ပညာရပ်တခုကိုလေ့လာတဲ့အခါ သင့်စိတ်ကတက်ကြွစွာသင်ယူဖို့လိုပါတယ်။ အဲ့လိုမဟုတ်ဘူးဆိုရင်တော့ သင့်ကိုယ်သင်ဉာဏ်မကောင်းဘူးလို့ထင်နိုင်ပါတယ်။ တကယ်တော့ သင်ယူလေ့လာနိုင်စွမ်းနှေးကွေးတယ် ဆိုတာဟာ သင့်ရဲ့ပင်ကိုယ်စွမ်းရည်ထက် အာရုံစူးစိုက်နိုင်စွမ်းပေါ်မှာမူတည်နေတာပါ။ အကြောင်းအရာ အသေး စိတ်ကို အောက်မှာဆက်ဖတ်ကြည့်ရအောင်ပါ။
(၁) အာရုံစူးစိုက်မှုမရှိတာ
Source : BrainMD
အာရုံစူးစိုက်မှုမရှိတာက သင်ယူလေ့လာမှုကိုနှေးကွေးစေတဲ့ အဓိကအချက်ပါ။ သင်အနေနဲ့ လေ့လာသင်ယူ နေတဲ့ အကြောင်းအရာကို အပြည့်အဝအာရုံစိုက်မထားဘူးဆိုရင် သင်ယူလေ့လာမှုကိုပိုခက်ခဲစေပါတယ်။ အာရုံပျံ့လွင့်မှုက သင့်ရဲ့လေ့လာမှုကိုလုံးဝနှောင့်ယှက်နိုင်တဲ့ အကြောင်းအရင်းတခုပါ။
(၂) စိတ်နေစိတ်ထားနဲ့ အယူအဆတွေက သင်ယူမှုအပေါ်လွှမ်းမိုးနေတာ
Source : Dreamstime
သင့်ရဲ့အတွေးတွေကို ဘောင်တခုထဲမှာထားတာက တိုးတက်မှုကိုနှောင့်နှေးစေသလို စိတ်ပိုင်းဆိုင်ရာ အတားအဆီးလည်းဖြစ်နိုင်ပါတယ်။ သင်မလုပ်နိုင်ဘူးလို့တွေးသည်ဖြစ်စေ သင်လုပ်နိုင်တယ်လို့တွေးသည်ဖြစ်စေ သင်မှန်တယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ သင့်ရဲ့လေ့လာသင်ယူနိုင်စွမ်းအပေါ်ယုံကြည်မှုအပြည့်အဝ ထားရှိပါ။
(၃) လက်တွေ့မကျတဲ့မျှော်လင့်ချက်တွေထားတာ
Source : Verywell Mind
သင့်အနေနဲ့ပညာရပ်တခုကို ပုံမှန်သင်ယူလေ့လာသွားရင်အဆင်ပြေပြီလို့ထင်ရပေမယ့် တခါတရံစိတ်ရှုပ်၊ စိတ်ဖိစီးရပြီး ပိုကြာတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်တွေ့မကျတဲ့မျှော်လင့်ချက်တွေကြောင့်ပါ။လက် တွေ့နဲ့ကွာလွန်းတဲ့ မျှော်လင့်ချက်တွေထားတဲ့အခါ ကိုယ့်ကိုယ်ကိုသံသယတွေဝင်လာတဲ့အတွက် လက်လျော့လိုက်တာမျိုးအထိဖြစ်နိုင်ပါတယ်။
(၄) အိပ်စက်ချိန်မလုံလောက်တာ
Source : Medisys
နောက်ဆုံးတချက်ကတော့ အိပ်စက်မှုမလုံလောက်တာကြောင့်ဖြစ်ပါတယ်။ သင့်အနေနဲ့တညကို အနည်းဆုံး အိပ်စက်ချိန် ၇နာရီပြည့်အောင်အိပ်ဖို့လိုပါတယ်။ အိပ်ရေးဝတဲ့အခါ မှတ်ဉာဏ်ကိုပိုကောင်းစေပြီး ဦးနှောက် အလုပ်လုပ်နိုင်စွမ်းကိုကူညီပေးတဲ့အတွက် သင်ယူလေ့လာမှုကိုအထောက်အကူပြုစေပါတယ်။