လုပ်ငန်းခွင်ထဲမှာ အိပ်ငိုက်တဲ့အဖြစ်မျိုးကို အလုပ်လုပ်ဖူးတဲ့ လူတိုင်းနီးပါး ခံစားဖူးကြမယ်ထင်ပါတယ်။ ဒါပေမယ့် လုပ်ငန်းခွင်ထဲမှာဆိုတော့ အိပ်လို့လည်းမဖြစ်ပြန်ပါဘူး။ အခန့်အမသင့်ရင် အလုပ်ပါ ပြုတ်သွားနိုင်ပါတယ်။ ဒီနေ့ kwee page က လုပ်ငန်းခွင်မှာ အိပ်ငိုက်မနေစေဖို့အတွက် နည်းလမ်းကောင်းလေးတွေ ပြောပြပေးသွားမှာပါ။

ညဘက်တွေ အိပ်ရေးဝဝအိပ်ပါ

Source: Healthline

တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေဖို့အတွက် ညအိပ်ချိန် လုံလုံလောက်လောက်ရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အိပ်ခါနီး အစာစားတာ၊ တီဗီကြည့်တာ၊ ဖုန်းသုံးတာမျိုး၊ ဆေးလိပ်၊ အရက်သောက်တာ၊ ရေအများကြီးသောက်တာမျိုး တတ်နိုင်သလောက် ရှောင်ပါ။

သီချင်းနားထောင်ပေးပါ

Source: FirstCry Parenting

အလုပ်ထဲမှာ အိပ်ငိုက်လာပြီဆိုတာနဲ့ စိတ်ကိုရွှင်လန်းတက်ကြွစေမယ့် သီးချင်းလေးတွေ နား‌ထောင်ပေးပါ။ လုပ်ငန်းခွင်မှာ ဖြစ်တာကြောင့် နားကြပ်တပ်ပြီး နားထောင်ပေးပါ။

လှုပ်လှုပ်ရှားရှားနေပေးပါ

Source: ST.Elizabeth-Healthcare

စားပွဲခုံမှာ မနက်ကနေ ညအထိ ထိုင်ပြီး အလုပ်လုပ်နေရတဲ့အခါ ပုထုဇဉ်လူသားတိုင်း ငိုက်တတ်တာ သဘာဝပါပဲ။ ဒါကြောင့် ဟိုနားဒီနား လမ်းထလျှောက်တာ၊ အကြောဆန့်တာ၊ ရေထသောက်တာ၊ ဆီးသွားတာမျိုး လုပ်ပေးပါ။ တစ်နာရီ တစ်ခါလောက် လှုပ်လှုပ်ရှားရှား နေပေးပါ။
ရေများများသောက်ပေးပါ

Source: Waterlogic

ဘယ်လောက်ပဲ အလုပ်များများ ကိုယ်ခန္ဓာက ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်တယ်ဆိုတာ သတိရပေးပါ။ တစ်နေ့ကို ရေအလုံအလောက် သောက်ပေးတဲ့အခါ ကိုယ်ခန္ဓာအတွက် ရေဓာတ်ဖြည့်တင်းပေးသလို ထိုင်ရာမှ ခဏထပြီး ဆီးသွားစေဖို့လည်း ကူညီပေးနိုင်ပါတယ်။

အဆာပြေမုန့် ဆောင်ထားပါ

Source: Hello magazine

အလုပ်လုပ်နေရင်း မုန့်လေးတစ်ခုခု စားပေးတဲ့အခါ ငိုက်နေတဲ့ စိတ်ကို ဖြေဖျောက်ပေးနိုင်ပြီး အာရုံကို လွှဲပေးနိုင်ပါတယ်။ သကြား၊ ဆား များတဲ့ မုန့်ပဲသရေစာတွေ အစား သစ်သီးဝလံ၊ အစေ့အဆန်မျိုးတွေ များများစားပေးပါ။