မကြာခဏ နေမကောင်းဖြစ်တာ အားအင်ချိနဲ့ နေသလို ခံစားရတွေက ကိုယ်ခံအားနည်းတာကြောင့်ဖြစ်နိုင်ပါတယ်။ ကူးစက်ရောဂါပိုးမွှားတွေ ကိုယ့်ဆီအလွယ်မကူဝင်ရောက်မလာအောင် ကိုယ်ခံအားကောင်းနေဖို့လိုအပ်ပါတယ်။ ကိုယ်ခံအားသာကောင်းနေရင် ရောဂါပိုးတွေမကူးစက်အောင် ကာကွယ်နိုင်စွမ်းပိုများသလို ကူးခဲ့ရင်တောင် ပြန်တိုက်ထုတ်နိုင်ပါတယ်။ ဒီနေ့ kwee page က ကိုယ်ခံအားကောင်းအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

အိပ်ရေးဝအောင် အိပ်ပါ

Source: Forbes

အရွယ်ရောက်ပြီး လူတစ်ယောက်ဟာ တစ်နေ့ကို အိပ်ချိန် အနည်းဆုံး (၆) နာရီကနေ အများဆုံး (၈) နာရီအထိ ရှိနေဖို့လိုအပ်ပါတယ်။ အိပ်ရေးပျက်ရင် ကိုယ်ခံအားနည်းစေပြီး ခန္ဓာကိုယ်ရဲ့တစ်နေ့တာလုပ်ဆောင်ချက်တွေမှာ ဆုတ်ယုတ်မှုတွေရှိလာစေနိုင်ပါတယ်။ ဒါ့ကြောင့် အိပ်ရေးဝအောင် အိပ်ဖို့ လိုအပ်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပါ

Source: Heinens

ကိုယ်ခံအားစနစ်ကောင်းမွန်နေဖို့အတွက်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဟာရဓာတ်တွေ ရရှိအောင် အသီးအရွက်၊ အသားငါးနဲ့ သီးနှံ၊ အစေ့အဆန်တွေ မျှတအောင်စားပေးဖို့လိုအပ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

Source: My Food Diary

နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုရှိနေဖို့ လိုအပ်ပါတယ်။ နေ့စဉ် (၁၅) မိနစ်ခန့်လမ်းလျှောက်ပေးတာ (သို့) Gym သွားပြီး လေ့ကျင့်ခန်းလုပ်ပေးတာ စသဖြင့် လုပ်ပေးလို့ရပါတယ်။ အဝတ်လျှော်တာ၊ ပန်ကန်ဆေးတာ စသဖြင့် အိမ်အလုပ်တွေ ကူလုပ်ပေးခြင်းကလည်း ကိုယ်လက်လှုပ်ရှားမှုပါပဲ။

တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ပေးပါ

Source: Brainly.in

လက်မဆေးဘဲ အစားစားတာ၊ မျက်နှာကိုပွတ်တာ၊ အပြင်ကပြန်လာပြီး လက်မဆေးတာတွေက ရောဂါပိုးတွေ အကုန်ဖိတ်ခေါ်နေသလိုပါပဲ။ ဆပ်ပြာနဲ့ရေကိုသုံးပြီး လက်ဆေးတဲ့အကျင့်ကိုလုပ်ပါ။ လက်ဆေးရုံနဲ့မပြီးပါဘူး။ လူလည်းသန့်ရှင်းမှုရှိမှဖြစ်မှာပါ။ သန့်ရှင်းမှုကို ဂရုစိုက်မှ ရောဂါပိုးတွေရန်က ကာကွယ်နိုင်ပါလိမ့်မယ်။