပြီး ဆာလောင်မှုကိုလျော့စေတဲ့အတွက် တရေးနိုးဗိုက်ဆာတာမျိုးမဖြစ်စေပါဘူး။ ဒါပေမယ့် အဆီနည်းတဲ့နို့တခွက်ဖြစ်ဖို့တော့ လိုပါတယ်။

(၃) ကျန်းမာသော အရိုးတည်ဆောက်မှုရစေတယ်

Source : NewsPostOnline

နွားနို့မှာ အရိုးတွေကောင်းစွာဖွဲ့စည်းဖို့အတွက် လိုအပ်တဲ့ကယ်လ်ဆီယမ်ဓါတ်အဓိကပါဝင်ပါတယ်။ ဒါ့အပြင် နွားနို့ဟာ အရိုးတွေသန်မာစေတာအပြင် အရိုးနဲ့ပတ်သတ်တဲ့ အရိုးကျိုးတာ၊ အရိုးပွတာနဲ့ ဒဏ်ရာအနာတရဖြစ်မှုတွေကိုလည်း သက်သာစေပါတယ်။

(၄) အသားအရေကောင်းစေတယ်

Source : The Authentic

အရေပြားအတွက်လည်း ညအချိန်မှာနွားနို့သောက်ခြင်းက အကျိုးကျေးဇူးများစွာရှိစေပါတယ်။ ပုံမှန်နို့သောက်ပေးတဲ့အခါ အသားအရေနုပျိုစေပြီး အရေပြားကိုလည်းကျန်းမာစေပါတဲ့အပြင် နွားနို့မှာပါဝင်တဲ့ ဗီတာမင် B12 က အသားအရေလျော့တွဲမှုကိုကာကွယ်ပြီး အရွယ်တင်နုပျိုစေနိုင်ပါတယ်။

(၅) စွမ်းအင်မြှင့်တင်ပေးတယ်

Source : Ratpack

နောက်ဆုံးတချက်ကတော့ ညအိပ်ယာမဝင်မီ နွားနို့ပူပူတခွက်သောက်ပေးတာက နောက်တနေ့သင်နိုးလာတဲ့အခါမှာလဲ စွမ်းအင်ပြည့်ဝနေစေပါတယ်။ သင့်တနေ့တာကို ခွန်အားအပြည့်နဲ့ အကောင်းဆုံးဖြတ်ကျော်ပြီး တက်ကြွလန်းဆန်းနေပါလိမ့်မယ်။