ဒီနေ့ kwee page ကဖော်ပြပေးမယ့် ဆောင်းပါးလေးကတော့ ဝိတ်ချနေသူတွေအတွက် အလွန်အသုံးဝင်ပါတယ်။ ဝိတ်ကျချင်ရင် အသီးအရွတ် များများစားပေးရမယ်ဆိုတာ ပရိသတ်တွေ သိကြမယ်ထင်ပါတယ်။ ဝိတ်ချနေတာကို ကူညီးပေးနိုင်တဲ့ အသီးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဖရဲသီး

Source: Diabetes Self-Management

ဖရဲသီးမှာ ရေဓာတ် (၉၀) ရာခိုင်နှုန်းကျော် ပါဝင်နေပါတယ်။ ဖရဲသီးဟာ ကယ်လိုရီလောက်ကျွမ်းတဲ့နေရာမှာ အရေးပါတဲ့ ရေဓာတ်ကို ဖြည့်တင်းပေးတာပါ။ ဖရဲသီးမှာ ကယ်လိုရီပါဝင်မှုနှုန်းနည်းတဲ့အပြင် အမျှင်ဓာတ်လည်း ကြွယ်ဝတာကြောင့် တစ်ခါစားပြီးတာနဲ့ ဗိုက်ပြည့်စေပါတယ်။

နာနတ်သီး

Source: Hospitality Dental & Orthodontics

နာနတ်သီးမှာ ဗီတာမင် စီ၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်စတဲ့ အဟာရဓာတ်တွေ အများကြီး ပါဝင်နေသလို ဝိတ်မတတ်အောင်လည်း ကူညီးပေးတဲ့ အသီးဖြစ်ပါတယ်။ ကယ်လိုရီပါဝင်မှု နည်းပါးပြီး အချိုကြိုက်တဲ့ လူတွေအတွက် အကြိုက်တွေ့စေမယ့် အသီးလည်းဖြစ်ပါတယ်။

ပဲ အမျိုးမျိုး

Source: Global-Food-World-Magazine

Gym ကစားနေသူတွေ စားသုံးပေးသင့်တဲ့ ဟင်းတွေထဲမှာ ပဲလည်းပါဝင်ပါတယ်။ ပဲအမျိုးမျိုးမှာ ပရိုတင်းဓာတ်တွေ ပါဝင်တာကြောင့် ကြွက်သားတက်ချင်သူတွေအတွက် အသုံးဝင်လှပါတယ်။ ပြီးတော့ ဝိတ်ချတဲ့နေရာမှာလည်း အကူအညီဖြစ်စေပါတယ်။

ဘယ်ရီသီးများ

Source: Grow Beautifully – Monrovia

ဘလူးဘယ်ရီ စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် ဘယ်ရီသီးတွေမှာ အာဟာရဓာတ်တွေ ပြည့်ဝနေပြီး ကယ်လိုရီနည်းပါးပါတယ်။ ဘယ်ရီသီး တစ်ခွက်မှာ ပါဝင်တဲ့ အမျှင်ဓာတ်ကလည်း (၈) ဂရမ်တောင်ရှိတာဆိုတော့ အမျိုးသားတစ်ယောက် တစ်နေ့လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ (၂၀) ရာခိုင်နှုန်းရှိပါတယ်။ ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်ကလည်း ကြွယ်ဝတာကြောင့် သရေစာအဖြစ်စားပေးသင့်တဲ့ ကယ်လိုရီနည်းတဲ့ အသီးတွေပါ။