လူတိုင်းလူတိုင်းက ကိုယ့်ဘဝအတွက်ကောင်းမွန်တဲ့ လူတွဲဖော်ကောင်းတစ်ယောက် လိုချင်ကြသူချည်းပါပဲ။ သို့သော်လောကမှာ အရာရာပြီးပြည့်စုံနေတဲ့သူဆိုတာကလည်း မရှိနိုင်တဲ့အတွက် အဆိုးနဲ့အကောင်း အမြဲဒွန်တွဲနေတယ်ဆိုတာကို လက်ခံသင့်သလောက် လက်ခံထားဖို့လိုအပ်ပါတယ်။ ဒါပေမယ့် အောက်မှာဖော်ပြပေးမယ့် အချက်လေးတွေသာ သင့်ချစ်သူကောင်မလေးမှာရှိနေတယ်ဆိုရင်တော့ သူမကိုလုံးဝလက်မလွှတ်ဖို့ အကြံပြုချင်ပါတယ်။

(၁) သင့်ရဲ့အားနည်းချက်တွေကို လက်ခံပေးနိုင်သူ

Source : Freepik

လူတစ်ယောက်က တကယ်ချစ်မိပြီဆိုရင် ဘယ်လိုချို့ယွင်းချက် အားနည်းချက်တွေပဲရှိရှိ လက်ခံပြီးချစ်ပေးနိုင်ပါတယ်။ သင့်ရဲ့ ရုပ်ရည် ငွေကြေးပိုင်ဆိုင်မှု ရာထူးဂုဏ်တွေထည့်မတွက်ပဲ သင့်ဘဝရဲ့ဖြစ်တည်မှုကို တကယ်လက်ခံပြီး ချစ်ပေးနိုင်တာမျိုးကသာ စစ်မှန်တဲ့အချစ်လို့ခေါ်ထိုက်တာပါ။ ချစ်တဲ့မျက်စိနဲ့ ကြည့်ရင် အားနည်းချက်တွေက သဘာဝအလှတရားပါပဲဆိုသလို သင့်ဘဝရဲ့လိုအပ်ချက် အားနည်းချက်တွေကို အပြစ်လို့မမြင်ပဲ လက်ခံပေးနိုင်တဲ့ မိန်းကလေးမျိုးဆိုရင် သေချာပါတယ် သင့်ဘဝအတွက် မှန်ကန်တဲ့လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်မှာပါ။

(၂) သင့်အပူတွေကို ဝေမျှခံစားပေးနိုင်သူ

Source : Freepik

ချစ်သူရည်းစားအချင်းချင်းမှာတောင် တစ်ယောက်က အခက်အခဲနဲ့ကြုံနေရချိန်မှာ တစ်ယောက်က ခေါင်းရှောင်သွားကြသူတွေ အများကြီးရှိပါတယ်။ လူတိုင်းမှာ ပူပင်သောကလေးတွေကိုယ်စီ ရှိကြစမြဲဆိုပေမယ့် သင့်အပေါ်တကယ်ချစ်တဲ့သူဆိုရင် သင့်ရဲ့အပူတွေကလည်း သူရဲ့အပူတွေလိုပဲ ထပ်တူဝေမျှခံစားပေးနိုင်ပါတယ်။ သင့် ဒုက္ခရောက်နေချိန်မှာ များများစားစား မကူညီပေးနိုင်ဘူးဆိုရင်တောင် သင့်အနားမှာရှိနေပေးမယ် သင့်ရဲ့ပူပင်သောကတွေကို ဝေမျှနားထောင်ပေးမယ် သင့်ကိုနှစ်သိမ့်ပေးမှာဖြစ်ပါတယ်။ ဒီလိုမိန်းကလေးမျိုးပိုင်ဆိုင်ထားတယ်ဆိုရင် ကံကောင်းခြင်းတစ်ခုလို့မှတ်လိုက်ပါ။သူမကိုလက်လွတ်ဖို့ မစဉ်းစားပါနဲ့။

(၃) သင့်ကိုပြောင်းလဲဖို့ မကြိုးစားသူ

Source : Freepik

တချို့သော မိန်းကလေးတွေမှာ အတ္တအစွဲလေးတွေရှိတက်ပါတယ်။ ငါနဲ့တွဲရင် ဒါတွေမလုပ်ရဘူး ဒီလိုမနေရဘူး ဘယ်လိုမဝတ်ရဘူး ဘယ်မသွားရဘူးစတဲ့ အတ္တကိုရှေ့တန်းတင်တဲ့ သတ်မှတ်ချက်တွေ စည်းမျဉ်းတွေ ထုတ်တက်ကြပါတယ်။ တကယ်တော့ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုနဲ့ ပင်ကိုယ်ဗီဇကို အတင်းလုပ်ယူပြောင်းလဲလို့မရနိုင်ပါဘူး။ အချိန်ကြာလာတဲ့အခါ ပြောင်းလဲခိုင်းတဲ့သူလည်း ပင်ပန်းလာမှာဖြစ်သလို အပြောင်းလဲခံရတဲ့သူကလည်း ပင်ပန်းလာပါလိမ့်မယ်။ သင့်ချစ်သူမှာ ဒီလိုအတ္တဆန်တဲ့ စည်းမျဉ်းတွေမရှိဘူး သူမဖြစ်ချင်တဲ့ပုံစံကို သင့်ကိုအတင်းပုံသွင်းယူတက်တဲ့သူမဟုတ်ဘူး အရှိကိုအရှိအတိုင်းလက်ခံပြီး ချစ်ပေးနိုင်တဲ့သူဆိုရင် သူမကသင့်အတွက် ဖူးစာမှန်သူလို့ဆိုနိုင်မှာပါ။

(၄) သင့်ကိုစိတ်ချမ်းသာစေချင်သူ

Source : Freepik

လူအများစုကတော့ ဘဝမှာ ကိုယ့်စိတ်ချမ်းသာမှုအတွက်ကိုပဲ ဦးစားပေးကြသူတွေ များပါတယ်။ ဒီလို ကိုယ်ပျော်ရွှင်ရဖို့ ကိုယ်စိတ်ချမ်းသာဖို့ကိုပဲ ကြည့်တက်သူတွေဟာ တစ်ကိုယ်ကောင်းဆန်သူတွေဖြစ်ကြပြီး သင့်အပေါ်တကယ်အချစ်စစ်နဲ့ ချစ်တဲ့သူတွေလို့ မဆိုနိုင်ပါဘူး။ တကယ်ချစ်တဲ့သူတစ်ယောက်ဟာ ကိုယ့်အတွက်ဆိုတာထက် ကိုယ့်ချစ်သူ ကိုယ့်လက်တွဲဖော်ကို ဦးစားပေးစဉ်းစားမိကြတာမျိုးပါ။ သူစိတ်ချမ်းသာရင် ကိုယ်လည်းထပ်တူ စိတ်ချမ်းသာရတယ်ဆိုတာမျိုးပေါ့။ သင့်အပေါ်နားလည်မှုပေးနိုင်သူ အလိုက်တသိရှိသူ သင့်ကိုပျော်စရာတွေ သယ်လာပေးတက်သူ သင့်ကိုအမြဲစိတ်ချမ်းသာစေချင်တဲ့သူကသာ သင့်ကိုတကယ်ချစ်တဲ့ လက်တွဲဖော်ကောင်းတစ်ယောက်ဆိုတာ မမေ့သင့်ပါဘူး။