လူတိုင်းနီးပါးမှာ ရည်မှန်းချက်ကိုယ်စီ ရှိကြပါတယ်။ ကိုယ့်ရဲ့ရည်မှန်းချက်ကိုလည်း အောင်မြင်အောင် အကောင်အထည်ဖော်ချင်ကြပါတယ်။ တစ်ချို့တွေက အောင် မြင်သွားကြပြီး တစ်ချို့တွေကတော့ ဘာမှမလုပ်ဘဲ နေနေကြတဲ့လူတွေလည်း ရှိပါတယ်။ ပြီးတော့ အကောင်အထည်ဖော်ဖို့ ကြိုးစားရင်း ကျရှုံးသွားတဲ့လူတွေလည်း အများကြီးပါ။ ဒီလို အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ကျရှုံးရတဲ့ အဓိကအကြောင်းအရင်းတွေကို kwee page ကပြောပြပေးသွားမှာပါ။

နေ့ချင်းညချင်း အောင်မြင်မယ်လို့ ယုံကြည်နေတာ

Source :Kiplinger

တစ်ချို့ရုပ်ရှင်တွေ စာအုပ်တွေထဲမှာ အဓိဇာက်ကောင်တွေက အကြံကောင်းတစ်ခုရပြီး ချက်ခြင်းအကောင်အထည်ဖော်ပြီး ခဏတာအတွင်း ကြီးပွားချမ်းသာသွားတာတွေကို တွေ့မြင်နိုင်ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ဒီလိုအဖြစ်မျိုးတွေက အင်မတန်ရှားပါးပါတယ်။ ဟယ်ရီပေါ်တာ စာအုပ်တွေကြောင့် အောင်မြင်တဲ့ စာရေးဆရာမ J.K Rowling ဟာ အရင်တုန်းက သူရေးတဲ့ စာအုပ်တွေထုတ်ဝေဖို့အတွက် အကြိမ်များစွာ ငြင်းဆန်ခံခဲ့ရဖူးပါတယ်။ ဒီလိုပဲ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တော်တော်များများဟာ အခက်အခဲတွေ များစွာကို ကျော်ဖြတ်ခဲ့ရတာချည်းပါပဲ။ အောင်မြင်မှုရဖို့အတွက် အချိန်ယူရပါတယ်။

တခြားလူဆီမှာ သင့်အတွက်အဖြေရှိမယ်လို့ ယုံကြည်နေတာ

Source: Monster Jobs

နောက်တစ်ချက်ကတော့ တခြားလူတွေဆီမှာ သင့်အတွက် အဖြေတစ်ခုရှိနေမယ်ဆိုတာကို ယုံကြည်ထားခြင်းပါပဲ။ လူတိုင်းဆီမှာ ကိုယ့်ပြသာနာနဲ့ကိုယ် ရှိကြတယ်။ သင့်အတွက် အချိန်ပြည့် အမြဲတမ်းရှိမနေနိုင်ပါဘူး။ ဒါ့ကြောင့် ကြုံလာမယ့်ပြဿနာတိုင်းအတွက် ကိုယ်တိုင် ဖြေရှင်းနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

တခြားလူတွေကို အပြစ်တင်တာ

Source: The Business Journals

ပြဿနာတခုခုဖြစ်တိုင်း တခြားလူတွေကိုပဲ အပြစ်တင်နေတာက အဖြေမဟုတ်ပါဘူး။ အတူတူ ပူပေါင်းပြီး ပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေဖော်ထုတ်ကာ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို အဖြေရှာခြင်းကသာ အပေါင်းလက္ခဏာဆောင်တဲ့ အကျိုးရလဒ်ကို ရရှိမှာပါ။ တခြားသူအပြစ်ပဲလို့ ပုံသေတွက်ဆပြီး ဖြစ်ခဲ့တဲ့ ကိစ္စအပေါ်မှာ သင်ခန်းစာယူချင်စိတ်လည်း မရှိ၊ ပိုကောင်းအောင် ဂရုစိုက်ပြီး ပြန်လည် ကြိုးစားဖို့ တက်ကြွမှုလည်း မရှိရင်တော့ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေနဲ့ တဖြည်းဖြည်းဝေးကွာသွားမှာပါ။