မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလေဂန်နာဆိုးလ်ရှားဟာ အိုးထရက်ဖို့ဒ်မှာ သောမတ်စ်မူလာလက်သစ်ကို ပိုင်ဆိုင်ထားတယ်လို့ အိုဝင်ဟားဂရေ့ဗ်က ပြောကြားခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်း အိုဝင်ဟားဂရေ့ဗ်က ယူနိုက်တက်ရဲ့ ပေါင် ၃၅ သန်းတန် နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ဗန်ဒီဘိခ်ကို ချီးကျူးပြောဆိုခဲ့တာဖြစ်ပြီး ဂျာမနီကြယ်ပွင့်တိုက်စစ်မှူး သောမတ်စ်မူလာနဲ့ နှိုင်းယှဉ်ခဲ့တာဖြစ်ပါတယ်။ ဗန်ဒီဘိခ်ဟာ မန်ချက်စတာယူနိုက်တက်အတွက် ဗုဒ္ဓဟူးနေ့ည ချန်ပီယံလိဂ်ပွဲစဉ်မှာ ရှားရှားပါးပါး ပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က လိုက်ပ်ဇစ်ကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

Photo: mirror

ဟားဂရေ့ဗ်ဟာ ဒတ်ချ်ကွင်းလယ်ကစားသမားဆီကနေ မြင်တွေ့ခဲ့ရတဲ့အရာတွေကြောင့် အထင်ကြီးခဲ့ရပြီး ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဘရူနိုဖာနန်ဒက်စ်နဲ့ ပေါ့ဂ်ဘာတို့ရဲ့ နောက်မှာသာ ကစားခဲ့ရတာဖြစ်ပါတယ်။ အိုဝင်ဟားဂရေ့ဗ်က ဗန်ဒီဘိခ်ဟာ ဆိုးလ်ရှားရဲ့အသင်းမှာ အမြဲတမ်းပွဲထွက်ကစားသမားဖြစ်လာဖို့ သိပ်မလိုတော့ဘူးလို့ အခိုင်အမာပြောကြားခဲ့ပြီး ဘိုင်ယန်မြူးနစ်ကြယ်ပွင့် သောမတ်စ်မူလာကိုတောင် အမှတ်ရစေတယ်လို့ ချီးကျူးပြောဆိုခဲ့တာဖြစပါတယ်။

“သူက တကယ်ကိုကောင်းတဲ့ကစားသမားလို့ ကျွန်တော်ထင်တယ်။ သူ အဲဒါကို ပြသဖို့ အခွင့်အရေးမရခဲ့တာပါ။ သူက ဘိုင်ယန်မြူးနစ်အတွက် သောမတ်စ်မူလာလိုမျိုး ကစားသမားဖြစ်လာနိုင်ပါတယ်။ ကစားဟန်ပေါ့”

“အားလုံးက သောမတ်စ်မူလာကို အသင်းရဲ့အပြင်ဘက်ကို ရောက်အောင် ကြိုးပမ်းကြတယ်။ ဒါပေမယ့် သူ ဝင်လာရင်တော့ ခင်ဗျား သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး အခက်ကြုံရမှာမဟုတ်ပါဘူး။ သူက အရမ်း တကိုယ်ကောင်းမဆန်တဲ့ကစားသမားပါ။ သူ ဘောလုံးပိုင်ဆိုင်မှုကို ရယူနိုင်တယ်။ သူ ကွင်းလယ် ၃ နေရာမှာ အလုပ်လုပ်နိုင်တယ်။ သူ ကျောနံပါတ် ၈ ဒါမှမဟုတ် ၁၀ အဖြစ်လည်း ကစားနိုင်တယ်”

Photo: utdreport

“ဗန်ဒီဘိခ်ကလည်း အဲဒီလိုကစားသမားတွေထဲက တစ်ယောက်ပါ။ သူ အသင်းထဲမှာ ပါဝင်ခွင့်ရတဲ့အခါမှာ အိုလေက သူ့ကို လူစားလဲဖို့အတွက် အကြောင်းအရင်းရှာရခက်သွားရော”

“ခင်ဗျားမှာ ပြဿနာရှိတာက ပေါင်သန်း ၁၀၀ တန် ပေါ့ဂ်ဘာ၊ ဘရူနိုဖာနန်ဒက်စ် ရှိနေတာပဲ။ သူတို့အားလုံးကို တစ်သင်းထဲမှာ တိုက်စစ် ၃ ဦးနဲ့အတူ ထည့်လိုက်ရင် သူတို့တွေ အိုလေအတွက် စိန်ခေါ်မှုဖြစ်လာတော့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။