တစ်ခါတစ်လေမှာ လေးလံထှိုင်းမှိုင်းပြီး ဘာမှမလုပ်ချင်မကိုင်ဖြစ်နေတက်ပါတယ်။ ဒီလိုဖြစ်တာက များသောအားဖြင့် အိပ်ရေးမဝခြင်း စိတ်ဖိစီးမှုများခြင်း ရာသီဥတုနဲ့ စိတ်ခံစားမှုမကောင်းတဲ့အချိန်တွေမှာ ဖြစ်လေ့ရှိပါတယ်။ လေးလံထှိုင်းမှိုင်းပြီး ဘားမှမလုပ်ချင်မကိုင်ချင်ဖြစ်နေတဲ့ စိတ်ကိုတွန်းလှန်ပြီး အမြန်ဆုံး စိတ်ကိုပြန်လည်တက်ကြွ လန်းဆန်းလာစေဖို့ နည်းလမ်းကောင်းတချို့ကိုပြောပြပေးချင်ပါတယ်။
(၁) စိတ်ကိုခဏအနားပေးပါ

Source : GMFA
လေးလံထှိုင်းမှိုင်ပြီး စိတ်ခံစားမှုမကောင်းတဲ့အချိန်မှာ လုပ်လက်စအလုပ်တွေကိုခဏ ရပ်ထားပြီး စိတ်ကိုခဏလောက်အနားပေးသင့်ပါတယ်။ ၁၅ မိနစ်လောက် မျက်လုံးလေးမှိတ်ပြီး အသက်ကိုဖြေးဖြေးမှန်မှန်ရှုတာမျိုး သင်အကြိုက်ဆုံးသီချင်းတစ်ပုဒ်ဖွင့်ပြီး နားထောင်လိုက်တာမျိုး ကော်ဖီတစ်ခွက်လောက်သောက်လိုက်တာမျိုး လုပ်သင့်ပါတယ်။
(၂) စက်ဘီးနင်းပါ

Source : Catalyst Services
စိတ်ခံစားမှုမကောင်းတဲ့အချိန်မှာ အိမ်ထဲမှာပဲ ခွေနေတာမျိုးမလုပ်ပါနဲ့။ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှုရှိုက်ရင်း ခန္ဓာကိုယ်ကိုလှုပ်ရှားမှု အနည်းငယ်ပြုလုပ်ပေးသင့်ပါတယ်။ ဒါ့ကြောင့် အိမ်အပြင်ထွက်ပြီး စက်ဘီးတစ်ပတ်လောက် ပတ်နင်းလိုက်ပါ။ ခန္ဓာကိုယ်တွင်းသို့အောက်ဆီဂျင် ပိုမိုရစေပြီး လန်းဆန်းတက်ကြွလာပါလိမ့်မယ်။
(၃) စာအုပ်မှာချရေးပါ

Sour9089oi89Freepik
လက်တလော ကြုံတွေ့နေရတဲ့အဆင်မပြေမှုတွေ မကောင်းတဲ့စိတ်ခံစားမှုတွေကို စာအုပ်တစ်အုပ်မှာချရေးလိုက်ပါ။ စာအုပ်မှာချရေးတဲ့အလေ့အကျင့်က တကယ်ကိုစိတ်သက်သာရာရစေပြီး စိတ်ဖိစီးမှုတွေနဲ့ မကောင်းတဲ့ခံစားချက်တွေကိုပြေလျော့စေကာ စိတ်ကိုပြန်လည် လန်းဆန်းတက်ကြွလာစေမှာဖြစ်ပါတယ်။
(၄) ဟာသတွေကြည့်ပါ

Source : Eagles Talent Speakers Bureau
ရယ်မောခြင်းက စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေပြီး စိတ်ဖိစီးမှုဖြစ်စေတဲ့ cortisol နှင့် adrenaline ဟော်မုန်းများလျော့နည်းစေပါတယ်။ ရယ်မောခြင်းက သင့် ဦးနှောက်နဲ့အာရုံကြောစနစ်ကို လန်းဆန်းစေတဲ့ endorphins ဟော်မုန်းတွေလည်း ထုတ်လွှတ်ပေးပါတယ်။ ဒါ့ကြောင့် လေ့လာသူတွေကတော့ စိတ်ခံစားမှုမကောင်းပဲ လေးလံထှိုင်းမှိုင်းနေတဲ့အချိန်မှာ ရယ်မောဖွယ်ဟာသလေးတွေများများကြည့်ပြီး အားရပါးရရယ်မောလိုက်ပါလို့ အကြံပြုထားပါတယ်။
