အတွေးလွန်ခြင်းဟာ မပျော်ရွှင်ရခြင်းရဲ့ အဓိက အကြောင်းအရင်းတစ်ခုဖြစ်တယ်ဆိုတာ လူတွေသိကြပါတယ်။ အတွေးလွန်ခြင်းဟာ တကယ်ဖြစ်မလာနိုင်တဲ့ ပြဿနာတွေကို ဖန်တီးနိုင်ပါတယ်။ အဲ့ဒီပြဿနာတွေဟာ ကြောက်ရွှံ့မှုတွေကနေ အခြေတည်ပြီး ဖြစ်ပေါ်လာတာကြောင့် သင်တို့ကို ဘာအတွက်မှ အကူအညီမဖြစ်စေပါဘူး။ အတွေးတွေက ထိန်းချုပ်ဖို့ အင်မတန်ခက်ခဲပါတယ်။ အတွေးတွေ စလိုက်ပြီဆိုတာနဲ့ ရပ်တန့်ဖို့မလွယ်ကူတော့ပါဘူး။
ဒီနေ့ kwee page က အတွေးလွန်ခြင်းကို တားဆီးပေးနိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးသွားမှာပါ။
ဖြစ်ပျက်နေတာတွေကို အကောင်းမြင်တဲ့ဖက်ကနေ ကြည့်နိုင်အောင် ကြိုးစားပါ
Source: Thoughtful woman making notes in diary
လူတော်တော်များများက အတွေးလွန်ခြင်းနဲ့ အဆိုးမြင်ခြင်းကို ခွင့်ပြုထားတဲ့ အသိုက်အဝန်းလို ဖြစ်နေပါတယ်။ တကယ်လိုသာ သင့်ရဲ့စိတ်ကို ပျော်ရွှင်စရာကောင်းပြီး ကျေးဇူးတင်စရာကောင်းတဲ့အရာတွေ အပေါ်မှာပဲ အာရုံထားမယ်ဆိုရင် အကောင်းမြင်စိတ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလိုနည်းနဲ့ မကောင်းတဲ့ အတွေးလွန်ခြင်းကို ရပ်တန့်နိုင်ပါတယ်။
မိမိစိတ်ကို တည်ငြိမ်အောင်ထားပါ
Source: Happier Human
အတွေးလွန်ခြင်းအများစုရဲ့ အဓိကအကြောင်းအရင်းက ဒီနေ့လုပ်စရာရှိတဲ့ အရာတွေ ၊ စိတ်ဆိုးရအောင် အခြားတစ်ယောက်က လုပ်လိုက်တာတွေ ၊ ကိုယ့်ကိုယ်ကို တန်ဖိုးကျတဲ့ အတွေးတွေ တွေးတာရယ် ကြောင့်ဖြစ်တာပါ။ ဒါကြောင့် အနှုတ်သဘောဆောင်တဲ့ အတွေးတွေ မတွေးပါနဲ့။
စိတ်ပူပန်မူတွေ ဒေါသထွက်စရာတွေ ရှိလာတဲ့အခါတိုင်း မိမိကိုယ်ကို သတိပေးစကားလုံးတွေ ပြောပါ။ “စိတ်ကိုတည်ငြိမ်အောင်ထား” “ပေါ့ပေါ့ပါးပါးနေ”မေတ္တာထား””စိတ်လျှော့စိတ်လျှော့” အသက်မှန်မှန်ရှူ” စသဖြင့် စိတ်ကိုတည်ငြိမ်အောင်ပြုလုပ်နိုင်မယ့် စကားလုံးတွေကို ထပ်ခါတလဲလဲ ပြောပေးပါ။
ပစ္စုပ္ပန်မှာပဲနေထိုင်ပါ
Source: campuswell
လကုန်ရင်ပေးရမယ့် လခတွေ၊ မနက်ဖန်လုပ်ရမယ့်အလုပ်တွေ (သို့) အနာဂတ်မှာ ဖြစ်လာဖို့မသေချာတဲ့ အရာတွေကြောင်း လျှောက်တွေးနေတာကို ရပ်လိုက်ပါ။ ဒီလိုမျိုး တွေးလိုက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်မှာ စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ နာတာရှည်ရောဂါ တွေဖြစ်စေပါတယ်။ စိတ်လှုပ်ရှားရခြင်း အများစုက လက်ရှိပစ္စုပ္ပန်မှာ စိတ်မရှိဘဲ အနာဂတ်ကိုပဲ တွေးတောနေလို့ပါ။ ဒါကြောင့် ပစ္စုပ္ပန်မှာပဲနေထိုင်ပါ။ သင့်ရဲ့အတွေးတွေကို လက်ရှိဖြစ်ပျက်နေတဲ့ အရာတွေအပေါ်မှာပဲ အာရုံစိုက်ထားပါ။
အတွေးလွန်ခြင်းကို တားဆီးဖို့ သဘာဝကြီးနဲ့ ထိတွေ့လိုက်ပါ
Source: Cleverism
ရှုပ်ထွေးနေတဲ့ စိတ်ကို တည်ငြိမ်စေဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ သဘာဝကြီးနဲ့ ထိတွေ့လိုက်တာပါပဲ။ စနေ၊ တနင်္ဂနွေအားလပ်ရက် (သို့) အလုပ်မှာ နေ့လည်စာစားတဲ့ အချိန်ဖြစ်ဖြစ် အနီးအနားက ပန်းခြံတစ်ခုခုမှာ သွားရောက်အပန်းဖြေပါ။ တကယ်လို့ စိတ်ဖိစီးမှုတွေကို တိုက်ထုတ်ချင်တယ်ဆိုရင်တော့ ခရီးထွက် ဖို့အကြံပေးပါရစေ။ တကယ်တော့ ငြိမ်းချမ်းမှုက သင့်ရဲ့စိတ်ထဲမှာ ရှိနှင့်နေပြီးသားပါ။ ဒါကို သင်ကရှာဖွေနိုင်ဖို့ပဲ လိုအပ်တာပါ။