ကိုယ့်ကိုယ်ကိုယ်ချစ်တာက ဒီနေ့ခေတ်မှာလူသိများလာတဲ့အယူအဆတခုဖြစ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် အနည်းငယ်တော့ ကွဲပြားပါလိမ့်မယ်။ မိမိကိုယ်ကိုချစ်တဲ့ ပုံစံကတစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။ တကယ်လို့ သင်ကကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့ စကြိုးစားနေတဲ့သူတယောက်ဆိုရင် အောက်ကအကြံပြုချက်လေးတွေ ကို ဖတ်ကြည့်သင့်ပါတယ်။
(၁) ကိုယ့်ကိုယ်ကိုချစ်ဖို့ ပုံမှန်လုပ်ရိုးလုပ်စဉ်တခုထားပါ
Source : Thrillophilia
ဥပမာ – တရက်ကို ၁၅ မိနစ်လောက် TV ၊ Social Media ကြည့်မယ့်အစား ရေနွေးနဲ့ရေချိုးတာ၊ အသား အရည်ထိန်းသိမ်းတာ၊ နှိပ်နယ်ပေးတာမျိုးတွေကို ပုံမှန်လုပ်လို့ပါတယ်။ သင့်ရဲ့တစ်ဘဝလုံးအသုံးပြုခွင့်ရတဲ့ တန်ဖိုးရှိတဲ့ သင့်ခန္ဓာကိုယ်ကိုကျေးဇူးတင်တာက သင့်ကိုယ်သင်ချစ်ဖို့အစပြုတဲ့ လုပ်ငန်းစဉ်တခုပါ။
(၂) သင့်အတွက်တန်ဖိုးရှိလှတဲ့ ပတ်ဝန်းကျင်တစ်ခုတည်ဆောက်ပါ
Source : Yahoo News Canada
ဘယ်လောက်ခက်ခဲတဲ့အရာပဲဖြစ်ဖြစ် လုပ်နိုင်တယ်ဆိုပေမယ့် အရာရာတိုင်းကိုတော့ တစ်ယောက်တည်းမလုပ်နိုင်ပါဘူး။ ဒါ့ကြောင့် စိတ်ခွန်အားပြည့်ဝပြီး မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိဖို့ သင့်ပတ်ဝန်းကျင်က သင့်မိသားစု၊ သူငယ်ချင်းတွေရဲ့ထောက်ပံ့ကူညီမှုကို လိုအပ်ပါတယ်။ ဒါ့ကြောင့် သင့်နားမှာသင်ချစ်ရတဲ့သူတွေရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို အမြဲထားရှိပါ။
(၃) သင့်မှာရှိထားတဲ့ အရာတွေကိုချရေးပါ
Source : Medium
မိမိကိုယ်ကိုအမှန်တကယ်ချစ်ခြင်းဆိုတာဟာ ကိုယ့်ကိုယ်ကိုလက်ခံခြင်းကလာပါတယ်။ သင်လုပ်သင့်တဲ့အချက်တချက်ကတော့ သင့်မှာရှိတဲ့သင်သဘောကျတဲ့ ဘယ်အရာကိုမဆိုချရေးပြီး အသိအမှတ်ပြုခြင်းပဲဖြစ်ပါတယ်။ သင့်ဘဝထဲကအရာတော်တော်များများကို သဘောကျတဲ့အခါ ကိုယ့်ကိုယ်ကိုချစ်တက်ဖို့ ပိုလွယ်ကူလာပါလိမ့်မယ်။
(၄) သင့်ကိုယ်သင် ဆိုရှယ်မီဒီယာပေါ်က တခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့
Source : Newsweek
ဖေ့စ်ဘုတ်ပေါ်က သင်မြင်နေရတဲ့ဘယ်အရာကိုမဆို အကြွင်းမဲ့မယုံလိုက်ပါနဲ့။ ဆိုရှယ်မီဒီယာအများစုမှာ တွေ့ မြင်နေရတာက လူတွေရဲ့သူတို့ဘဝရဲ့တစိတ်တပိုင်းလောက်ကိုပဲဖြစ်ပြီး ဓါတ်ပုံတစ်ပုံက ဘဝတခုလုံးကိုမဖော်ပြနိုင်ပါဘူး။ သင်သေချာမသိတဲ့လူတွေနဲ့ သင့်ကိုယ်သင်နှိုင်းယှဉ်ပြီး စိတ်အားငယ်စရာမလိုပါဘူး။
(၅) သင်တော်တဲ့ဝါသနာတခုခုလုပ်ပါ
Source : NearSay
Self-Esteem ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်လေးစားမှုရှိတာနဲ့ ကိုယ့်ကိုယ်ကိုချစ်တတ်တာက တစ်ခုနဲ့တစ်ခုဆက်စပ် နေပါတယ်။ Self-esteem ကို သင့်နှစ်သက်တဲ့ ဝါသနာတစ်ခုခုမှာ ရှာလို့ရပါတယ်။ သင်သဘောကျတဲ့ ဝါသနာ ရပ်တခုကိုလေ့လာနေတာ ဒါမှမဟုတ် လုပ်ဆောင်နေတဲ့အခါ ပျော်ရွှင်စေတဲ့ endorphins ဓါတ်ကို တိုးစေရုံသာမက သင့်ရဲ့ယုံကြည်မှုရှိတဲ့ပုံစံကိုပါထုတ်ဖော်ပြသပေးနိုင်ပါတယ်။