စိတ်နေသဘောထား (attitude)ဆိုတာ လူတယောက်ရဲ့ နေ့စဉ်ဘဝရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတခုမှာပါဝင်နေတာဖြစ်ပြီး အပြုသဘောဆောင်ဖို့ အရေးကြီးပါတယ်။ သင်က ခေါင်းဆောင်တယောက်ဆိုရင်လဲအပြုသဘောဆောင်တဲ့ စိတ်နေစိတ်ထားရှိတဲ့အခါ သင့်ပတ်ဝန်းကျင်က လူတွေအပေါ်ကောင်းတဲ့သက်ရောက်မှုတွေရှိပါတယ်။ အောင်မြင်မှုအတွက်အရေးကြီးတဲ့ အပြုသဘောဆောင်တဲ့ စိတ်နေစိတ်ထားရှိဖို့ အောက်က အချက်တွေ အတိုင်းလိုက်လုပ်ပါ။

(၁) နေ့တိုင်းသင့်ရဲ့ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး အလုပ်လုပ်ကြည့်ပါ

Source : eazione Identitaria

ကိုယ်လုပ်နေကြအရာတွေပဲ နေ့တိုင်းလုပ်နေရင်ကြာတဲ့ အခါမထူးဆန်းတော့ဘဲ စိတ်ဓါတ်ကျတတ်တယ်လို့ ဆိုပါတယ်။ အောင်မြင်မှုဆိုတာ အားကစားလုပ်သလိုပါပဲ နေ့တိုင်းကိုယ့်ရဲ့လုပ်နိုင်စွမ်းထက်ပိုလေ့ကျင့်မှု မလုပ်တတ်တဲ့အခါရှိတဲ့ အရည်အချင်းတွေပါလျော့သွားပါလိမ့်မယ်။

(၂) ရလဒ်တွေကို မမျှော်လင့်ပါနဲ့

Source : Freepik

ပန်းတိုင်တွေချမှတ်ပြီး လက်တွေ့လုပ်ဆောင်မှုတွေလုပ်တဲ့အခါ ၊ သင်လိုချင်တဲ့ရလဒ်တကယ်ရ မလာတဲ့အခါမျိုးမှာ စိတ်ပျက်ရတတ်ပါတယ်။ ရလဒ်ကိုပဲစိတ်ထဲစွဲနေတာက သင်တကယ်လုပ်ရမယ့် အလုပ်အပေါ်မှာ အာရုံစိုက်မှုလျော့ကျတဲ့အတွက် ရလဒ်ကိုမျှော်လင့်တာထက် သင်လုပ်နိုင်သလောက်အကောင်းဆုံးလုပ်ဆောင်ပါ။

(၃) သင့်လိုပဲ အပြုသဘောင်ဆောင်တဲ့ သဘောထားရှိသူတွေကိုရှာပါ

Source : Freepik

ဦးနှောက်က သင့်ပတ်ဝန်းကျင်ကလူတွေရဲ့အပြုအမူကို အလိုအလျောက်တုပတယ်ဆိုတာ သိပ္ပံနည်းကျတွေ့ရှိထားတဲ့အချက်တခုပါ။ ဒါကြောင့် သင့်ကိုယ်သင် အပြုသဘောဆောင်တွေးခေါ်တတ်သူတွေ နဲ့ဝန်းရံပြီး မကောင်းတဲ့အနုလက္ခဏာအတွေးအခေါ်ရှိသူတွေကိုတော့ ရှောင်ရှားသင့်ပါတယ်။

(၄) သင့်ကိုယ်သင် အတင်းမခိုင်းစေပါနဲ့

Source : Rawpixel

သင်ကိုယ်တိုင်ပျော်ရွှင်ပြီး သင့်ပတ်ဝန်းကျင်ကလူတွေကိုလည်း သက်တောင့်သက်သာဖြစ်စေလိုတယ်ဆိုရင် သင့်ကိုယ်သင် ရယ်ရယ်မောမောနေနိုင်အောင် ကြိုးစားပါ။ သင်ကိုယ်တိုင်ရဲ့အမှားတွေ တချို့အပြုအမူတွေကို ရယ်စရာမောစရာအနေနဲ့ မသတ်မှတ်နိုင်ရင် လူတွေကသင့်နောက်ကွယ်မှာရယ်မောတာကိုခံရနိုင်ပါတယ်။

(၅) ကျေးဇူးတင်ကြောင်းပြောတတ်ပါစေ

Source : CareerAddict

ကျေးဇူးတင်တဲ့စိတ်ကိုမွေးမြူဖို့ သင့်ဘဝထဲကသင်ပိုင်ဆိုင်ထားတဲ့ အံ့သြဖွယ်ရာတွေကို သတိပြုမိဖို့လိုပါတယ်။ ငြင်းပယ်ခံရတာတွေရှိခဲ့ရင်တောင် စိတ်မကောင်းဖြစ်မယ့်အစား သင်အကောင်းဆုံးလုပ်ခဲ့တာအတွက်ကျေးဇူးတင်ပါ။ တခြားသူတွေဆီက လက်ဆောင်ရတဲ့အခါ ကျေးဇူးတင်စိတ်နဲ့လက်ခံသလိုပေါ့။