လူတော်တော်များများကတော့ အစားအစာတွေကို အစိမ်းလိုက် (သို့) မကျက်တကျက်ချက်ထားတဲ့ အသားတွေ ဥတွေကို မစားသင့်ဘူးဆိုတာ သိထားကြပါတယ်။ ဒါပေမယ့် စားနေကြတဲ့လူတွေလည်း ရှိပါတယ်။ ဒီနေ့ kwee page က အစိမ်းလိုက်မစားသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးသွားမှာပါ။
အာလူး

Source: Good Houskeeping
အာလူးကို အစိမ်းလိုက် ဘယ်တော့မှ မစားလိုက်ပါနဲ့။ အာလူးကို အစိမ်းလိုက်စားမယ်ဆိုရင် မလိုလားအပ်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါက အာလူးမှာပါဝင်တဲ့ ချေဖြတ်ဖို့ ခက်ခဲတဲ့ ကစီဓာတ်တွေ ပါဝင်နေတာကြောင့်ပါ။ ပြီးတော့ အာလူးတွေမှာ အစိမ်းရောင် အကွက်လေးတွေ တွေ့ ရရင် လုံးဝမစားပါနဲ့။ ဒီအစိမ်းရောင်လေးတွေက အစာအဆိပ်သင့်စေတဲ့ Solanine လို့ ခေါ်တဲ့ အဆိပ်တစ်မျိုးဖြစ်နေလို့ပါ။
ခရမ်းသီး

Source: Medical News Today
ခရမ်းသီး အစိမ်းမှာ အာလူးအစိမ်းမှာ ပါဝင်တဲ့ solanine ပါဝင်ပါတယ်။ အထူးသဖြင့် ခရမ်းသီး အသေးလေးတွေမှာပါ။ ခရမ်းသီး အစိမ်းတွေ စားမယ်ဆိုရင် Solanine အဆိပ်ကြောင့် အစာအဆိပ်သင့်နိုင်ပါတယ်။ ဒါ့အပြင် အချို့လူတွေဟာ ခရမ်းသီးအစိမ်း နည်းနည်းလောက် စားရင်တောင် ဓာတ်မတည့်တဲ့ တုံ့ပြန်မှုတွေ ခံစားရတတ်ကြပါတယ်။ ဒါကြောင့် ခရမ်းသီးကို သေချာဆေးကြောပြီး ချက်ပြုတ်စားသင့်ပါတယ်။
နွားနို့

Source: on Dairy Farmers of Canada
နွားနို့အစိမ်းမှာ E.coli နဲ့ Salmonella လို အန္တရာယ်ပေးနိုင်တဲ့ ဘတ်တီးရီးယားတွေ ပါဝင်နေတယ်လို့ FDA ကပြောကြားထားပါတယ်။ နွားနို့အစိမ်းဟာ အခြား နို့ထွက်ပစ္စည်း အစားအစာတွေထက် ရောဂါဖြစ်နိုင်ခြေ (၁၅ဝ) ဆ ပိုများတယ်လို့ ဆိုပါတယ်။
ဗိုလ်စားပဲ

Source: Evening Standard
ကျက်အောင်မချက်ရသေးတဲ့ ဗိုလ်စားပဲမှာ phytohemagglutinin လို့ခေါ်တဲ့ အဆိပ်ပါဝင်နေပါတယ်။ ဒီအဆိပ်ဟာလည်း အစာအဆိပ်သင့်မှုကို ဖြစ်စေပါတယ်။ အကယ်၍ ဗိုလ်စားပဲကို စားတော့မယ်ဆိုရင် သေသေချာချာ ကျက်အောင် ချက်ပြုတ်စားသောက်ဖို့ အကြံပေးချင်ပါတယ်။
