ရုပ်ရှင်မင်းသားတစ်ယောက်ကို ပရိသတ်တွေမျက်လုံးမှာ အမြင်အာရုံလှည့်စားပေးဖို့ ကင်မရာတွေက တာဝန်ယူပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ နှစ်သက်သဘောကျတဲ့ မင်းသားတွေဟာ ရုပ်ရှင်ပိတ်ကားထက်မှာ တောင့်တောင့်ဖြောင့်ဖြောင့် မောင်းမောင်းမားမားကြီးတွေ တွေ့ရလေ့ရှိတာ ဖြစ်ပါတယ်။
တကယ်တော့ တစ်ချို့ဟောလီးဝုဒ်မင်းသားတွေဟာ ကျွန်တော်တို့ ထင်တဲ့ အချိုးအစားမျိုး မရှိကြပါဘူး။ အထူးသဖြင့် အရပ်အမောင်းနဲ့ပတ်သက်ရင် အတွက်အချက်မှားတတ်ကြပါတယ်။ ကဲ… ကျွန်တော် ထက်မှတ်ထားသလောက် အပြင်မှာ တကယ်အရပ်မထွက်တဲ့ ရုပ်ရှင်မင်းသားတွေက ဘယ်သူတွေများ ဖြစ်မလဲ။
(၁) ဇက် အက်ဖ်ရွန်
Photo: thethings
ရုပ်ရှင်မင်းသားလည်းဖြစ် ၊ အဆိုတော်လည်း ဖြစ်တဲ့ ဇက်အက်ဖ်ရွန်ကို 17 Again ၊ High School Musical နဲ့ Extremely Wicked , Shockingly Evil and Vile စတဲ့ ကားတွေနဲ့ လူသိများပါတယ်။ သူ့အရပ်အမောင်းကို အတော်များများက ၅ ပေ ၁၀ တော့ ရှိမယ်လို့ ထင်ကြပေမယ့် တကယ့်အရပ်အမောင်းက ၅ ပေ ၈ ဖြစ်တယ်လို့ ဆိုပါတယ်။
(၂) ဘရက်ပစ်
Photo: thethings
ဟောလီးဝုဒ်ရဲ့ ပထမတန်းစားရုပ်ရှင်မင်းသားကြီး ဘရက်ပစ်ကတော့ မိတ်ဆက်ပေးစရာ လိုမှာမဟုတ်ပါဘူး။ ဟောလီးဝုဒ်မှာ အရပ်အရှည်ဆုံး သရုပ်ဆောင်တန်းဝင်မဟုတ်ပေမယ့် သူ့ပရိသတ်အတော်များများကတော့ ဘရက်ပစ်ဟာ ၆ ပေနဲ့ အထက် ရှိမယ်လို့ ထင်ကြပါတယ်။ တကယ်တမ်း ဘရက်ပစ်ရဲ့ အရပ်ဟာ ၅ ပေ ၉ လက်မပဲ ရှိတာ ဖြစ်ပါတယ်။
(၃) ရောဘတ်ဒေါင်းနင်း ဂျူနီယာ
Photo: thethings
ကျွန်တော်တို့ရဲ့ Iron Man မင်းသားကြီးဟာ အရပ်သိပ်ရှည်တဲ့ သူတော့ မဟုတ်ပါဘူး။ သုံးလက်မဒေါက်ဖိနပ်စီးတဲ့ ပုံမှန်အရပ်အမောင်းရှိ မင်းသမီးတစ်ယောက်နဲ့ ယှဉ်ရင် ပုတာတော့ အမှန်ပါပဲ။ ဘာလို့လဲဆိုရင် မင်းသားကြီးရဲ့ အရပ်ဟာ ၅ ပေ ၇ လက်မပဲ ရှိလို့ ဖြစ်ပါတယ်။ ဒီအတိုင်းအတာကတော့ သင်ထင်ထားတာထက် ပိုနိမ့်နေနိုင်ပါတယ်။
(၄) ဆီဗက်စတာ စတားလုံး
Photo: thethings
Rambo နဲ့ Rocky မင်းသားကြီးရဲ့ အရပ်အမြင့်ကလည်း ခင်ဗျားလောက်တောင် ရှိချင်မှ ရှိပါလိမ့်မယ်။ ရုပ်ရှင်တွေထဲမှာဆို မင်းသားကြီးရဲ့ ဘော်ဒီနဲ့ ဟိတ်ဟန်က အနည်းဆုံးတော့ ၅ ပေ ၁၀ လောက် ရှိမယ်လို့ ထင်စရာပါ။ ဒါပေမယ့် သူဟာ ရောဘတ်ဒေါင်းနင်းဂျူနီယာနဲ့ မတိမ်းမယိမ်း ၅ ပေ ၈ လက်မပဲ ရှိပါတယ်။