ရုပ်ရှင်ပရိသတ် တော်တော်များများဟာ Marvel နဲ့ DC ဇာတ်ကားတွေထဲက စူပါဟီးရိုးကြီးတွေကို အားကျကြပါတယ်။ သူတို့ရဲ့ စွမ်းအား၊ အရည်အချင်းနဲ့ တခြားအားကျစရာတွေကိုလည်း လိုချင်လာကြပါတယ်။ ဒါပေမယ့် ပုံမှန်မဟုတ်တဲ့ စူပါ ပါဝါတွေရရှိထားတဲ့ လူသားတွေဟာ အပြင်မှာလည်း အမှန်တကယ်ရှိနေပါတယ်။ Kwee page ကဒီနေ့ စူပါစွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့ လူသားတွေကို ဖော်ပြပေးသွားမှာပါ။
Liew Thow Lin (သံလိုက်လူသား)
သမိုင်းထဲမှာတော့ လူတော်တော်များများ သံလိုက်စွမ်းအင်ရှိလို့ လူသိများထင်ရှားကြပါတယ်။ ဒါပေမယ့် တရုတ်လူမျိုးတစ်ယောက်ဖြစ်တဲ့ Liew Thow Lin ကတော့အထင်ရှားဆုံးလို့ ပြောရမှာပါ။ ဒီတရုတ်အမျိုးသားဟာ ဘယ်သတ္တု အရာဝတ္ထုတွေကိုမဆို သူရဲ့ခန္ဓာကိုယ်မှာ ကပ်ထားလို့ရပါတယ်။
ဒန်နီရယ် ဘရောင်းနင်း စမစ် (ရာဘာလူသား)
အမေရိကန်လူမျိုး တီဗီအစီအစဉ်တင်ဆက်သူ၊ သရုပ်ဆောင်၊ ဟာသပညာရှင် နဲ့ အားကစားကြေညာသူတစ်ယောက်ဖြစ်တဲ့ ဒန်နီရယ် ဘရောင်းနင်း စမစ်ဟာ ကမ္ဘာပေါ်မှာ အပျော့ဆုံးရာဘာလူသားလို့ ပြောရမှာပါ။ ဒီအတွက်လည်း သူဟာ ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။
Shi Liliang (ရေပေါ် ပြေးနိုင်သူ)
ရှောင်လင်ဘုန်းကြီးဖြစ်သူ Shi Liliang ဟာ (၂၀၁၅) ခုနှစ်တွင် ရေမျက်နှာပြင်ပေါ်မှာ (၁၂၅) မီတာ (ပေ ၄၀၀ ကျော်) ပြေးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။ သူ့ကို ကိုယ်ဖော့ပညာရှင်လို့လည်း လူသိများကြပါတယ်။
Stephen Wiltshire (မှတ်ဉာဏ်အားကောင်းသူ)
ဗြိတိန်လူမျိုးဗိသုကာပညာရှင်တစ်ယောက်ဖြစ်တဲ့ စတီဗင် ဝစ်တ်ရှယ် (Stephen Wiltshire) ကို အမြင်မှတ်ဉာဏ်အားကောင်းသူအဖြစ် လူသိများပါတယ်။ သူဟာ ခဏတာ မြင်ဖူးတဲ့ အရာတွေကို ပြန်လည်ပြီး ပုံဖော်ရေးဆွဲပြနိုင်စွမ်းရှိတဲ့သူပါ။ အဖြစ်အပျက်တိုင်းကို မှတ်မိတဲ့စွမ်းရည်ရှိတာကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားပါတယ်။ ဘယ်အရာကိုမဆို မြင်လိုက်တာနဲ့ ပြန်ဖန်တီးပြနိုင်ပါတယ်။
Ben Underwood (လင်နို့လူသား)
ရုပ်ရှင်ထဲက လင်နို့လူသား အပြင်မှာ တကယ်ရှိတယ်ဆိုရင် ယုံမလား။ Ben Underwood ဟာငယ်စဉ်ကတည်းက အမြင်အာရုံ ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ အသံတွေကို အာရုံစိုက်ပြီး နားထောင်နေတာကို သူ့အမေက သတိထားမိခဲ့တယ်။ သူဟာ ပုံမှန်လူတစ်ယောက်လိုပဲ ဗီဒီရိုဂိမ်းကစားတာ၊ စက်ဘီးစီးတာ၊ စကိက်စီးတာ၊ အပင်တက်တာတွေအကုန်လုပ်နိုင်စွမ်းရှိနေပါတယ်။ သူဟာ အမှောင်ထဲမှာ သွားလာလှုပ်ရှားနိုင်ဖို့အတွက် လင်းနို့တွေအသုံးပြုတဲ့ ပဲ့တင်သံကို အသုံးချခဲ့တာပါ။
Source: Bright Side